Channel Myanmar

Sō Yamanaka

Mad Cats (2023) 5.3
Mad Cats (2023)  ဒီဇာတ်လမ်းလေးကတော့ ပေါ့ပေါ့ပါးပါးကြည့်ရှုလို့ရမယ့်ဂျပန်အက်ရှင်ဟာသကားလေးပါ။ဇာတ်လမ်းအကျဥ်းလေးကတော့...တာကာဆိုသူဟာ ဘဝမှာဘာကိုမှမည်မည်ရရမလုပ်ဆောင်တတ်ဘဲဖြစ်ရင်ဖြစ်သလို ဆန်ကုန်မြေလေးတတ်သူပါ...။ဘာမှသိပ်ထူးထူးခြားခြားမရှိတဲ့သူ့ဘဝထဲကို တစ်နေ့မှာတော့တိတ်ခွေတစ်ခွေရောက်ရှိလာပါတယ်...။တိတ်ခွေထဲမှာတော့ အမျိုးသမီးတစ်ယောက်အသံနဲ့ သူ့အစ်ကိုကိုဖမ်းခေါ်ထားကြောင်း၊ ဘယ်နားမှာသွားကယ်ရမည်ဖြစ်ကြောင်း၊ကယ်ဖို့အတွက်ဘာတွေလုပ်ရမယ်ဆိုကြောင်း စတာတွေပါရှိပါတယ်။ဒီလိုနဲ့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိတဲ့ တာကာဟာ သူ့အစ်ကိုကိုကယ်ဖို့ဆိုပြီး ခရီးကြမ်းထွက်ခဲ့လိုက်ပါတော့တယ်...။ဘယ်လို အန္တရာယ်တွေကြုံတွေ့ရမလဲ၊ ဘယ်လိုကြောင်တွေနဲ့ရင်ဆိုင်တိုက်ခိုက်ရမလဲဆိုတာတော့ ဇာတ်လမ်းထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…1.40 GB / 574 MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 28m Genre ….. Action Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

Mad Cats (2023)

FUNNY BUNNY (2021) 6.1
FUNNY BUNNY (2021) FUNNY BUNNY ( 2021 )စာရေးဆရာတစ်ယောက်နဲ့ သူ့သူငယ်ချင်းတွေဟာ သေသွားတဲ့လူတစ်ချို့နဲ့ပတ်သက်တဲ့ ကြွင်းကျန်ရစ်တဲ့ကိစ္စတွေ ကျန်ရစ်သူတို့ရဲ့ အပြစ်ရှိစိတ်တွေကိုဖြေဖျောက်ပေးဖို့ ကိစ္စတွေကို လုပ်ပေးတဲ့ ဇာတ်လမ်းပါ။ ဇာတ်လမ်းလေးက နည်းနည်းထူးခြားသလို သူ့ တင်ဆက်ပုံကလည်း ထူးခြားပါတယ်။မလိုအပ်ဘဲ ယုန်ခေါင်းစွပ်အကြီးကြီးကိုစွပ်ပြီး စာကြည့်တိုက်ထဲခိုးဝင်တာတို့ အသံလွှင့်ရုံထဲခိုးဝင်တာတို့ ဘာတို့ပေါ့။ နာမည်နဲ့လိုက်တဲ့ ဖန်နီဘန်နီခေါင်းစွပ်ကြီးစွပ်ပြီး လူတွေကို ကူညီဖို့ ကြိုးစားကြတဲ့ သူငယ်ချင်းတစ်အုပ်ရဲ့ဇာတ်လမ်းလို့ပြောလို့ရပါတယ်။ဘဝမှာကြုံရတဲ့ အပြစ်ရှိစိတ်တွေ မမေ့နိုင်တဲ့ကိစ္စတွေကို‌ မေ့ပစ်ဖို့ ကျန်ရစ်သူတွေကို သင်ပေးဖို့ ကြိုးစားတဲ့ သူငယ်ချင်းတစ်အုပ်ရဲ့အကြောင်းကို ကြည့်ရမှာပါ။ ဇာတ်လမ်းဆန်းဆန်းလေးကြည့်ချင်ရင် ကြည့်သင့်တဲ့ရုပ်ရှင်ပါပဲ။File Size__(2.1GB) / (950MB) Quality__Bluray_1080p, 720p IMDb Rating__6.1/10 Format__mp4 Duration__01:43:00 Type__Mystery Subtitle__Myanmar Subtitle (Hardsub) Translated by L Encoded by Naing Aung Latt
movie

FUNNY BUNNY (2021)