Channel Myanmar

Song Ji-eun

Bestseller(2010) 7.4
Bestseller(2010) Bestseller(2010)***************သည်းထိပ်ရင်ဖိုဇာတ်ကားဖန်တွေအတွက် rating 7.4 ရှိပြီး ဆုတွေလည်းအများကြီးရခဲ့တဲ့ ဇာတ်ကားဖြစ်ပါတယ်..အရောင်းရဆုံးစာအုပ်တွေကိုရေးခဲ့ပြီး အရမ်းအောင်မြင်ခဲ့တဲ့ စာရေးဆရာမဘတ်ဟီးဆိုဟာသူမရဲ့နောက်ဆုံးထွက်စာအုပ်ဟာ ကူးချထားတယ်လို့စွပ်စွဲခံပါတယ်။အဲဒါကြောင့် စိတ်ဓါတ်ကျပြီးတော့ စာရေးဖို့အိုင်ဒီယာမထုတ်နိုင်တော့တဲ့အတွက် နယ်မြို့လေးတစ်မြို့ကို ပြောင်းဖို့ဖြစ်လာပါတယ်။သူ့သမီးလေးနဲ့အတူ နယ်မြို့ကိုပြောင်းလာခဲ့ပေမဲ့ သူ့သမီးလေးက အမြဲလိုလိုတစ်ယောက်တည်းစကားပြောနေတတ်ပါတယ်။ မေးကြည့်တဲ့အခါ အစ်မတစ်ယောက်က သူ့ကို ပုံပြင်လာပြောပြတယ်လို့ပြောပါတယ်။ဘတ်ဟီးဆိုက သူ့သမီးပြောပြတာကိုနားထောင်ပြီး ကြောက်နေပေမဲ့ အဲဒီအကြောင်းအရာကိုစာအုပ်အဖြစ်ရေးဖို့ ပိုအားသာနေခဲ့ပါတယ်။စာအုပ်အဖြစ်ရေးပြီး အရောင်းရဆုံးစာအုပ်ဖြစ်လာခဲ့ပေမဲ့ အဲဒါနဲ့တစ်ထပ်တည်းတူတဲ့စာအုပ်ကလွန်ခဲ့တဲ့နှစ်တွေတည်းက ထုတ်ဝေပြီးထားတဲ့အပြင် အဲဒီဇာတ်လမ်းကလည်း မြို့မှာအမှန်တကယ်ဖြစ်ခဲ့တဲ့လူသတ်မှုတစ်ခုဖြစ်လာတဲ့အခါ....လူသတ်မှုကို ဘယ်လိုဖော်ထုတ်ကြမလဲ......တရားခံက ဘယ်သူဖြစ်မလဲ......အဲဒီမြို့မှာနေတဲ့သူတွေကရော တကယ်ရိုးရှင်းကြရဲ့လား.....လှည့်ကွက်တွေအများကြီးနဲ့ ရင်ခုန်စိတ်လှုပ်ရှားစွာကြည့်ရှုရမယ့်ဇာတ်ကားပါပဲ။File Size :(2.7GB) and (929MB) Quality : Blu-Ray1080p5.1Ch, 720p Format…mp4 Duration…01:57:00 Genre : Horror , Mystery , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Yee Wai Encoded by Phyo Pyae
movie

Bestseller(2010)