Channel Myanmar

Sloane Wilson

Borderline (2023)
Borderline (2023)  2023 ရဲ့ Borderline ဆိုတဲ့ Budget ဇာတ်ကားသစ်လေးတစ်ကားကိုတင်ဆက်ပေးလိုက်ပါတယ်။အဖော်အချွတ်ခန်းတွေနဲ့ မူးယစ်ဆေးဝါးသုံးစွဲတဲ့အခန်းတွေအများကြီးပါတဲ့အတွက် ကလေးများကြည့်ရှုရန်မသင့်တော်ပါဘူး။ချာလီဆိုတဲ့ကောင်မလေးက မူးယစ်ဆေးစွဲနေပြီး မြန်မာကားတွေထဲမှာမြင်ရတဲ့အတိုင်း မိဘအိမ်မှာဆန်ကုန်မြေလေးလုပ်ပြီး အမေဖြစ်သူဆီကနေပိုက်ဆံတွေရှယ်တောင်းနေတဲ့ ပျက်စီးနေတဲ့ကောင်မလေးဖြစ်ပါတယ်။စိတ်ရောဂါလည်းရှိနေပြီး စိတ်နဲ့ပတ်သတ်တဲ့ဆေးတွေလည်း အများကြီးသောက်နေရပါတယ်။ဒီလိုနဲ့ တစ်နေ့မှာတော့ သူ့အမေအိမ်ကဆင်းချလာပြီးဇီးဆိုတဲ့ သူ့သူငယ်ချင်းဖြစ်သူနဲ့ အတူနေနေပါတော့တယ်။သူငယ်ချင်းတွေဆိုတော့လည်း ပုလင်းတူဘူးစွပ်တွေဖြစ်ပြီး ညတိုင်းဆေးတွေသုံးကာ သာယာနေခဲ့ပါတယ်။ဒါပေမယ့် ဇီးကတော့ချာလီလောက်မဆိုးပါဘူး။ချာလီက သူ့ရဲ့စိတ်ရောဂါအခြေအနေနဲ့မူးယစ်ဆေးတွေကြောင့် စိတ်ထင်ယောင်ထင်မှားတွေဖြစ်ပြီး တက်ခဲ့ရတဲ့ပြဿနာပေါင်းလည်းမနည်းတော့ပါဘူး။သူ့ရောဂါတွေကျွမ်းလာပြီး ပြဿနာတွေလဲတစ်စထက်တစ်စပိုများလာပြီးနောက်မှာ သူ့ဘဝကြီးကဘယ်လိုတွေဖြစ်လာမလည်းဆိုတော့စိတ်ဝင်တစားကြည့်ရှုသင့်တဲ့ဇာတ်ကားလေးတစ်ကားပဲဖြစ်ပါတယ်။ File size…1.70GB / 767MB Quality…WEB-DL 1080p / 720p Format…mp4 Duration….1h 40m Genre ….. Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Borderline (2023)