Channel Myanmar

Skye Coyne

The Search for Secret Santa (2022) 5.7
The Search for Secret Santa (2022)   “လျှို့ဝှက်ဆန်တာရှာပုံတော်”ခရစ်စမတ်အားလပ်ရက်မှာ အလွတ်တန်းသတင်းထောက်မလေးဆိုဖီယာက တိုက်ခန်းတစ်ခန်းမှာငှါးနေဖြစ်ခဲ့ပါတယ်၊တနေ့ဆိုဖီယာဟာ ပစ္စည်းတွေကို စတိုခန်းထဲသွားထားရင်း အဲ့မှာ မဖောက်ရသေးတဲ့ခရစ်စမတ်လက်ဆောင်လေးကိုတွေ့လိုက်ရပါတယ်။ အက်ဘီဂေးလ်အတွက်လျှို့ဝှက်ဆန်တာကပေးထားတာလေးပါ။ဒါပေမဲ့လက်ဆောင်ကနှစ်ပေါင်းအတော်ကြာထိပိုင်ရှင်ဆီလည်းမရောက်သေးတော့သတင်းထောက်ပြီပြီစူးစမ်းရင်းဆောင်းပါးလေးပါရေးဖြစ်ပါတော့တယ်၊လက်ဆောင်ထဲမှာဘာတွေပါလဲ၊ လျို့ဝှက်ဆန်တာကဘယ်သူလဲ၊အက်ဘီဂေးလ်ဆိုတာဘယ်သူလဲ၊ ဘာလို့လက်ဆောင်ကဒီအတိုင်းရှိနေရသေးတာလဲစသဖြင့်မေးခွန်းတွေကိုအဖြေရှာသွားမှာဖြစ်ပါတယ်။ရှာပုံတော်ခရီးစဉ်ကိုပါဝင်အားဖြည့်ပေးတာတော့ရှေးဟောင်းပစ္စည်းတွေကိုစိတ်ဝင်စားတဲ့ဂျက်ဆင်ဖြစ်ပြီး နှစ်ဦးသားအဖြေရှာရင်းနှလုံးသားရေးရာအဆင့်တွေဘယ်လိုတက်သွားမလဲဆိုတာ ခရစ်စမတ်အငွေ့အသက်နဲ့ ရိုမန့်စ်ဆန်ဆန်ကြည့်ရမှာပါ။ File size…(1.6 GB)/(850 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:22:00 Genre...Mystery Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Mia
movie

The Search for Secret Santa (2022)

Love At First Lie (2023)
Love At First Lie (2023) Right Person ကို Dating app ကနေတဆင့် ရှာနေတဲ့ ထက်မြက်တဲ့အမျိုးသမီးလေး ကိတ်ဟာဆိုရင် ဝေါ်ကာဆိုတဲ့ လူချောလူခန့်နဲ့ တွေ့ကြပါတော့တယ်။ မောင်လူချောက ပိုက်ဆံတွေသုံးပြီး ကိတ်ကို အချိုတွေကျွေးတော့ ကိတ်လည်း တစ်လအကြာမှာ သူဖွင့်ပြောတော့ ချက်ချင်းပဲလက်ခံပြီးတော့ တွဲခဲ့ကြတာပေါ့။ မောင်လူချောအကြောင်းသိထားတာဆိုလို့ ရုပ်ချော ရေလျှံတဲ့ အနုပညာပစ္စည်းကုန်သည်ဆိုတာအပြင် ဘာမှမရှိတော့ အချစ်ဆုံးသူငယ်ချင်းကလည်း သိပ်မယုံနိုင်ဖြစ်နေတော့ ကိတ်ခမျာ ချစ်သူဘက်ကကာပြီး သူ့ကို ဘယ်လောက်ထိချစ်ကြောင်းတွေပြောရတော့တာပေါ့။ တစ်နေ့တော့ ဝေါ်ကာတစ်ယောက် လူဆိုးတွေအလိုက်ခံရာကနေစပြီး သူတို့ကြားမှာ မသင်္ကာစရာတွေဖြစ်လာတော့ ဝေါ်ကာအကြောင်းစုံစမ်းရင်းကနေ ချစ်သူကောင်လေးအကြောင်းသိပြီးတော့ သူတို့တွေဘယ်လိုဆက်ပြီးနှစ်ပါးသွားကြမလဲဆိုတာကို ဒီဇာတ်လမ်းမှာ ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ Love at First Lie ဆိုတဲ့ ဒီဇာတ်ကား‌လေးက IMDb 4.9/10 ရရှိထားတာမလို့ ပေါ့ပေါ့ပါးပါးကြည့်လို့ရမဲ့ ဇာတ်ကားလေးဖြစ်မှာပါခင်ဗျာ။ File size…(1.4 GB)/(620 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:27:00 Genre...Drama, Tv ...
movie

Love At First Lie (2023)