Channel Myanmar

Song Seung-heon

Ice Rain (2004) 5.5
Ice Rain (2004) Ice Rain (2004)ဒီဇာတ်လမ်းလေးကတော့ ၂၀၀၄ ခုနှစ်မှာ ဇာတ်အိမ်တည်ခဲ့တဲ့ ဆွတ်ပျံ့ဖွယ်ဇာတ်လမ်းလေးတစ်ပုဒ်ပါတောင်တက်သမားနှစ်ယောက်ဟာ အာလန်စခါမှာ ရှိတဲ့ အာရှခုလို့အမည်ရတဲ့ ရေခဲတောင်ပေါ်မှာ သောင်တင်နေရင်းနဲ့ သူတို့ဘဝကို ပြောင်းလဲစေခဲ့တဲ့ မိန်းကလေးအကြောင်းကို တစ်ယောက်နဲ့တစ်ယောက် ပြောပြကြပါတယ်သူတို့မသိခဲ့တာကတော့ တကယ်တမ်း သူတို့နှစ်ယောက်ဟာ ဘယ်လိုမျိုးဆက်နွယ်မှုရှိနေတာလဲဆိုတာပါပဲအဲဒါကတော့ ဇာတ်လမ်းရဲ့အဓိကအချက်ဖြစ်တဲ့အတွက် ကိုယ်တိုင်ကြည့်ရှုခံစားလိုက်ကြပါအားလုံးရဲ့အချစ်တော် "ဆောင်းဦးရွက်ကြွေချစ်သက်သေ" ထဲက မင်းသားဂျွန်စောလို့ အသိများကြတဲ့ (Song Seung Heon) နဲ့ မြန်မာနိုင်ငံမှာ ကျီးကျင့် လို့ နာမည်ရခဲ့တဲ့ မင်းသမီးကြီး Kim Ha Neul လည်း ပါဝင်သရုပ်ဆောင်ထားတာမို့လို့ လက်မလွတ်တမ်း ကြည့်ရှုအားပေးပါဦးနော်ဇာတ်ကားကောင်းလေးကို တင်ပေးချင်တာမို့ လတ်တလော ရတဲ့ ကွာလတီနဲ့ပဲ တင်ပေးထားပါတယ်။အညွှန်း နဲ့ ဘာသာပြန်ကတော့ Hsu ပဲ ဖြစ်ပါတယ်။Genre..... Adventure, Drama, Romance Quality…. 480p File size… 423MB Format… mp4 Duration…. 1h 45min Subtitle…. Myanmar ...
movie

Ice Rain (2004)

2004
So Close (2002) 6.7
So Close (2002) So Close (2002)IMDb Rating (6.6) / Rotten Tomatoes (82%)မင်းသမီး ရှုကျီနဲ့ Shaolin Soccer ထဲကမင်းသမီး ကျိုးဝေတို့ရဲ့  So Close ရုပ်ရှင်ကို ၉၀ဖွားတွေ မကြည့်ဖူးတဲ့သူမရှိသလောက်ပါပဲ။ အက်ရှင်လန်းလန်းတွေရယ် ဆော်လန်းလန်းတွေရယ်ကို တိတ်ခွေပျက်တဲ့အထိ ခဏခဏ ငှားကြည့်ခဲ့ရတာပါ။ မင်းသမီးတွေလှလို့ အက်ရှင်တွေကြမ်းလို့ အငမ်းမရထိုင်ကြည့်ရင်း ထိရှသွားတဲ့ဇာတ်အလှည့်အပြောင်းတွေကြောင့် မျက်ရည်ကျလုလု ရင်ကိုထိသွားတဲ့ အခိုက်အတန့်လေးတွေကိုလဲ သတိရမိကြမှာပါ။ဒီကားထဲမှာ ဂျွန်စောလို့ လူသိများတဲ့ ကိုရီးယားမင်းသား Song Seung-heon လည်း ပါဝင်ထားပါသေးတယ်။အက်ရှင်ကားတွေထဲမှာ Rating မြင့်ပြီး အမြဲမရိုးနိုင်တဲ့ ဒီဇာတ်ကားလေးကို တဖန်ပြန်ခံစားရင်း သိမ်းထားလို့ရအောင် အကောင်းဆုံး Quality နဲ့ တင်ဆက်လိုက်ပါတယ်။ဇာတ်လမ်းကတော့...အားလုံ နဲ့ အားခွမ် ဟာ ကြေးစားလူသတ်သမား ညီအစ်မနှစ်ယောက်ပါ။ သူတို့ဟာ အဆင့်မြင့် ကွန်ပြူတာနည်းပညာတွေနဲ့ ပစ္စည်းတွေသုံးပြီး လုပ်ကြံဖို့မဖြစ်နိုင်တဲ့ ဆရာကြီးတွေကိုမှ ...
movie

So Close (2002)

