Channel Myanmar

Song Xiaofeng

Follow Bear to Adventure ( 2024 ) 6
Follow Bear to Adventure ( 2024 ) ကုမ္ပဏီကြီးတစ်ခုရဲ့ အောက်ခြေဝန်ထမ်းဖြစ်တဲ့ ရှီထူဟာ ကုမ္ပဏီမှာ ၂ နှစ်လောက် အလုပ်လုပ်ခဲ့ပေမဲ့ မန်နေဂျာရဲ့ လက်ထောက်အနေနဲ့ ခိုင်းဖက်အဆင့်ကမတက်နိုင် ဖြစ်နေပါတယ်။ တိုးတက်ချင်တဲ့ ရှိထူဟာ မန်နေဂျာကို ပရောဂျက်လုပ်ခွင့်တောင်းခဲ့ပေမဲ့ မန်နေဂျာက သူ့ကို အထင်သေးစွာ ဆက်ဆံခဲ့တဲ့အတွက် အလုပ်က ထွက်လာခဲ့ပါတယ်။ကုမ္ပဏီက တိရစ္ဆာန်ဥယျာဉ်ကို ဝယ်ပြီး အပန်းဖြေစခန်းဆောက်ဖို့ စီမံကိန်းရှိတာ သိတဲ့ ရှီထူဟာ ကြားဖြတ်အမြတ်ရနိုင်ဖို့အတွက် သူငယ်ချင်းဖြစ်သူ လျိုဟောက်နဲ့အတူ ပိုင်ဆိုင်မှုအကုန်ရင်းနှီးပြီး တိရစ္ဆာန်ဥယျာဉ်ကို ဝယ်ခဲ့ပေမဲ့ ထင်ထားသလို အမြတ်ကြီးတင်ပြီး ရောင်းမရခဲ့ ဖြစ်သွားပါတယ်။တိရစ္ဆာန်ကြီးကြီးမားမားမရှိတဲ့ ပိတ်သိမ်းခါနီး တိရစ္ဆာန်ဥယျာဉ်ကို ရှီထူတစ်ယောက် ပြန်လည်အောင်မြင်လာအောင် လုပ်ဖို့ အကြံကောင်းတစ်ခုကို စဉ်းစားမိခဲ့ပါတယ်။ လူတွေက တိရစ္ဆာန်ဟန်ဆောင်ဖို့ပါပဲ......ရှီထူတို့အဖွဲ့ တိရစ္ဆာန်ဥယျာဉ်ကို ပြန်လည်အောင်မြင်အောင် ဘယ်လိုကြိုးစားကြမလဲ...... လူတွေက တိရစ္ဆာန်အဖြစ် ဟန်ဆောင်ရာမှာ ဘယ်လိုကမောက်ကမအဖြစ်အပျက်တွေနဲ့ ဟာသတွေ ဖြစ်မလဲ...... ဆိုတာကို ရုပ်ရှင်နဲ့အတူ ကြည့်ရှုရယ်မောလိုက်ရအောင်နော်။ Quality : WEB-DL 1080p , 720p Format : mp4 Genres : Drama , Comedy Runtime : 1h 36 min Subtitle ...
movie

Follow Bear to Adventure ( 2024 )

Diary Of Security ( 2022 ) 5.7
Diary Of Security ( 2022 ) လင်ရှောင်းဖုန်း ခေါင်းဆောင်တဲ့ လုံခြုံရေးအဖွဲ့ ၁၉ ဟာ သူများကိစ္စတွေဝင်ပါပြီး အလေးအနက်တွေလုပ်လွန်းတာကြောင့် အလုပ်ထုတ်ပယ်ခံလိုက်ရတယ်... အလုပ်ထုတ်ခံရပြီး သူတို့သုံးယောက်လုံး စိတ်ဓာတ်ကျနေတဲ့ အချိန် ရှေးဟောင်းပစ္စည်းဆိုင် သူဌေးတစ်ယောက်ရဲ့ ဆိုင်လုံခြုံရေးအတွက်ဌားရမ်းခဲ့ပါတယ်...သူဌေးက သူ့ရဲ့ ရှေးဟောင်းပန်အိုးပြည်ပမှာ ပြသထားချိန် အတု ဖန်တီးကာဆိုင်မှာတင်ထားပြီး စျေးပေါပေါနဲ့ လုံခြုံရေးဌားကာ ဟန်ဆောင်စောင့်ခိုင်းထားတာဖြစ်နေခဲ့တယ် ....ရှေးဟောင်းပန်းအိုးရဲ့သတင်းကိုကြားတဲ့ သူခိုးအဖွဲ့ကလည်း အဲ့ဒီပန်းအိုးကို သူတို့သုံးယောက်ကိုလှည့်စားကာခိုးယူနိုင်ခဲ့တယ်... ပန်းအိုးပျောက်သွားတဲ့အတွက် သူဌေးဟာ သူတို့သုံးယောက်ကိုအလုပ်ထုတ်ပြီး သတင်းမပေါက်ကြားစေရန်အတွက် ပြည်ပက ပန်းအိုးအစစ်ကိုသွားယူခဲ့တယ်...ပန်းအိုးပြန်သွားယူနေတဲ့အချိန် သူဌေးရဲ့သမီးဖြစ်သူနဲ့ သူတို့သုံးယောက်က ပန်းအိုးကို အတုမှန်းမသိပဲ လိုက်ရှာဖို့လုပ်ခဲ့ကြတယ်.... သူတို့ရော သူခိုးကိုရှာတွေ့ပြီး ပန်းအိုးကို ပြန်ရှာတွေ့နိုင်မှာလား... ပြသာနာတွေရောရင်ဆိုင်ရဦးမှာလား... ဘာတွေဆက်ဖြစ်နိုင်ဦးမလဲဆိုတောတော့ ဆက်လက်စောင်မျှော်ကြည့်ရှုပေးကြပါဦးနော်... Quality : WEB-DL 1080p , 720p Format : mp4 Genres : Crime , Mystery Runtime : 1h 11 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded ...
movie

