Channel Myanmar

Son Jin-hwan

Don’t Go Too Far (2021) 5.4
Don’t Go Too Far (2021) ဖခင်ချန်ထားခဲ့တဲ့အမွေ၂ဘီလီယံကိုမောင်နှမ၄ယောက်ခွဲဝေကြရာမှာ အစ်ကိုအကြီးဆုံးဖြစ်သူကတစ်ဝက်ရပြီး ကျန်တဲ့မောင်နှမတွေကကျန်တာကိုသာရလို့နည်းတယ်များတယ်ငြင်းခုံနေကြတုန်း အစ်ကိုအကြီးဆုံးဖြစ်သူဆီဖုန်းဝင်လာပါတယ်"၂ဘီလီယံဝမ်မပေးရင် မင်းရဲ့ကလေးကိုသတ်ပစ်မယ်"ဆိုပြီးခြိမ်းခြောက်တဲ့ပြန်ပေးသမားဆီကဖုန်းပဲဖြစ်ပါတယ်တစ်ဦးတည်းသောသားကိုကယ်ဖို့အတွက်ကျန်တဲ့မောင်နှမတွေဆီ အမွေ၂ဘီလီယံထဲကသူတို့ဝေစုကိုတောင်းဆိုရချိန်...နဂိုကမှအဝေမညီဖြစ်နေရတဲ့အထဲ ‌သူတို့ဝေစုပါပေးရမယ်ဆိုတော့‌ လောဘကြီးပြီးတစ်ကိုယ်ကောင်းဆန်တဲ့လူတွေဘယ်လိုဆုံးဖြတ်ကြလဲ အမွေလုတာအပြင်ပြန်ပေးမှုပါပေါ်လာတော့အခြေအနေတွေပိုဆိုးပြီးရှုပ်ထွေးလာပုံကိုစိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပဲဖြစ်ပါတယ် ။File Size__(1.3GB) / (670MB) Quality__1080p, 720p IMDb Rating__5.4/10 Format__mp4 Duration__01:15:00 Type__Comedy, Crime, Drama Subtitle__Myanmar Subtitle (Hardsub) Translated by Htet Nandar Aung Encoded by Naing Aung Latt
movie

Don’t Go Too Far (2021)

Memories of Murder (2003) 8.1
Memories of Murder (2003) IMDb (8.1/10)....Rotten Tomatoes (95%) Rating တွေကြည့်ပြီး ကိုရီးယားဇာတ်ကားမှ ဟုတ်ရဲ့လားလို့ အတွေးမများပါနဲ့။ ကိုရီးယားဇာတ်ကားအစစ်ဖြစ်သလို မင်းသားမင်းသမီးချောချာလှလှတွေလဲ တစ်ယောက်မှမပါပါဘူး။ ဒီဇာတ်ကားဟာ ကိုရီးယားရဲ့ အနုပညာအရည်အသွေးကို ကမ္ဘာကိုချပြနိုင်ခဲ့တဲ့ဇာတ်ကားဖြစ်ပါတယ်။ ကြည့်ကိုကြည့်သင့်ပါတယ်။ ကျွန်တော်ကတော့ ဇာတ်ကားကိုကြည့်ပြီး ရင်ထဲတနုံ့နုံ့နဲ့ ဖြစ်နေတာ ဒီနေ့နဲ့ဆို သုံးရက်ရှိခဲ့ပါပြီ....သူငယ်ချင်းတို့လဲ ခံစားကြည့်ပါဦး....ဇာတ်လမ်းအညွှန်းကိုတော့ ဒီဇာတ်ကားကြည့်ဖြစ်စေခဲ့တဲ့ ကိုညီလင်းအိမ်ရဲ့အညွှန်းနဲ့ မိတ်ဆက်ပေးပါရစေ။ -------------------------------------------- Memories Of Murder ကိုယ်တွေကပဲ နောက်ပိုင်း အဲဒီလို အကြောင်းအရာတွေကိုပဲ ရွေးဖတ်မိကြည့်မိနေတာလား တိုက်ပဲတိုက်ဆိုင်နေသလား မသိဘူး။ စိတ်ထဲစွဲနစ်စွာ ကျန်ခဲ့တဲ့ ဇာတ်ကားတွေ စာအုပ်တွေမှာဆို အဓိက ခံစားခဲ့ရတာက "မရေရာမှု "ပဲ။အီးလိုဆို "Doubtful"လား "Inconclusively "လား ဘယ်ဟာက ပိုလေးနက်လဲတော့မသိဘူး။ အမှန်တရားလည်း မရှိဘူး ။အမှားတရားလည်း မရှိဘူး။ရှုံးတယ်လည်း မရှိဘူး။နိုင်တယ်လည်း မရှိဘူး။ ဘယ်သတ်မှတ်ချက်မှ မှန်တယ်လို့ တရားသေ ကောက်ချက်ဆွဲလို့မရတဲ့ စိတ်ခံစားမှု တွေပေးတဲ့ စာတွေ ရုပ်ရှင်တွေ မကြာခဏ ကြည့်ဖြစ်ဖတ်ဖြစ်ပါတယ်။ လတ်တလော ...
movie

Memories of Murder (2003)

2003