2002
[18+] Obsessed (2014) 6.2
[18+] Obsessed (2014) ဂျွန်စောလို့ လူသိများတဲ့ မင်းသား Song Seung-heon ကိုခုလို ကြာကူလီဆန်ဆန် အရူးအမူးအချစ်သမားအဖြစ် မြင်ရတာ တစ်မျိုးတော့ ထူးခြားပါတယ်...မင်းသမီး Lim Ji-yeon ကလဲ အေးတိအေးစက် မထုံတတ်သေးနဲ့ Erotic ဆန်တဲ့ ဇာတ်ရုပ်ကို ချပြရာမှာသူ့ရဲ့ ပထမဆုံး Leading Role ဇာတ်ကားဖြစ်ခဲ့ပေမယ့် ပေါ်ပေါ်ထင်ထင်ပဲ ရိုက်ကူးထားပါတယ်...ထူးခြားတဲ့ တွဲဆက်မှုတွေနဲ့ ဒီကိုရီးယားဇာတ်ကားက ဖောက်ပြားတတ်တဲ့လူ့သဘောကိုအချစ်ဆိုတဲ့ ခေါင်းစဉ်တပ်ထားပါတယ်။(ယခင်တင်ဆက်ဖူးပေမယ့် ဘာသာပြန်စာတန်းထိုး လိုအပ်ချက်တွေရှိခဲ့လို့အခုအသစ်တစ်ဖန် ဘာသာပြန်တင်ဆက်လိုက်တာပါ။) File size…(1.6 GB)/(1.3 GB)/(650 MB) Quality….BluRay 1080p HEVC/ 1080p / 720p Format…mkv/mp4 Duration….02:13:12 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya Aung
movie

[18+] Obsessed (2014)

1080p HEVC
Man of Will (2017)
Man of Will (2017) Man of Will (2017) ဇာတ်လမ်းအညွှန်း******************************** ဧကရာဇ် အုပ်စိုးခွင့် ကုန်ဆုံးခါနီးတွင် ကိုရီးယားကို အုပ်စိုးချင်တဲ့ ရုရှားနဲ့ ဂျပန်တို့ကြား အငြင်းပွားမှုများ ဖြစ်ပေါ်ခဲ့ပါတယ်နောက်ဆုံးမှာတော့ ဂျပန်က အသာစီးရပြီး ကိုရီးယားဘက်က ဂျပန်နဲ့ သံတမန်ရေး အဆင်ပြေအောင် ကြိုးစားခဲ့တာကြောင့် ကိုရီးယားဟာ ဂျပန်တို့ ဩဇာညောင်းတဲ့ နိုင်ငံ တစ်ခု ဖြစ်လာခဲ့တယ် မိဖုရားကြီး လုပ်ကြံခံလိုက်ရတာကြောင့် အမျက်ဒေါသထွက်နေတဲ့ ဂင်ချန်းဆူဟာ စိတ်ကိုမထိန်းနိုင်ဘဲ လုပ်ကြံမှုမှာ ပါဝင်ခဲ့တဲ့ ဂျပန်လူမျိုးတစ်ယောက်ကို သတ်လိုက်မိတဲ့အတွက် ပြစ်ဒဏ်ချမှတ်ခံရပြီး အင်ချွန်းထောင်ကို အပို့ခံလိုက်ရပါတယ်အင်ချွန်းထောင်ထဲကို ရောက်သွားတဲ့အခါမှတော့ ထောင်သားတွေကို စာသင်ပေးပုံ၊ ငုပ်လျှိုးနေတဲ့ မျိုးချစ်စိတ်ကို ပြန်လည်ဖော်ဆောင်ပေးပြီး ဂျပန်လက်အောက်မှ လွတ်မြောက်ရေးအတွက် စိတ်အားထက်သန်စွာ တော်လှန်ခဲ့ပုံတွေအကြောင်း ရိုက်ကူးထားတဲ့ ဖြစ်ရပ်မှန် ဇာတ်လမ်းလေးပါ ဒီဇာတ်ကားမှာ နာမည်ကြီးမင်းသားကြီး Cho Jin Woong အပြင် ဂျွန်စောအဖြစ် လူသိများတဲ့ Song Seung Heon ...
movie

Man of Will (2017)

