Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Son Byung-ho
7.0
Brothers in Heaven(2017)
Brothers in Heaven(2017)*********************** ဒီတစ်ခါတော့ Perfect Marriage Revenge ထဲက ဆောဒိုဂု (Sung Hoon)ရဲ့ဇာတ်ကားဟောင်းတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ထယ်ဂျူနဲ့ ထယ်ဆောင်းတို့ဟာ အမြွှာညီအစ်ကိုတွေဆိုပေမဲ့ စရိုက်ကတော့ မိုးနဲ့မြေလို ကွာခြားကြပါတယ်။ဒုစရိုက်သမားဖြစ်ဖို့ ကံပါလာတဲ့ ထယ်ဆောင်းနဲ့ ထက်မြက်တဲ့ စုံထောက်ဖြစ်လာသူ ထယ်ဂျူတို့ဟာ ကွဲကွာပြီး နှစ်နှစ်ဆယ်အကြာမှာပြန်လည်ဆုံတွေ့ဖို့ဖြစ်လာပေမဲ့ ကောင်းသော တွေ့ဆုံခြင်း မဟုတ်ခဲ့ပါဘူး။လျှောက်လမ်းတဲ့ လမ်းကြောင်းချင်း မတူညီတဲ့ ညီအစ်ကို နှစ်ယောက်ဟာအကြောင်းကိစ္စတစ်ခုကြောင့် ထိပ်တိုက်ဆုံတွေ့ဖို့ ဖြစ်လာတဲ့အချိန်မှာဘာတွေ ဆက်ဖြစ်ကြမလဲဆိုတာကိုတော့၂၀၁၇ ခုနှစ်က ထွက်ရှိခဲ့တဲ့ Brothers in Heaven ဇာတ်ကားထဲမှာ ကြည့်ရှူခံစားနိုင်ပါပြီ။ File Size :1.7GB, 700MB Quality : WEB-DL1080p,720p Format…mp4 Duration…01:54:00 Genre : Action,Crime Subtitle : Myanmar Subtitle (Hard Sub) Translated by Treasure Htet Encoded by Phyo Pyae
movie
Brothers in Heaven(2017)
7.0
Miss Fortune(2023)
Miss Fortune(2023)******************ဂျီဟဲဆိုသောအမျိုးသမီးဟာ လက်နှိပ်စက်ခေတ်ကတည်းက နာမည်ကြီးပစ္စည်းတွေပတ်ခိုးလာတဲ့ နာမည်ကျော် သူခိုးတစ်ယောက်ပါ...သို့သော် မျက်မှောက်ခေတ်တိုးတက်လာတဲ့နည်းပညာတွေ ကြောင့်မြင့်မားတဲ့ လုံခြုံရေးစနစ်တွေကြောင့် ခိုးရပြုရတာ အရင်လိုမလွယ်ကူတော့...သူ့အနေနဲ့ ဒီဘက်ခေတ်နည်းစနစ်တွေကို အမှီလိုက်ဖို့ကလည်း အတော်ခက်..ဒါ့ကြောင့် သူခိုးတဲ့အချိန်မှာ အထောက်အကူဖြစ်စေဖို့ သမီးဖြစ်သူကိုဆွဲခေါ်လေ့ရှိတယ်... သမီးဖြစ်သူကလည်း ထက်မြက်တဲ့သူဆိုတော့သော့တွေလုံခြုံရေးစနစ်တွေCCTVတွေနဲ့ အခြား Hackingပိုင်းတွေမှာပါကူညီပေးလေ့ရှိတယ်..