Channel Myanmar

Sitaram Panchal

Saheb Biwi Aur Gangster Returns (2013) 6.7
Saheb Biwi Aur Gangster Returns (2013) Saheb Biwi Aur Gangster Returns (2013) IMDb - 6.7 /10ဒီတစ်ခေါက်တင်ဆက်ပေးမှာကတော့ မင်းသားကြီးအီဖန်ခန်းဦးဆောင်သရုပ်ဆောင်ထားတဲ့ ဘယ်သူဗီလိန် ဘယ်သူဇာတ်လိုက်မှန်းမသိနိုင်တဲ့ ရှူပ်ထွေးလှတဲ့လောကကြီးရဲ့ အကြောင်းကို ဇာတ်ခုံပေါ်တင်ဆက်ထားတဲ့အတိုင်း မြင်နိုင်စေမယ့်Drama Romanceကားကောင်းလေး တစ်ကားဖြစ်ပါတယ်မျိုးဆက်နဲ့ချီရှိခဲ့ကြတဲ့ အင်ဒီရာနဲ့ဆာဟစ်ဘ်တို့ရဲ့တိုက်ပွဲတစ်ခုဟာ အင်ဒီရာရဲ့ချစ်သူကိုဆာဟစ်ဘ်က ချစ်မိသွားတဲ့အချိန်မှ ပြန်စတင်လာခဲ့ပါတယ် ဆာဟစ်ဘ်ကိုချေမှုန်းနိုင်ဖို့ရာ ချစ်သူနှစ်ယောက်ကြိုးစားကြပေမဲ့ ကြားမှာဝင်မွှေလာတဲ့လူတွေကြောင့် သူတို့ရည်မှန်းချက်က အောင်မြင်လာပါ့မလားဘုရင်မျိုးဆက်သမိုင်းနဲ့ အချစ်ကြားကတိုက်ပွဲမှာ အလှည့်အပြောင်းတွေ ပူးပေါင်းကြံစည်မှုတွေ သစ္စာတရားတွေနဲ့ သေးမွှားတဲ့နားလည်မှုလွဲတာလေးက အစချီပြီး ဖြစ်ပျက်လာတဲ့ကိစ္စတွေကို လှည့်ကွက်ပေါင်းစုံနဲ့ တင်ဆက်ထားတဲ့ဒီကားက အခန်းတိုင်းမှာသင့်ကိုမမျှော်လင့်ထားတဲ့ ဇာတ်ကွက်တွေကိုယုတ္တိရှိစွာ ကြည့်ရှူ့စေမှာပါဒီဇာတ်ကားရဲ့အညွှန်းနဲ့ ဘာသာပြန်သူကတော့ Khin Khinဖြစ်ပါတယ်( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2.5GB / 941MB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 22m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by  Khin Khin
movie

Saheb Biwi Aur Gangster Returns (2013)

2013
Paan Singh Tomar (2012) 8.2
Paan Singh Tomar (2012) Paan Singh Tomar (2012) ============== IMDb Rating (8.2/10) / Rotten Tomatoes (89%)ဒီရုပ်ရှင်ကားကြီးကတော့ မင်းသားကြီးအီရ်ဖားန်ခန်း Irrfan Khan အကောင်းဆုံးအမျိုးသားဇာတ်ဆောင်ဆုရခဲ့ပြီး မင်းသားကြီးနဝါ့ဇ်နဲ့အခြားသရုပ်ဆောင်များစွာ ပါဝင်အားဖြည့်ထားတဲ့ အီရ်ဖားန်ခန်းရဲ့ အကောင်းဆုံးဇာတ်ကားတစ်ကားဖြစ်ပါတယ်။ တကယ်ရှိခဲ့တဲ့ ပန်းဆင်းဂ်တိုမရ်ဆိုတဲ့ အိန္ဒိယစစ်သား အားကစားသမား သူပုန်ကြီးတစ်ယောက်ရဲ့အတုပ္ပတ္တိကို အခြေခံရိုက်ကူးထားတဲ့ ဒီရုပ်ရှင်ဟာ ဘတ်ဂျတ်သန်းခုနစ်ဆယ်သာသုံးပြီးရိုက်ကူးခဲ့ပေမယ့် သန်းနှစ်ရာကျော်ပြန်ရခဲ့တဲ့ထိ အနုပညာအရရော စီးပွားရေးအရပါ အောင်မြင်ခဲ့ပါတယ်။ပန်းဆင်းဂ်တိုမရ်ဆိုတာ အိန္ဒိယစစ်သားတယောက်ပါ။ ၁၉၅၀ခုနှစ်နဲ့ ၁၉၆၀ခုနှစ်တွေကြားက အတားအဆီးဖြတ်ကျော် အပြေးပြိုင်ပွဲတွေမှာ ခုနစ်ကြိမ်တိုင်ချန်ပီယံဆုဆွတ်ခူးခဲ့သူပေါ့။ ၁၉၅၈ အာဆီယံဂိမ်းမှာ အိန္ဒိယကိုယ်စားပြုဝင်ရောက်ယှဉ်ပြိုင်ခဲ့ပေမဲ့ မိခင်နိုင်ငံက ထောက်ပံ့ပေးမှုအားနည်းတာရယ် လေ့ကျင့်တုန်းကပြိုင်ရတဲ့ဖိနပ်နဲ့ တကယ်တမ်းပြိုင်တော့စီးရတဲ့ဖိနပ်နဲ့မတူညီတာကြောင့်ဆုမရရှိခဲ့ပါဘူး။စစ်သားတစ်ယောက်အနေနဲ့ တာဝန်ထမ်းဆောင်ရင်း အသုံးမကျတဲ့အရာရှိက ပေးလာတဲ့အမိန့်ကိုတော့လက်မခံပါဘူးလို့ ဆိုဝံ့သူ။ သူထူးချွန်တဲ့ အားကစားနဲ့ နိုင်ငံ့ဂုဏ်ဆောင်ရင်း ရွှေတံဆိပ်ဆုတွေဆွတ်ခူးပေးခဲ့သူ။ သူဟာ ရှေ့တန်းထွက်ဖို့ အခွင့်အရေးဆုံးရှုံးတဲ့အခါ ရဲရဲတင်းတင်းပဲ သူထူးချွန်တဲ့ အားကစားကိုစွန့်လွှတ်ခဲ့ပေမယ့် သူ့ရဲ့ ဆန္ဒတွေ မပြည့်ဝခဲ့ပါဘူး။ဒီလိုနဲ့ အိန္ဒိယစစ်တပ်ကနေအငြိမ်းစားယူပြီး မိသားစုနဲ့အေးအေးချမ်းချမ်းတောင်ယာလုပ်ကိုင်ဖို့ ဆုံးဖြတ်ခဲ့ပေမဲ့ သူတို့ရွာမှာမြေယာအငြင်းပွားမှုကနေ ပိုင်ရာဆိုင်ရာလူတစ်စုက အားနည်းသူတွေကို တရားလက်လွတ် ခြေလွန်လက်လွန်လုပ်ဆောင်လာတဲ့အခါ... နိုင်ငံအတွက်ကျရာတာဝန်တွေကို ထမ်းဆောင်ပေးခဲ့ပေမယ့် ...
movie

