Channel Myanmar

Song Jae-ryong

What Happened to Mr Cha?(2021) 4.7
What Happened to Mr Cha?(2021) What Happened to Mr.Cha 2021------------------------K dramaဖန်တွေအတွက် mydrama listမှာလဲ popularityဖြစ်‌ေနပြီး 2021ဇန်နဝါရီလမှာထွက်ခဲ့တဲ့ အသစ်စက်စက်Comedyကားလေးကို တင်ဆက်ပေးလိုက်ပါတယ်....ရုပ်ရှင်လောကတို့ အနုပညာတို့လောကတို့မှာစန်းဆိုတဲ့ အသုံးအနှုန်းက လူသုံးများတော့ ရင်းနှီးပြီးသားဖြစ်မှာပါ....တချို့သရုပ်ဆောင်တွေ ရုပ်လဲသိပ်မချော သရုပ်ဆောင်ပိုင်းလဲမကောင်းပဲ မျက်နှာမြင်ချစ်ခင်ပါစေဆိုတဲ့ စန်းနဲ့ပေါက်သွားကြတာလဲ ကြားဖူးကြမှာပေါ့။။။ဒီဇာတ်လမ်းကလဲ အဲ့စန်းပေါ်ပဲ ဟာသဆန်ဆန်အခြေခံရိုက်ကူးထားပြီး  Fluဇာတ်ကားထဲမှာ ပါ၀င်သရုပ်ဆောင်ထားတဲ့မင်းသား Cha-In Pyoရဲ့သဘာ၀ကျကျ သရုပ်ဆောင်ဟန်ပန်တွေနဲ့ ဇာတ်လမ်းကိုအကောင်းဆုံးပုံဖော်ထားပါတယ်.ဇာတ်လမ်းအကျဉ်းကတော့အောင်မြင်တဲ့အခါတုန်းကတော့ဂုဏ်ပုဒ်တွေအများကြီးနဲ့ကျော်ကြားနေခဲ့ပြီးစန်းကျသွားတဲ့အခါ ကိုယ့်ထက်အောင်မြင်တဲ့သူတွေနဲ့အမှီလိုက်ဖို့ကြိုးစားနေရတဲ့မင်းသားကြီးတစ်ယောက်ရဲ့ဇာတ်လမ်းလေးပါပြန်လည်အောင်မြင်ဖို့မျှော်လင့်ချက်လေးနဲ့ပျော်ရွှင်နေတဲ့အချိန်မှာ မထင်မှတ်တဲ့ မတော်တဆမှုကြောင့် ရေချိုးနေတုန်း အ၀တ်ဗလာနဲ့ အဆောက်အအုံပြိုကျတဲ့ထဲပါသွားပြီး ဘယ်လိုတွေ လွဲချော်ကုန်တယ်ဆိုတာ ဟာသဆန်ဆန် ခွီရအောင် ရိုက်ကူးပြသထားတဲ့အပြင် ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်ရဲ့ တကယ်လက်တွေ့ ဘ၀ပုံစံကိုပါဖော်ပြထားတာကြောင့် အချိန်ကုန်ရကျိုးနပ်စေမယ့် ရုပ်ရှင်ကားတကားမလို့ ကြည့်ဖြစ်အောင်ကြည့်ဖို့ ညွှန်းပါရစေ Translated by : Thin Zar HtetEncoded by : YKNative Title: 차인표Also Known As: Cha Inpyo , Chainpyo , ...
movie

What Happened to Mr Cha?(2021)

2021
Swing Kids (2018) 7.5
Swing Kids (2018) Swing Kids (2018) IMDb - 7.5/10_____Rotten - 63%  အကဝါသနာအိုများနဲ့ ကိုရီးယားဒရာမာ ဇာတ်လမ်းကောင်းတွေကိုမှ ကြိုက်နှစ်သက်ကြတဲ့သူတွေအတွက် ၂၀၁၈ထွက် Swing Kids ဆိုတဲ့ဇာတ်ကားလေးကိုတင်ဆက်ပေးလိုက်ပါတယ်… IMDb – 7.5/10 တောင်ရရှိထားတဲ့ ဇာတ်ကားပဲဖြစ်ပါတယ်  Tap dance ဆိုတာ အမေရိကန်တွေကကြတဲ့ ဖိနပ်နဲ့ကြမ်းပြင်ကိုထိခတ်ဆော့ကစားပြီး စည်းချက်လိုက်ကရတဲ့ အကတစ်မျိုးပဲဖြစ်ပါတယ်..၊၁၉၅၀ ခုနှစ်မှာဖြစ်ပွားခဲ့တဲ့ တောင်ကိုရီးယားနဲ့ မြောက်ကိုရီးယားစစ်ပွဲကြောင့် အမေရိကန်နဲ့ တရုတ်တို့ပါစစ်ပွဲထဲ ပါဝင်လာခဲ့ပြီးစစ်ပွဲကြောင့်ဖြစ်လာတဲ့ POW လို့ခေါ်ကြတဲ့ စစ်သုံ့ပန်း အကျဉ်းသားတွေကို ကိုဂျေကျွန်းပေါ်မှာ စခန်းတွေဆောက်ပြီး ထိန်းသိမ်းထားရှိခဲ့ကြပါတယ်…အဲ့ဒီအကျဉ်းသားတွေနဲအတူ အမေရိကန်စစ်သားတွေလည်း ကျွန်းပေါ်အတူရှိနေခဲ့ပြီး အထက်မှာပြောပြခဲ့တဲ့ဖိနပ်စည်းချက်လိုက်အကကို ရူးသွပ်တဲ့ လူမည်းအမေရိကန်စစ်သားတစ်ဦးပါ စစ်တပ်နဲ့အတူပါလာခဲ့ပါတယ်…တစ်နေ့ ကိုရီးယားကွန်မြူနစ်လူငယ်လေးတစ်ဦးဟာ လူမည်းစစ်သား အဲ့ဒီအကကနေတာကိုမြင်ပြီး စိတ်ဝင်စားသွားရာကနေအမေရိကန်နဲ့ပတ်သက်သမျှ တင်းကျပ်ထားတဲ့ ကွန်မြူနစ်လူ့အဖွဲ့အစည်းထဲမှာဒီအကကို လူငယ်လေးဘယ်လိုတတ်မြောက်ဖို့ကြိုးစားခဲ့သလဲ မြင်တွေ့ရမှာပါ….ဇာတ်ကားထဲမှာ အကတွေသီချင်းတွေကို မြိုင်မြိုင်ဆိုင်ဆိုင်မြင်တွေ့ရမှာဖြစ်ပြီးဂီတဆိုတာ အယူဝါဒစည်းဘောင်တွေကိုကျော်လွန်ပြီး စီးဆင်းတယ်ဆိုတဲ့အချက်လေးကိုလည်း မြင်တွေ့ရမှာဖြစ်ပါတယ်…ကြည့်ရှုခံစားတော်မူကြပါ (ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ ကိုဇွဲခန့်သွင်ပါ)  File Size : (981 MB) Quality ...
movie

Swing Kids (2018)

2018