ဒါပေမဲ့ ဂျီဟဲက သမီးဖြစ်သူကိုလည်း ဒီလောကကြီးထဲမှာသူ့လို မရပ်တည်စေချင်ဘူး..ဒါ့ကြောင့် နောက်ဆုံးပိတ်အနေနဲ့ ၆၀ဘီလျံတန်ဘိုးရှိတဲ့ပစ္စည်းတစ်ခုက ခိုးယူပြီး စောရလောကကနေ အပြီးတိုင်နားဖို့ အချီကြီးကြံပါတော့တယ်..သို့သော် သူမ ထင်ထားသလို မလွယ်ကူတဲ့အခါမှာတော့...နာမည်ကြီးသရုပ်ဆောင်များစွာပါဝင်ထားတာမို့ ကြည့်ကြပါကုန်...File size… 2.2GB/814MB Quality…WEB-DL 1080p / 720p Format…mp4 Duration….2hr 03min Genre …..Drama, Comedy Subtitle….Myanmar Subtitle (Hard Sub) Encoder…. Phyo Pyae Translated by Tiff Miri, Treasure Hnin & Stary
movie
Miss Fortune(2023)
7.4
Going by the Book (2007)
Going by the Book (2007) ************************* အကောင်းဆုံးထဲမပါပေမယ့် ၂ မိနစ်ခြားတစ်ခါ ရယ်ပြီး တစ်ကြိမ်ကို ၅၈ စက္ကန့် လောက်ရယ်ရစေမယ် ဒီကားကြည့်နေရင်း စင်ကာပူကိုကျော်မည်နှင့် ထူးဆန်းသော မြေအောက်မြို့တော်ကြီး ဇာတ် လမ်းလိုခွီကနဲ ခွီကနဲ ဖြစ်သွားစေမယ့် ကားပါ။ "- လက်ဝှေ့ချန်ပီယံနဲ့ ဝူရှုးချန်ပီယံ ဖိုက်ရင် ဘယ်သူနိုင်မလဲ " ဒီကားကို ၂၀၀၇ ခုနှစ် အောက်တိုဘာမှစပြသခဲ့ပြီး တစ်ကားလုံးကို ၁၀၂ မိနစ်ကြာမြင့်ပါတယ်။ IMDb Rating 7.4 ၊ AsianWiKi 93 ရရှိထားပါတယ်။ CJ Entertatinment ကထုတ်လုပ်ထားပြီး ကိုရီးယား ဘာသာစကားပြောရုပ်ရှင်ဖြစ်ပါတယ်။ Box office မှာ ကန်ဒေါ်လာ ၁၄ သန်းကျော်ရရှိခဲ့ပါတယ်။ ဒီကားစတင်ပြသတဲ့ အပတ်မှာ ဝင်ငွေအကောင်းဆုံး ကားအဖြစ်ရပ်တည်ခဲ့ပါတယ်။ ဒီကားမှာ ဆုတွေရထားတာတော့မတွေ့ရှိပါဘူး။ ဒီဇာတ်လမ်း ရဲ့ script က တော်တော်လေးကောင်းပါတယ်။ script ကောင်းလို့ ကြည့်ရတာ ပိုပြီးအရသာရှိသွားတာပါ။ sex အသားပေးဟာသ ၊ လူငယ်တွေဘဲနားလည်နိုင်တဲ့ ဟာသ၊ စူပါဟီးရိုးတွေ ကို သောက်တစ်လွဲပြန်ရိုက်ထားတဲ့ ဟာသ အချစ်ဟာသ ဒီလိုဟာသတွေနဲ့ ...
