Channel Myanmar

Smiley

Once and for all / Odata Pentru Totdeauna (2022)
Once and for all / Odata Pentru Totdeauna (2022) "Once and for all" လို့အဓိပ္ပါယ်ရတဲ့ရိုမေးနီးယန်းဇာတ်ကား‌တစ်ကားဖြစ်ပြီးအရမ်းအောင်မြင်နေတဲ့ရုပ်ရှင်ဒါရိုက်တာတစ်ယောက်ရဲ့လူတွေမသိတဲ့အခြားတစ်ဖက်ကဘဝအကြောင်းကိုဇာတ်အိမ်တည်ရိုက်ကူးထားတာပါ အဲလက်စ်ဟာအပြင်ပန်းမှာတော့လူတိုင်းအားကျရလောက်အောင်အောင်မြင်ကျော်ကြားနေပေမဲ့တကယ်တမ်းသူ့ဘဝကတော့ထင်သလောက်မကောင်းခဲ့ပါဘူး ဂုဏ်သတင်းအပြင်ငွေတွေပါအများကြီးရှာနိုင်နေပေမဲ့စိတ်ကျရောဂါနဲ့စိတ်‌ခြောက်ခြားတာဟာသူ့ဘဝကြီးကိုတစ်စတစ်စတိုက်စားနေပါတော့တယ်အဲလက်စ်တစ်ယောက်ကုသလို့မရနိုင်တဲ့စိတ်ဝေဒနာကြောင့်စိတ်ဓာတ်တွေအောက်ဆုံးထိထိုးကျပြီးသူတစ်ယောက်ထဲထွက်သွားဖို့စီစဉ်ထားရာကနေ မမျှော်လင့်ထားတဲ့ဖြစ်ရပ်တွေကြောင့်မျှော်လင့်ချက်ရောင်ခြည်လေးသန်းလာပါတော့တယ် သူ့ဘဝမှာအရေးကြီးတာတွေကိုသတိရသွားတာကြောင့်သူ့ရဲ့စိတ်‌ဝေဒနာကိုဘာပဲလုပ်ရလုပ်ရကုသဖို့ဆုံးဖြတ်လိုက်တဲ့အဲလက်စ်တစ်ယောက် ကြုံတွေ့လာတဲ့ဖြစ်ရပ်တွေကိုကျော်လွှားနိုင်ပါ့မလား သူ့စိတ်ကပဲသူ့ကိုအနိုင်ယူသွားမလား ဆိုတာကိုကြည့်ရှုရမဲ့အပြင် စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီးမပေါ့ဆဖို့နဲ့ဘဝဟာလုံးဝအဆုံးသတ်မဟုတ်သေးဘူးဆိုတာကိုမီးမောင်းထိုးပြထားပြီးကြုံရင်ကြုံသလိုဟာသလေးတွေပါထည့်သွင်းရိုက်ကူးထားတာကိုတွေ့ရမှာပါ File size…(1.1 GB)/(679 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:31:00 Genre...Drama, Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Once and for all / Odata Pentru Totdeauna (2022)

Ramon (2023) 7
Ramon (2023) Ramon (2023)~ IMDb rating - 7/10 ~ရိုမေးနီးယားထုတ် ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး ရုပ်ရှင်ခေါင်းစဉ်အတိုင်း ရာမွန်ဆိုတဲ့ သူကို ဇာတ်အိမ်တည်ပြီး​တော့ ရိုက်ကူးထားတာပါ။ရာမွန်ဆိုတာကတော့ ရိုးသားကြိုးစားလှတဲ့ တောသားလေးပေါ့။ သူဟာ ငယ်ငယ်ကတည်းက အရမ်းကိုစိတ်ကောင်းရှိပြီး သူများတွေကို ကူညီတတ်တဲ့သူမျိုးပါ။ ဒါပေမဲ့ "စေတနာကနေ ဝေဒနာ" ဆိုသလို သူကတော့ ကူညီပေးလိုက်ပေမဲ့ သူများတွေအတွက်တော့ ဒုက္ခပေးသလို ဖြစ်ဖြစ်သွားတတ်ပါတယ်။ ဒီလိုနဲ့ပဲ တစ်နေ့တော့ သူဟာသူ့ ဖူးစာရှင်ကိုပိုးပန်းဖို့အတွက် ဘူခါရက်စ်ကို ရှာပုံတော် ထွက်သွားပါတော့တယ်။ဘူခါရက်စ်မှာ ရာမွန်တစ်ယောက် ဘယ်လိုဒုက္ခမျိုးစုံနဲ့ ကြုံတွေ့ရဦးမလဲ၊ ဘယ်သူတွေကို ကူညီသွားဦးမှာလဲဆိုတာကို ရယ်မောဖွယ် ကြည့်ရှုရမှာပဲဖြစ်ပါတယ်။ IMDB မှာ 7/10 အထိရရှိထားပြီးတော့ ဇာတ်လမ်းကလည်း အရမ်းကြီး Serious မဖြစ်သလို အရမ်းလည်းပေါတောနေတာ မဟုတ်တဲ့အတွက် စိတ်အပန်းဖြေချင်သူများအတွက် အသင့်တော်ဆုံးဇာတ်ကားပဲဖြစ်ပါတယ်။(ဒီဇာတ်ကားနဲ့အညွှန်းကို Mark မှ ပြန်ဆို ရေးသားထားပါတယ်)Size - ...
movie

Ramon (2023)

2023