Channel Myanmar

Sonali Kulkarni

Dil Chahta Hai (2001) Dil Chahtha Hain 8.1
Dil Chahta Hai (2001) Dil Chahtha Hain IMDb Rating (8.1)/ Rotten Tomatoes (95%)ဒီဇာတ်ကားလေးမှာ မင်းသားကြီး အမီရ်ခန်းရယ် ဆေ့ဖ်အလီခန်းရယ် အက်ရှေးခန်နားတို့ ပါဝင်သရုပ်ဆောင်ထားတယ်Rating တွေ ကောင်းတဲ့ ဒီဇာတ်ကားရဲ့ ဇာတ်လမ်းကြောရိုးကတော့ ရိုးရှင်းပါတယ်...ပေါ့ပေါ့ပါးပါးလေးနဲ့ ရင်ထဲတစ်ခုခုကျန်စေမယ့် ကားမျိုး...သူငယ်ချင်းသုံးယောက်ရှိတယ်...စမီရ် ဆစ်ဒ် နဲ့ အာကာရှ်မိဘတွေကငွေကြေးပြည့်စုံကြတော့ သူတို့ဘဝက လိုလေသေးမရှိပေါ့...လူငယ်သဘာဝပျော်မယ် ပါးမယ် ကဲမယ် ဘဝရဲ့ဒဿနလည်းမသိ အချစ်ရဲ့အနက်အဓိပ္ပါယ်လည်းမမှုတစ်ခါတလေ ဘဝက သင်ခန်းစာပေးတယ်လို့ ပြောတတ်ကြတယ်မလားအဲ့ဒီလိုပဲ သူတို့သုံးဦးရဲ့ဘဝကိုယ်စီမှာ သင်ခန်းစာတစ်ခုဆီရလာကြတဲ့အခါ ဒီလူငယ်လေးတွေ ရင့်ကျက်လာတဲ့အကြောင်းကို ဒီဇာတ်ကားမှာ မြင်တွေ့ရမှာပါ...အချစ်ဆိုတာမျိုးက လုပ်ယူဖန်တီးလို့မရသလို ဘဝကြီးမှာလည်း ကိုယ်ဖြစ်ချင်တာတွေ ဖြစ်မလာတတ်ပါဘူး...ဒါပေမဲ့ တချို့အရာတွေက ကိုယ့်ရဲ့ကြိုးစားအားထုတ်မှုမရှိဘဲ ပိုင်ဆိုင်ရတာမျိုးမရှိတတ်ပါဘူး ကိုယ်တကယ်ချစ်တဲ့သူကို ဒီဇာတ်ကားလေးနဲ့ အဖြေရှာကြည့်ပြီး ကြည်နူးနိုင်ပါတယ်။ File size…(3.8 GB)/(1.3 GB) Quality….BluRay 1080p/720p Format…mp4 Duration….03:05:o0 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated by Taylor
movie