movie
Going by the Book (2007)
2007
7.0
The Magician(2015)
The Magician(2015)****************** The magician ဆိုတဲ့ ၂၀၁၅ ခုနှစ်မှာထွက်ရှိခဲ့တဲ့ romance, fantasy ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါရစေ။Yoo Seung Ho နဲ့ Go Ara တို့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းလေးကတော့ ဂျိုဆွန်းပြည်ဟာ တရုတ်ပြည်ကိုစစ်ရှုံးပြီးနောက်ဂျိုဆွန်းပြည်ရဲ့တော်ဝင်မင်းသမီးကို တရုတ်ပြည်ကိုဆက်သဖို့ဖြစ်လာပါတယ်။ဂျိုဆွန်းဘုရင်ဟာ သူ့သမီးအရင်းကိုမဆက်သလိုတာကြောင့် ဆွေတော်မျိုးတော်ထဲကသမီးတစ်ယောက်ကို ဝယ်ယူပြီး မွေးစားခဲ့ပါတယ်။တရုတ်ပြည်ကိုကြင်ယာတော်ဆက်သဖို့သွားကြတဲ့အခါ လမ်းမှာရာသီဥတုဆိုးရွားတာကြောင့်ဧည့်ဂေဟာတစ်ခုမှာတည်းဖို့ဖြစ်လာပြီး ဧည့်ဂေဟာကအရမ်းနာမည်ကြီးတဲ့မျက်လှည့်ဆရာဟွမ်ဟီးနဲ့ မင်းသမီးတို့တွေ့ဆုံကြပါတော့တယ်။အဲ့ဒီနောက်မှာတော့...............File Size :(2.4GB)(892MB) and (306MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Fantasy,Romance , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie
The Magician(2015)
Scent of a Ghost (2019)
Scent Of a Ghost (2019)ဒီတစ်ခေါက်တင်ဆက်ပေးချင်တာကတော့ ၂၀၁၉ တုန်းက ထွက်ရှိထားတဲ့ Comedy Horror ရုပ်ရှင်လေးပဲဖြစ်ပါတယ် Horror ဆိုပေမယ့် ကြောက်စရာကောင်းတာထက် ကရုဏာသက်စရာ အချစ်ဇာတ်လမ်းလေးနဲ့ ရောယှက်နေတဲ့ကားလေးပါဂျီယွန်းဆိုတဲ့ကောင်မလေးကတော့ ဂီတမေဂျာယူထားတဲ့ ခပ်လှလှတက္ကသိုလ်ကျောင်းသူလေးပါ။ ဒုံဆော့ဆိုတဲ့ကောင်လေးနဲ ချစ်သူတွေဖြစ်ခဲ့ပေမယ့်ဒုံဆော့ရဲ့မိဘတွေက ဒုံဆော့ကို နိုင်ငံခြားပညာတော်သင်လွှတ်ချင်နေကြတာမို့ ဂျီယွန်းနဲ့တွဲနေတာကို သိပ်မကြည်ဖြူခဲ့ကြပါဘူးဒါပေမဲ့ ဒုံဆောက ၆ လအကြာမှာ ပြန်လာမယ်လို့ သူ့ချစ်သူလေးကို ကတိပေးထားခဲ့ပါတယ် တစ်နေ့မှာတော့ နိုင်ငံခြားမသွားခင်တစ်ရက်အလိုမှာ ဒုံဆော့ကဂျီယွန်းဆီကို လက်ထပ်ခွင့်တောင်းဖို့သွားပေမယ့် ဂျီယွန်းက ရှိမနေခဲ့ပါဘူး မကြာခင်အချိန်အတောအတွင်းမှာပဲ ဂျီယွန်းနေထိုင်တဲ့အဆောက်အဦးဟောင်းကြီးရဲ့ အခန်း ၄၀၂ ဆိုတဲ့အခန်းမှာကောလဟာလတစ်ခုထွက်ပေါ်လာပါတော့တယ်အဲဒီကောလဟာလကဝောာ့ အဲဒီတိုက်ခန်း အခန်း ၄၀၂ မှာ သရဲခြောက်တယ်ဆိုတဲ့ သတင်းပါပဲ သရဲမလေး ဂင်ဂျီယွန်း တိုက်ခန်းက မခွာနိုင် ဖြစ်နေရတဲ့ အကြောင်းအရင်းကဘာလဲ .. ဒုံဆော့ကရော ဘာလို့ ၆ လအကြာမှာ ပြန်မလာနိုင်ခဲ့တာလဲ အခန်း ၄၀၂ က မခွာနိုင်တဲ့သရဲမလေးနဲ့ အတူ စိတ်ဝင်စားစရာအဖြစ်အပျက်တွေကို ပေါ့ပေါ့ပါးပါးကြည့်ရှုနိုင်ဖို့ တင်ဆက်ပေးလိုက်ရပါတယ်ရှင်အညွှန်း နဲ့ ဘာသာပြန်ကတော့ Shin ...