Diary Of Security ( 2022 )

I Am Not A Dionysian ( 2022 ) 6
I Am Not A Dionysian ( 2022 ) ဒီတစ်ခေါက်မှာတော့ I Am Not A Dionysian ( 2022 ) ဟာသရုပ်ရှင်လေးကို ဘာသာပြန်ပေးလိုက်ပါတယ်... ဇာတ်လမ်းအကျဥ်းချုပ်လေးကတော့....အရှေ့မြောက်ပိုင်း ဝိုင်အရက်စက်ရုံက ဝန်ထမ်း စုန့်ဟိုင်လျန် က စက်ရုံမှူး ရဲ့ လှည့်စားမှုကြောင့် သူ့ရဲ့အလုပ်သမားတွေဆီမှာ အကြွေးတင်နေခဲ့ပါတယ်....တောင်ပိုင်းရှိ ဝိုင်အရက်စပ်သမား ရှုံချူမော့ကလည်း အလုပ်မှာ ပေါ့ဆမှုကြောင့် အလုပ်ပြုတ်သွားခဲ့တယ်....အလုပ်လက်မဲ့ဖြစ်နေတဲ့ သူ နှစ်ယောက်ရဲ့ မတော်တဆ ဖုန်းခေါ်ဆိုမှုကဆင့်တွေ့ဆုံခဲ့ကြပြီး သူဌေးအယောင်ဆောင်ပြီးတော့ ဝိုင်အရက်စက်ရုံကြီးရဲ့ စီးပွားရေးအကြောင်း ပြောဖြစ်ကြရင်းတာပေါ့ဒီလိုနဲ့ တစ်ယောက်နဲ့တစ်ယောက်လှည့်စားနေရင်းကနေ နောက်ပိုင်းမှာတော့ရိုးသားစွာ အသက်ရှင်နေထိုင်ခြင်းဟာ ဘဝရဲ့ အဓိပ္ပါယ်အစစ်အမှန်ဖြစ်ကြောင်း ဘယ်လိုမျိုး သိရှိလာခဲ့လဲဆိုတာကိုပုံဖေါ်ရိုက်ကူးထားတဲ့ဇာတ်ကားလေးဖြစ်ပါတယ် Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 19 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Reviewed By Aye Myat Nwe Encoded by LK
movie

I Am Not A Dionysian ( 2022 )

Goodbye 2 ( 2023 ) 6
Goodbye 2 ( 2023 ) သိပ်မကြာသေးခင်က တင်ဆက်ပေးထားတဲ့ Good Bye 1 ရဲ့ အဆက်လေးပါ အရင်ကားကိုကြည့်ချင်တယ်ဆိုရင်တော့အောက်ကလင့်မှာဝင်ရောက်ကြည့်နိုင်ပါတယ်Goodbye I ( 2022 ) – Channel Myanmarတုန်းပေမှာ အသုဘကိစ္စတွေကိုလုပ်ဆောင်တဲ့ ဖန့်တမင်ပိုင် ဆိုသူဟာ အမှားတွေ မြောက်များစွာ ကျူးလွန်ခဲ့ပေမဲ့လို့ သူ့ရဲ့ အမှားတွေကို ပြန်လည်ပြင်ဆင်ဖို့အတွက် အဖွဲ့ပြန်လည်ဖွဲ့စည်းကာ သုဘရာဇာအလုပ်ကိုပြန်လည်လုပ်ကိုင်ခဲ့ပါတယ် ။ဖခင်ရဲ့ သေဆုံးမှုနဲ့ သမီးငယ်ဖြစ်သူရဲ့ ခွဲစိတ်စရိတ် အစရှိတဲ့ အကျပ်အတည်းတွေနဲ့ ရင်ဆိုင်နေရချိန်မှာ ဖန့်တမင်ပိုင် တစ်ယောက် စျာပနာတစ်ခုစီစဥ်ပေးဖို့အတွက် မထင်မှတ်ပဲ လက်ခံရရှိခဲ့ပါတော့တယ် ။ ဒီကိစ္စတွေ လုပ်ကိုင် နေစဥ်အတွင်းမှာပဲ ပြဿနာတွေအများကြီး ကြုံတွေ့ခဲ့ရသလို အလုပ်အပ်သူရဲ့ ထူးဆန်းမှုတွေကလဲ တစ်ဖြည်းဖြည်းနဲ့ ပေါ်ပေါက်လို့လာခဲ့ပါတယ် ။❏ ဒီတော့ ဒီဆန်းကျယ်လှတဲ့ စျာပနကို ဖန့်တမင်ပိုင် တစ်ယောက် ဘယ်လိုကိုင်တွယ်မှာလဲ ? ❏ ဒီစျာပနရဲ့ နောက်ကွယ်က အဖြစ်မှန်ကရော ဘယ်လိုဖြစ်နေမလဲ ? ❏ သူနဲ့ရော ဘာအညှိုးအတေးတွေ ရှိနေနိုင်မလဲ ? ဆိုတာ ကြည့်ရှုလိုက်ရအောင်ပါ ။ ဒီဇာတ်ကားအတွင်းမှာ ...
movie

