Channel Myanmar

Skye Lourie

God’s Petting You (2022)
God’s Petting You (2022) ဇာတ်လမ်းအစမှာတော့ ချာလီတယောက် စိတ်ကုထုံးဆရာ‌၀န်နဲ့ တိုင်ပင်စကားပြောနေတာကနေ စထားပါတယ်။ ချာလီက သူ့ဘ၀ဟာ ကူညီရေးစင်တာမှာ လိပ်ပြာပုံတူတက်တူးနဲ့ မိန်းမတယောက်နဲ့တွေ့ပြီး ဘယ်လိုဒစ်လည်သွားခဲ့တယ်ဆိုတဲ့အကြောင်းကို ပြောပြနေပါတယ်။ချာလီဟာ ဘိန်းဖြူစွဲနေတဲ့ ဆေးသမားတယောက်ပါ။ တနေ့ကျ ကူညီရေးစင်တာက အရက် မူးယစ်ဆေး အစရှိတဲ့အရာတွေကို စွဲလမ်းနေတဲ့သူတွေကို ကူညီပေးတဲ့ စကားဝိုင်းမှာ လိင်ကိစ္စကိုစွဲလမ်းနေတဲ့ မိန်းမတယောက်နဲ့တွေ့လိုက်ရပါတယ်။ဒီလိုနဲ့ ဘိန်စားချာလီတယောက် လိင်ကိစ္စစွဲလမ်းနေတဲ့မိန်းမကို စွဲလမ်းသွားပြီးနောက်ပိုင်းမှာတော့ သူတို့နှစ်ယောက်ဟာ ရာဇ၀တ်မှုတခုကို အတူကျူးလွန်ဖို့ တိုင်ပင်ကြပါတော့တယ်။ ဒီလိုနဲ့ သူတို့နှစ်ယောက် ဘယ်လိုအလွဲတွေတွေ့ရမလဲ နောက်ဆုံး ဘာတွေဖြစ်သွားမလဲ သူတို့နှစ်ယောက်ရဲ့ရာဇ၀င်က ဘာတွေလဲဆိုတာ ရယ်မောရင်း ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။(ဟိုဒင်းဟိုဟာအခန်းတွေနဲ့ ညစ်ညမ်းတဲ့အသုံးအနှုန်းတွေ တပုံကြီးပါ၀င်တာကြောင့် ၁၈နှစ်အောက်ကြည့်ဖို့ မသင့်ပါဘူး) File size…(1 GB)/(521 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Comedy, Crime, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

God’s Petting You (2022)

Farming(2019) 5.7
Farming(2019) Farming(2018)(unicode)ဒီဇာတ်ကားလေးကတော့ ပြည်တွင်းစစ်ပွဲများကြောင့် အင်္ဂလန်မှာ လာခိုလှုံနေသော လူမည်းမိဘ ၂ပါးဟာ မိမိတို့ကလေးအတွက် ကောင်းမွန်သော ဘဝတည်ဆောက်ပေးဖို့ အတွက် ကြိုးစားရာမှာ အောင်မြင်သလား မအောင်မြင်ဘူးလား ဆိုတာကို ပြသထားတာဖြစ်ပါတယ်။ လူမည်းကလေးငယ်က မိမိဘဝဖြစ်တည်မှုဖြစ်တဲ့ လူမည်းဘဝကို မကျေမနပ် ဖြစ်လာချိန်မှာ သူပေါင်းသင်းချင်သူတွေကော သူ့အတွက် ဘဝကို ဖျက်ဆီး မယ့် သူလား၊ ကိုယ့်ဘဝကို ပိုကောင်းအောင် လုပ်ပေးမှာလားဆိုတာ ပြသထားပါတယ်။ သူ့ကို ထိန်းကျောင်း နေသူတွေကလည်း သူ့ကို ပိုကောင်းစေချင်တဲ့ စေတနာနဲ့ ဖြစ်ပေမယ့် မှန်ကန်တဲ့နည်းလမ်းလား၊ မမှန်ကန် တဲ့နည်းလမ်းလားဆိုတာတွေ ရှုစားရမှာပါ။ အဆုံးသတ်မှာတော့ သူမကျေနပ်တဲ့ သူဖြစ်တည်မှုကြောင့် ဘယ်လိုကျရှုံးသွားမလဲ တစ်နည်းနည်းနဲ့များ အလှည့်အပြောင်းဘယ်လို ဖြစ်နိုင်သလဲဆိုတာ စောင့်ကြည့်လိုက်ကြပါအုံးခင်ဗျာ။ ဒီဇာတ်ကားမှာ ထူးခြား တာကတော့ under world ဇာတ်လမ်းများနဲ့ van helsing ဇာတ်လမ်းမှ လူသိများသူ ဖိုက်တာမင်းသမီး Kate ...
movie

Farming(2019)