movie
Scent of a Ghost (2019)
2019
6.1
[18+] Empire of Lust (2015)
Empire of Lust ( 2015 )Uncut Version ဖြစ်ပြီး ဆင်ဆာဖြတ်ထားတဲ့ Scene တွေကို ပြန်ထည့်ပေးထားတာမလို့ BluRay Version ထဲမှာ Scene အစုံဆုံး Version ဖြစ်ပါတယ်။ ------------------- Empire of Lust ဟာ softcore ကားလို့ပြောလို့ရတဲ့အထိ လိင်မှုခန်းတော်တော်များပြီး အင်္ဂါတွေကလွဲလို့ တော်တော်ကြီး သေချာကိုပြထားတာပါ။ သို့ပေမဲ့လည်း ဒီရုပ်ရှင်ဟာ သာမန် 18+ကားသက်သက်ဆိုတာထက်တော့ အများကြီးပိုပါတယ်။ castတွေကတော့ တော်လည်းတော် နာမည်လည်းကြီးတဲ့ သူတွေပါ။ ဒီရုပ်ရှင်ရဲ့ကောင်းကွက်ထဲ castတွေ သရုပ်ဆောင်ကောင်းတာကလည်း အဓိကပါပဲ။Shin Ha-kyun - သူ့ကိုတော့ တောင်ကိုရီးယားက ထိပ်ဆုံးဆရာတွေထဲက တစ်ပါးဖြစ်တဲ့ ပတ်ချန်းဝုရဲ့ ရုပ်ရှင်အများစုမှာ လူအများစုရင်းနှီးပြီးသားဖြစ်မှာပါ။ ဆောင်းကန်ဟိုတို့ အီဗြောင်ဟွန်းတို့လို လူတွေနဲ့ ရင်ဘောင်တန်းသရုပ်ဆောင်နိုင်လောက်အောင် သရုပ်ဆောင်ကောင်းတဲ့သူပါပဲ။ စီးရီးအနေနဲ့ဆိုလည်း မနှစ်က သူရိုက်ထားတဲ့ beyond evilဟာ ...
movie
[18+] Empire of Lust (2015)
2015
7.5
Failan (2001)
Failan (2001)~ IMDb - 7.5/10, RT - 86%, MyDramaList - 7.4/10 ~Failan ကို Calla, One Day, Maundy Thursday တို့ကို ရိုက်ခဲ့တဲ့ Song Hae-sung ရဲ့ အကောင်းဆုံးရုပ်ရှင်ဖြစ်သလို ချွဲမင်ဆစ်ရဲ့ ပါဖောမင့်န်အပြောင်မြောက်ဆုံး ရုပ်ရှင်လို့လည်း တစ်ချို့က သတ်မှတ်ကြပါတယ်။ ချွဲမင်ဆစ်ဟာ ပတ်ချန်းဝုရဲ့ Old Boy တို့ Lady Vengeance တို့၊ ကင်ဂျီ၀န်းရဲ့ I Saw The Devil တို့နဲ့ အတော်ကြမ်းတမ်းပြီး ရက်စက်တဲ့ ဇာတ်ရုပ်တွေမှာ လုံးဝပီပြင်အောင် သရုပ်ဆောင်ခဲ့ဖူးသလို ခု Failan နဲ့ ကင်ဂျီ၀န်းရဲ့ The Quiet Family တို့မှာ Comedy ဆန်ဆန်ဇာတ်ရုပ်ဆိုလည်း အံ၀င်ခွင်ကျဖြစ်အောင် သရုပ်ဆောင်နိုင်ခဲ့တဲ့ ...