Paan Singh Tomar (2012)

Slumdog Millionaire (2008) 8.0
Slumdog Millionaire (2008) ဗြိတိန်ဇာတ်ကားလေးတစ်ခုကို ပြန်လည်အသက်သွင်းချင်ပါတယ်။ ငွေကြေးအရရော၊ အနုပညာအရပါ အကြီးအကျယ် အမြတ်ရခဲ့တဲ့ လက်ရာကောင်းတစ်ခုပါ။ ရုပ်ရှင်ချစ်ပရိသတ်တိုင်း ကြည့်ဖူးပြီးသားမလို့ အညွှန်းကို မိတ်ဆက်အနေနဲ့ မရေးတော့ဘဲ ထဲထဲဝင်ဝင်ရေးချင်ပါတယ်။ မကြည့်ရသေးသူများကတော့ ဇာတ်လမ်းကို အရင်ကြည့်ဖို့ တိုက်တွန်းပါတယ်ခင်ဗျာ။ဇာတ်လမ်းအကျဉ်းက တစ်ကြောင်းနှစ်ကြောင်းလောက်ပဲရှိပါတယ်။ ဆင်းဆင်းရဲရဲကြီးပြင်းလာတဲ့ လူငယ်လေးတစ်ယောက်ဟာ ငယ်ငယ်ကဆုံခဲ့ပြီး သံယောစဉ်ဖြစ်ရတဲ့ မိန်းကလေးကို အစဉ်တစိုက်လိုက်ရှာရင်း မိန်းကလေးနဲ့ဆုံမယ့်အခွင့်အရေးရနိုင်မလားတွေးပြီး မိန်းကလေးကြိုက်နှစ်သက်တဲ့ တီဗီအစီအစဉ်မှာဝင်ပြိုင်ခဲ့တာပါ။ မေးခွန်းတိုင်းဟာ သူတွေ့ကြုံခဲ့ရတဲ့ အတွေ့အကြုံတွေဖြစ်လို့ ကောင်းမွန်စွာ ဖြေနိုင်တယ်ဆိုတဲ့အကြောင်းပေါ့။ သူလိုလူက ဖြေနိုင်နေလို့ မသမာလုပ်တယ် မသင်္ကာဖြစ်ခံရပြီး နောက်ဆုံးမေးခွန်းမရောက်ခင်မှာ ရဲစခန်းကိုဖမ်းခေါ်ပြီး စစ်မေးခံရတဲ့ ဇာတ်ကွက်နဲ့ ဇာတ်လမ်းကိုစပါတယ်။အိန္ဒိယမြေက ဇာတ်လမ်းလေးတစ်ပုဒ်ကို အသက်သွင်းထားတာဖြစ်ပြီး အိန္ဒိယသရုပ်ဆောင်များနဲ့ပဲ ရိုက်ကူးခဲ့တာမလို့ ဘောလိဝုဒ်နဲ့ မှားတတ်ကြပါတယ်။ ဗြိတိန်ဇာတ်ကားဖြစ်ပြီး စကားပြောများကို British Accent သံနဲ့ပဲ နားထောင်ရမှာပါ။ again ကို အဂိန်း (အနီးစပ်ဆုံး) လို့ကြားရပါလိမ့်မယ်။ အိန္ဒိယစာရေးဆရာရဲ့ ဝတ္ထုကိုပဲ ပြန်လည်ရိုက်ကူးထားတာပါ။၁၅ ...
movie

Slumdog Millionaire (2008)