Dil Chahta Hai (2001) Dil Chahtha Hain

Mission Kashmir (2000) 6.6
Mission Kashmir (2000) IMDb Rating (6.6)ပထမဦးဆုံးအနေနဲ့ ပြောချင်တာက လောကမှာ ဘယ်လူမျိုး ဘယ်ဘာသာရယ်က အကြမ်းဖက်ဘာသာ အစွန်းရောက်လူမျိုးရယ်လို့မရှိပါဘူး..လူက နှစ်မျိုးပဲရှိပါတယ်..အဲ့ဒါကတော့ လူကောင်းနဲ့လူဆိုးပါ.. ဒီဇာတ်ကားလေးမှာ ဘာသာရေးအစွန်းရောက်အယူဝါဒတချို့ပါနေလို့ ဇာတ်ကားကြည့်ရင်း ဗဟုသုတယူရမယ့်အစား အစွန်းရောက်ဝါဒများ စိတ်ထဲမကိန်းအောင်စေဖို့ တိုက်တွန်းလိုက်ပါတယ်...အစွန်းရောက်ဝါဒီတွေရဲ့ ထုံးစံအတိုင်း ရင်ထဲမှာ အမုန်းတရားတွေစွဲကျန်နေတဲ့ တက်သစ်စလူငယ်လေးတွေကို သိမ်းသွင်း...ကိုယ်ကျိုးအတွက်ပဲ ကြည့်ပြီး ဘာသာရေးအမည်ခံ အမုန်းတရားတွေဖြန့်...လုပ်ဇာတ်တွေဖန်တီးပြီး ဆော်သြနေကြတဲ့ လူတွေလက်ထဲရောက်သွားခဲ့ရတဲ့ လူငယ်လေးတွေအကြောင်းကိုလည်း ဒီဇာတ်ကားမှာ မြင်တွေ့ရမှာဖြစ်ပါတယ်...အဓိကဦးတည်ချင်တာကတော့ မပြီးဆုံးနိုင်တဲ့ အိန္ဒိယ-ပါကစ္စတန်အမွှေဇာတ်ထုပ်ပေါ့...ဒီကားမှာ ဘောလီးဝုဒ်မင်းသားချောလေး ရီသစ်ရိုရှန်းနဲ့ မင်းသားကြီး ဆန်ဂျေးဒသ်တို့ပါဝင်သရုပ်ဆောင်ထားတယ်...မစ်ရှင်ကက်ရှမီးဆိုတဲ့ ကားနာမည်အတိုင်းပဲ ဟင်ဒူ-မွတ်စလင် အမြဲအဓိကရုဏ်းဖြစ်နေတတ်တဲ့ ကက်ရှမီးဒေသကို ဖျက်ဆီးပြီး အမုန်းတရားတွေဖြန့်ကျက်ဖို့ စစ်သွေးကြွအုပ်စုက လျှို့ဝှက်ကြံစည်နေကြတယ်ဒါကိုမှ ရဲအရာရှိက စုံစမ်းဖေါ်ထုတ်မယ့်ဇာတ်လမ်း....ဒါပေမဲ့ အဲ့ဒီစစ်သွေးကြွအုပ်စုထဲကို မတော်တဆရောက်သွားခဲ့ရတာက ရဲအရာရှိရဲ့မွေးစားသား...နောက်ခံအမုန်းတရားဇာတ်အိမ်နဲ့ သူတို့နှစ်ယောက်ကို ထိပ်တိုက်ပေးတွေ့တဲ့အခါ....ဆက်ဖြစ်လာမယ့်ဇာတ်အရှိန်ကိုတော့ တစိမ့်စိမ့်ကြည့်ရှုပေးကြပါလို့ ညွှန်းဆိုလိုက်ပါတယ်။ File size…(4.2 GB)/(1.4 GB) Quality….WEB-DL 1080p/720p Format…mp4 Duration….02:31:oo Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung Translated ...
movie

Mission Kashmir (2000)

Singham (2011) 6.8
Singham (2011) ဇာတ်​လမ်းက​တော့ ​ငွေ​ကြေးချမ်းသာတဲ့ ဒုစရိုက်​သမား​တွေက လာဘ်​စားတဲ့ရဲ​တွေနဲ့​ပေါင်းပြီး ဥပ​ဒေကိုဂရုမစိုက်​ ထင်​တိုင်းကြဲ​​နေကြပါတယ်​ ဒါကိုမခံနိုင်​တဲ့ သမာသမတ်​ကျတဲ့ရဲတစ်​​ယောက်​က သူတို့ကိုဆန့်​ကျင်​ဖို့ကြိုးစားတဲ့အခါမှာ​တော့ အဲဒီရဲကို လာဘ်​စားတယ်​ဆိုပြီးလုပ်​ကြံအမှုဆင်​ကာ ​​ထောင်​ချဖို့ကြိုးစားပါ​တော့တယ်​ ဘယ်​လိုမှ​ဖြေရှင်းလို့မရ​တော့တဲ့ အဆုံးမှာ​တော့ လုပ်​ကြံတရားစွဲခံရတဲ့ရဲဟာ သူ့ရုံးခန်းမှာတင်​ ကို​ယ့်​ကိုကိုယ်​သတ်​​သေသွားခဲ့ပါတယ်​ သုံးနှစ်​ကြာပြီး​နောက်​မှာ အဲဒီရဲရဲ့မိန်းမပြန်​အစ​ဖော်​တဲ့အတွက်​​ကြောင့်​ ​နောက်​တစ်​ခါဒီအမှုကို ပြန်​စစ်​ဖို့တာဝန်​ကျတဲ့သူက​တော့ ရဲအရာရှိ ဘာဂျီရိုဆင်းဂမ်​ ပဲဖြစ်​ပါတယ်​... ဆင်းဂမ်​ဟာ သတ်​​သေသွားတဲ့ရဲအရာရှိ​ဟောင်းရဲ့ ရုံးခန်းမှာထိုင်​ပြီး ဒီဒုစရိုက်​သမား​တွေရဲ့ နည်းမျိုးစုံခြိမ်း​ခြောက်​ဒုက္ခ​ပေးတဲ့ကြားက ဘယ်​လိုပြန်​ပြီး အပြစ်​​ပေးနိုင်​​အောင်​လုပ်​သွားမလဲကို​တော့ ဇာတ်​ကားထဲမှာဆက်​ကြည့်​သွားကြပါလို့ ဘာသာပြန်ကတော့ May Thu ဖြစ်ပြီး အညွှန်းကို Chanyein Soe မှ ရေးပေးထားပါတယ်
movie

Singham (2011)

2011