movie
Failan (2001)
2001
7.3
The Good, the Bad, the Weird (2008)
IMDb Rating (7.2) / Rotten Tomatoes (82%)ကိုရီးယားရဲ့ ဒိတ်ဒိတ်ကြဲမင်းသားတွေဖြစ်ကြတဲ့ လီဗျောင်ဟွန်း , Jung Woo-sung , Song Kang-Ho တို့ ပါဝင်ထားပြီးနာမည်ကျော်ဂန္တဝင်ရုပ်ရှင်ကားကြီး The Good,The Bad and The Ugly (1966) ကို အခြေခံရိုက်ကူးထားတာပါ။ထူးခြားတာကတော့ သာမန်ကောင်းဘွိုင်ကားတွေလိုမဟုတ်ဘဲ ခွီနေရမယ့် Comedy အမျိုးအစားလဲ ဖြစ်ပါတယ်။ရှုခင်းကောင်းကောင်းတွေမှာ အက်ရှင်စွန့်စားခန်းတွေနဲ့ ခွီနေရမယ့် အနောက်တိုင်းစတိုင်ကောင်းဘွိုင်အမျိုးအစား ကိုရီးယားရုပ်ရှင်ကားဖြစ်ပါတယ်။ဇာတ်လမ်းကတော့ နာမည်နဲ့လိုက်အောင် စရိုက်စုံတဲ့ လူရှုပ် ၃ ယောက် ဂျပန်စစ်တပ် တရုတ်ဓားပြတွေကြားထဲက ရတနာမြေပုံကို လုကြမှာပါ။2008 ခုနှစ်ရဲ့ ဆုပေးပွဲတွေမှာလဲ အောင်ပွဲခံခဲ့တဲ့ဇာတ်ကားဖြစ်ပြီး Rating တွေလဲ ကောင်းသလို သရုပ်ဆောင်တွေလဲ အလန်းတွေမို့BluRay 1080p Quality နဲ့ ပြန်လည်ခံစားဖို့ တင်ဆက်လိုက်ပါတယ်။ File size…(3.8 GB)/(1.5 GB) Quality….BluRay ...
movie
The Good, the Bad, the Weird (2008)
2008
5
Idol Recipe (2022)
Idol Recipe (2022) ဇာတ်လမ်းအညွှန်း *******************************ဒီတစ်ခါတော့ idol မူဗွီလေးပါ။ ဘယ်လာ ဆိုတဲ့ မကျော်ကြားသေးတဲ့ idol အဖွဲ့လေးတစ်ဖွဲ့ဟာ သူတို့ အေဂျင်စီရဲ့ စီမံခန့်ခွဲမှု ညံ့ဖျင်းမှုတွေကြောင့် ကမောက်ကမတွေ ဖြစ်ပြီး အခက်အခဲတွေ ကြုံတွေ့ခဲ့ရပါတယ်။ဒီလို အခက်အခဲတွေကို ဘယ်လာ အဖွဲ့ဝင်တွေက ဘယ်လိုမျိုး ရင်ဆိုင်ကြမလဲ?စိန်ခေါ်မှုတွေကို အံတုနိုင်ပါ့မလားသူတို့ရည်မှန်းချက် အောင်မြင်မှုကို ရတဲ့ထိ ဆက်လှမ်းးနိုင်ပါ့မလား?အောင်မြင်ဖို့မပြောနဲ့ idol အဖွဲ့တစ်ဖွဲ့ဖြစ်လာဖို့ဆိုတာ ဘယ်လောက်တောင်မှ ခဲယဉ်းလဲ?ဒီလိုအခက်အခဲတွေကြားမှာမှ ဝေဖန်ခံရတဲ့အခါ idol အဖွဲ့ဝင်တစ်ယောက်အနေနဲ့ ဘယ်လို ခံစားရလဲ ဆိုတာ ဒီဇာတ်ကားလေးကြည့်ပြီး လေ့လာခံစားကြရအောင်ပါ။ File Size : 1.8GB, 860MB & 428MB Quality : 1080p WEB-DL, 720p WEB-DL & 480p Format ...