2017
Make It Big(2002) 6.1
Make It Big(2002) Make It Big(2002)ကျောင်းတစ်ကျောင်းမှာ ဖိုက်တာ(၃)ယောက်ရှိတယ်...သူတို့က သိပ်ခင်ကြသလို ပြသနာတစ်ခုခုဖြစ်တိုင်း စည်းစည်းလုံးလုံးနဲ့ဖြေရှင်းတတ်လို့တော်ရုံ ဖိုက်တာတွေက သူတို့ (၃)ယောက်ကိုမကျော်ရဲကြဘူး...လက်ရဲ ဇက်ရဲ သူတို့ (၃)ယောက်ဟာ လောကကြီးကို ပေစောင်းစောင်းနဲ့ဖြတ်သန်းနေကြတယ်...တစ်နေ့သူတို့(၃)ယောက်ဟာ ကားတစ်စီးနဲ့ပြန်လာတုန်း ကားပေါ်ကို အထုပ်ကြီးတစ်ထုပ်ရုတ်တရက်ပြုတ်ကျလာတယ်...အဲ့ဒီအထုပ်နဲ့မရှေးမနှောင်းမှာပဲ လူတစ်ယောက်ဟာ ကားခေါင်မိုးပေါ်ကိုထပ်ကျလာပြန်တယ်....ဒီလိုနဲ့ အထုပ်ကြီးကိုစစ်ကြည့်တဲ့အချိန်မှာ ဒေါ်လာအမျိုးအစားငွေတွေအပြည့်ဖြစ်နေတယ်...ပြုတ်ကျတဲ့ လူဟာသေဆုံးသွားပေမယ့် သုံးမကုန်နိုင်တဲ့ ငွေတွေကြောင့် သူတို့(၃)ယောက်ဟာမလုပ်သင့်တာတွေလုပ်ဖို့ စိတ်ကူးလိုက်ကြတယ်..ကဲ သူတို့တွေ ဘယ်လိုလှုပ်ရှားကြမလဲ...ဒီအလောင်းနဲ့ ပိုက်ဆံတွေနောက်မှာဘယ်လို ဂိုဏ်းတွေရှိမလဲ...ရဲတွေကရော ဘယ်လို ခြေရာခံကြမလဲ...သူတို့တွေကရော လွတ်မြောက်ကြမလား..ဆိုတာကိုတော့ခံစားကြည့်လိုက်ပါဦး...ဒီကားထဲသရုပ်ဆောင်တွေဟာ တကယ့်မင်းသားတွေကြီးပါပဲ....ရယ်ရတဲ့အခန်းတွေလည်းပါသလို သူတို့တွေပြသနာဖြေရှင်းကြတဲ့ပုံတွေနဲ့တကယ့် မူးရစ်ဂိုဏ်းတွေကြားဖြေရှင်းကြတဲ့ပုံစံတွေကလည်း တကယ့်ကိုစိတ်လှုပ်ရှားဖွယ်အတိပါပဲ...ကားဟောင်းပေမယ့် လန်းနေတဲ့ ကွီးယားကားကို တင်ဆက်ပေးလိုက်ပါသည်...ခံစားကြည့်လိုက်ပါဦး...File Size : (950 MB) and (413 MB) Quality : Blu-Ray 720p Format…mp4 Duration…01:30:00 Genre : Crime, Comedy Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

Make It Big(2002)

2002
The Bombing (2018) 7.1
The Bombing (2018) 2018 ထွက် Action/Adventure ဇာတ်ကားသစ်ဖြစ်ပြီး Cast တွေကလည်းကျွန်တော်တို့အကြိုက် မင်းသားတွေဖြစ်ပါတယ်။အက်ရှင်ကားပရိသတ်တွေရဲ့ Action မင်းသားကြီး Burce Willis,2002ခုနှစ်ကထွက်ရှိခဲ့တဲ့ The Pianist ဇာတ်ကားမှာ Performance ကောင်းကောင်းနဲ့စန္ဒယားအနုပညာရှင်ဖြစ် ပါဝင်သရုပ်ဆောင်ခဲ့တဲ့ Adrein Brody,ဒါ့အပြင် ကိုရီးယားသရုပ်ဆောင်မင်းသားကြီး ဂျွန်စောအဖြစ်လူသိများတဲ့ Song Seung Hun တို့နဲ့အတူ တရုတ်မင်းသားLui Ye တို့အတူပါဝင်အားဖြည့်သရုပ်ဆောင်ထားတဲ့ WWII နောက်ခံ Action ဇာတ်ကားသစ်ပဲဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းလေးကတော့ ဒုတိယကမ္ဘာစစ်အတွင်း ဂျပန်တို့ရဲ့လေကြောင်းတိုက်စစ်ဆင်မှုတွေကြားကနေ ကိုယ်စီတာဝန်အသီးသီးထမ်းဆောင်ကာ အရေးကြီးလက်နက်တစ်ခုကိုကာကွယ်ဖို့ကြိုးစားကြတာပဲဖြစ်ပါတယ်။ပရိသတ်Cast အလန်းစားတွေနဲ့ ရိုက်ကူးထားတာဖြစ်တာကြောင့် အားလပ်ရက်အနားယူရင်းအားပေးရအောင် တင်ဆက်ပေးလိုက်ပါတယ်။ (ဇာတ်လမ်းအညွှန်း နဲ့ ဘာသာပြန်သူကတော့ ရဲမာန်အောင် ပါ) File Size : (750 MB) and (350 MB) Quality : WEB-DL 720p Running Time : 1hr 37min Format : Mp4 Genre : Action ...
movie

The Bombing (2018)

2018