movie
Idol Recipe (2022)
5.4
Don’t Go Too Far (2021)
ဖခင်ချန်ထားခဲ့တဲ့အမွေ၂ဘီလီယံကိုမောင်နှမ၄ယောက်ခွဲဝေကြရာမှာ အစ်ကိုအကြီးဆုံးဖြစ်သူကတစ်ဝက်ရပြီး ကျန်တဲ့မောင်နှမတွေကကျန်တာကိုသာရလို့နည်းတယ်များတယ်ငြင်းခုံနေကြတုန်း အစ်ကိုအကြီးဆုံးဖြစ်သူဆီဖုန်းဝင်လာပါတယ်"၂ဘီလီယံဝမ်မပေးရင် မင်းရဲ့ကလေးကိုသတ်ပစ်မယ်"ဆိုပြီးခြိမ်းခြောက်တဲ့ပြန်ပေးသမားဆီကဖုန်းပဲဖြစ်ပါတယ်တစ်ဦးတည်းသောသားကိုကယ်ဖို့အတွက်ကျန်တဲ့မောင်နှမတွေဆီ အမွေ၂ဘီလီယံထဲကသူတို့ဝေစုကိုတောင်းဆိုရချိန်...နဂိုကမှအဝေမညီဖြစ်နေရတဲ့အထဲ သူတို့ဝေစုပါပေးရမယ်ဆိုတော့ လောဘကြီးပြီးတစ်ကိုယ်ကောင်းဆန်တဲ့လူတွေဘယ်လိုဆုံးဖြတ်ကြလဲ အမွေလုတာအပြင်ပြန်ပေးမှုပါပေါ်လာတော့အခြေအနေတွေပိုဆိုးပြီးရှုပ်ထွေးလာပုံကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။File Size__(1.3GB) / (670MB) Quality__1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__01:15:00 Type__Comedy, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Htet Nandar Aung Encoded by Naing Aung Latt
movie
Don’t Go Too Far (2021)
6.3
R-Point (2004)
ဒီဇာတ်ကားကတော့ တော်တော်လေးခြောက်ခြားစရာကောင်းတဲ့ ကိုရီးယား Horror ကားပါ..အဖြစ်အပျက်က ၁၉၇၂ ခုနှစ် ဗီယက်နမ်စစ်ပွဲအတွင်းမှာ ဖြစ်ပျက်ခဲ့တာပါ..ဗီယက်နမ်တောနက်ထဲက R-Point ဆိုတဲ့နေရာမှာ တောင်ကိုရီးယားတပ်စိတ်တစ်ခုလုံးပျောက်ဆုံးသွားကြောင်းရေဒီယိုအဆက်အသွယ်ကနေတဆင့် သိလိုက်ရပါတယ်...ဒါကြောင့် သူတို့ကိုကယ်ဆယ်ဖို့ ဗိုလ်ချွဲထယ်အင်း ဦးဆောင်တဲ့တပ်စိတ်တစ်စိတ်ကို R-Point ဆီ စေလွှတ်လိုက်ပါတယ်..တပ်စိတ်တစ်ခုလုံး ဘာကြောင့်ပျောက်ဆုံးနေတာလဲ...ဘယ်လိုအကြောင်းတွေရှိနေတာလဲ....ဘယ်လိုခြောက်ခြားစရာတွေက R-Point မှာ စောင့်ကြိုနေမလဲဆိုတာ....။IMDb Rating (6.3) ရရှိထားပါတယ်။ File size…(1.8 GB) / (1 GB) / (500 MB) Quality…BluRay 1080p/720p/480p Format…mp4 Duration….01:47:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Myat Thet
movie
R-Point (2004)
6.6
Night in Paradise (2021)
Night in paradise (2020)အက်ရှင်ကားဆို "အသေကြမ်းမှ ဖိုက်တင်ကောင်းမှ ကြည့်ချင်တယ်" ဆိုတဲ့ဘဒိုတွေအတွက် ဒီနှစ် ၂၀၂၁ခုနှစ် ဧပြီလ ၉ ရက်နေ့က လတ်လတ်ဆတ်ဆတ် ထွက်ရှိထားတဲ့ ခပ်ကြမ်းကြမ်း လူဆိုးအက်ရှင်ကားကောင်းလေးတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ကိုရီးယား အက်ရှင်ကားထဲမှာ တော်တော် ကောင်းတဲ့ကားလေးတစ်ကားဖြစ်ပြီး သရုပ်ဆောင် ဇာတ်လမ်းဇာတ်ကွက်တွေကလည်း သွေးအေး လူမိုက်ကာရိုက်တာ အရသာကိုထိထိမိမိပေးနိုင်တဲ့ ကားတစ်ကားလည်းဖြစ်ပါတယ်။ဇာတ်လမ်းအကြောင်းကိုပြောရရင်တော့ ပတ်ထယ်ဂူဆိုတဲ့ ကြေးစားလူမိုက်တစ်ယောက်အကြောင်းပါပဲ။ သူက သူ့ခေါင်းဆောင် ယန်းသူဌေးပေါ်မှာ အလွန် သစ္စာစောင့်သိသူတစ်ယောက်ဖြစ်ပြီး တစ်ရက်မှာ သူ့သူဌေးရဲ့ ပြိုင်ဖက်ဖြစ်တဲ့ ဘို့ဆွန်းအဖွဲ့က သူဌေးယန်းဆီက ခွာပြီး သူတို့အဖွဲ့ဝင်အဖြစ် လာခဲ့ဖို့ ပတ်ထယ်ဂူကို ကမ်းလှမ်းလာပါတယ်။ ဒါပေမယ့် သစ္စာရှိလူမိုက် ပတ်ထယ်ဂူက ဘို့ဆွန်းအဖွဲ့ဆီသွားဖို့ငြင်းပယ်ခဲ့တဲ့အတွက် သူ့ရဲ့ခင်တွယ်ရာ မိသားစု ဖြစ်တဲ့ သူ့အစ်မနဲ့တူမလေးက ရန်ငြိုးထားအသတ်ခံလိုက်ရပါတယ်။ဒီအတွက် ထယ်ဂူတစ်ယောက် အစ်မနဲ့တူမလေးအတွက် လက်စားချေဖို ဘို့ဆွန်းဂိုဏ်း ဥက္ကဌဒိုကို တစ်ယောက်တည်းသွားတွေ့ပြီး ရက်ရက်စက်စက် ရှင်းပစ်ခဲ့ပါတယ်။ အဲဒီနောက်မှာတော့ ဂျယ်ဂျူကျွန်းမှာ ထွက်ပြေးတိမ်းရှောင်ရင်းနဲ့ ဂျယ်ယွန်းဆိုတဲ့ အမျိုးသမီးလေးနဲ့ တွေ့ဆုံခဲ့ပါတယ်။ ဂျယ်ယွန်းမှာလည်း လျှို့ဝှက်ချက်တွေနဲ့ပါပဲ။ အသက်ပြင်းလွန်းတဲ့ ဘို့ဆွန်းဂိုဏ်းခေါင်းဆောင် ဥက္ကဌဒိုက မသေသွားဘဲ ဒဏ်ရာအပြင်းအထန်ရပြီး ...
movie
Night in Paradise (2021)
2021
7.9
Oasis (2002)
[Unicode]Oasis (2002) ===========IMDB = 7.9 out of 10 Rotten Tomatoes = 90 out of 100 Directed By Lee Chang Dongတောင်ကိုရီယား New Waveဒါရိုက်တာလီချန်းဒုံကို Burning, Poetry, Peppermint Candyတို့နဲ့ ရင်းနှီးပြီးသားဖြစ်မှာပါ။ လီချန်းဒုံရုပ်ရှင်တွေဟာ အမှတ်တမဲ့ကြည့်လိုက်ရင် ကိုရီယားရုပ်ရှင်လို့ လုံးဝထင်စရာမရှိတဲ့ ဇာတ်ကောင်တွေ ဇာတ်ဝင်ခန်းတွေနဲ့။ အဆိုးဘက်ရောက်တဲ့ လူသားဆန်မှုတွေကို သိသာသာမီးမောင်းထိုး ပြတတ်ပါတယ်။ လီချန်းဒုံအခုထိရိုက်ထားတဲ့ ရုပ်ရှင်ခြောက်ကားပဲရှိပါတယ်။ Peppermint Candyနဲ့ Green Fishကလွဲလို့ ကျန်တဲ့လေးကားကို သူကိုယ်တိုင်ရေးခဲ့တာပါ။ Burningကတော့ မူရာကာမိကိုကျောရိုးယူပါတယ်။လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်လူတွေ သူတို့ရဲ့ သာမန်နေ့စဉ်ဘဝမှာ သာမန်လုပ်နေကြ အရာတွေကိုပဲ ရိုက်ပြထားတယ်လို့ ဖတ်လိုက်ရပါတယ်။ သူ့ရုပ်ရှင်တွေမှာလူဆိုးလူကောင်းမရှိဘူးလို့လည်း ဆိုပါတယ်။ ဒုတိယအချက်ကို ကျွန်တော်လက်ခံပေမယ့် ပထမအချက်ကိုတော့ လုံးဝငြင်းပါတယ်။ လီချန်းဒုံရဲ့ ရုပ်ရှင်တွေဟာ သာမန်မဆန်ပါဘူး။ သူ့ရုပ်ရှင်တွေမှာ အဆိုးဘက်ရောက်တဲ့။လူသားဆန်မှုအတော်များပါတယ်။ သူမှားတာတော့လည်းမဟုတ်ပါဘူး။ ကျွန်တော်တို့ဘဝတွေတိုင်းဟာ အမြဲတော့ သာယာတဲ့ကောင်းကင်တစ်ခုအောက်မှာ ရှိနေတာ မဟုတ်ပါဘူး။ သူမှန်ပါတယ် ။ ဒါပေမယ့် ...
movie
Oasis (2002)
5.4
Vampire Cop Ricky (2006)
၂၀၀၆ ခုနှစ်ကထွက်ရှိထားတဲ့ Action / Comedy ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ် ဇာတ်ကားလေးက ဟာသဆန်ဆန်နဲ့ အလွဲတွေလုပ်တတ်တဲ့ ရဲစုံထောက်ကြီးကို နောက်ခံထားရိုက်ထားတာဖြစ်ပြီးတော့ ကြည့်ဘူးသမျှ ကိုရီးယားကားတွေထဲမှာ သဘောကျမိတဲ့ ဇာတ်ကားလေးတစ်ကားလဲဖြစ်ပါတယ် မင်းသားအဖြစ် Su ro Kim ကပါဝင်သရုပ်ဆောင်ထားပြီး သူ့ကို စတင်သိကျွမ်းခဲ့တာကတော့ Tae Gauk Gi ဆိုတဲ့ကိုရီးယားစစ်ကားမှာ ရင်းနှီးခဲ့တာပါ မင်းသမီးကတော့ Yoo Jeong Hee ဖြစ်ပြီးတော့ သူ့ကို စတင်သိခဲ့တာကတော့ ဂျွန်စောနဲ့ ရိုက်ကူးထားတဲ့ Obsession ဆိုတဲ့ 18+ ကားနဲ့ Servant ဆိုတဲ့ ၂ကားမှာ ရင်နှီးခဲ့တာပါ မင်းသမီးရဲ့ ကြာဆန်ဆန် အကြည့်လေးတွေနဲ့ သူ့ရဲ့မထိတထိ ချစ်စရာအမူအရာလေးတွေကြောင့် အသေ သဘောကျမိခဲ့တဲ့မင်းသမီးပါကဲ ဇာတ်လမ်းလေးအကျဉ်းလေးဖက်ကို သွားလိုက်ရအောင် ဇာတ်လမ်းလေးက သွေးစုပ်ဖုတ်ကောင်တို့ပျော်မြူးရာ Transylvania ကခြင်တစ်ကောင်ဟာ တောင်ကိုရီးယား Souel ကိုရောက်လာပြီး သောက်တလွဲစုံထောက်ကြီး Ricky ကို အမှုလိုက်နေတုန်းမှာ ...
movie
Vampire Cop Ricky (2006)
2006