Goodbye 2 ( 2023 )

Goodbye I ( 2022 ) 6
Goodbye I ( 2022 ) CM Chinese Fanလေးတွေအတွက် ဆန်းဆန်းပြားပြားခမ်းနားကြီးကျယ်တဲ့ အသုဘတစ်ခုဖြစ်လာအောင်စီမံတဲ့ဇာတ်ကားလေးတစ်ပုဒ်တင်ဆက်ပေးလိုက်ပါတယ်။ဖန့်တမင်ပိုင်ဟာတုံးပေမှာအဖြူရောင်လုပ်ငန်း(သုဘရာဇာလုပ်ငန်း) လုပ်ငန်းလုပ်ကိုင်တဲ့သူတစ်ယောက်ဖြစ်တယ်။ သူများနဲ့မတူတာက ထောင်ကထွက်လာတဲ့သူတွေကိုအလုပ်အကိုင်ပေးလက်ခံပေးခဲ့တယ်။တစ်နေ့မှာတော့ နျိုရင့်လန်ဆိုတဲ့လူတစ်ယောက်ရောက်ချလာပြီး အသုဘတစ်ခုအတွက် ယွမ်သိန်း၃၀သုံးမယ်လို့ဆိုပါတယ်။ ဖန့်တမင်ပိုင်တို့အဖွဲ့ကအရမ်းကိုအံ့ဩခဲ့ရတာပေါ့.....ဒီလိုနဲ့အသုဘအခမ်းအနားပြင်ဆင်နေတဲ့အချိန်မှာ ကျောက်တမင်ပိုင်နဲ့နျိုရင့်လန်က သူတို့နှစ်ယောက်ကြားက ရေစက်ဟာဒီလောက်ပဲမဟုတ်ဘူးဆိုတာသိလိုက်ရတယ်...... သူတို့နှစ်ယောက်ကြားမှာရောဘယ်လိုဆက်စပ်မှုတွေရှိနေသေးလဲ...... ယွမ်သိန်း၃၀တန်အသုဘအခမ်းအနားကြီးဟာဘယ်လိုဖြစ်လာမလဲ......ဒီဇာတ်ကားလေးရဲ့အတွဲ ၂ ကြည့်မယ်ဆိုရင် အောက်ကလင့်မှာဝင်ကြည့်ပါGoodbye 2 ( 2023 ) – Channel Myanmar [ Reviewed By Nu Mon ] Quality : WEB-DL 1080p , 480p Format : mp4 Genres : Family , Drama Runtime : 1h 52 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK  
movie

Goodbye I ( 2022 )

Dreams of Getting Rich ( 2021 ) 5.9
Dreams of Getting Rich ( 2021 ) “အသက် (၃၀) အရွယ် မိဘမဲ့တစ်ယောက်ဖြစ်သူ ၊ ရွာမှာ ရှိတဲ့ အလုပ်မှန်သမျှကို လုပ်ကိုင်ပြီး ရွာက ကျွေးတာကမ်းတာကိုပဲစားရသူ ၊ ဆင်းရဲပြီး အရပ်မှာ ၅ ပေပဲရှိလို့ လူစဥ်မမှီတဲ့ သူတစ်ယောက်အဖြစ် ရပ်တည်နေရသူ - စုန့်ရှောင်ပေါင်”စုန့်ရှောင်ပေါင်တစ်ယောက် ချမ်းသာချင်တဲ့အတွက် သူ့အစ်ကို(၂) ဖြစ်သူကို ပူဆာပြီး ရှန့်ကျန့်မြို့ကြီးဆီ ပိုက်ဆံရှာဖို့ထွက်လာခဲ့ပါတယ် ။ ပိုက်ဆံရှာဖို့ ထွက်လာတဲ့ ရှောင်ပေါင် တစ်ယောက် ပိုက်ဆံမရတဲ့အပြင် စွန့်ပစ်ခံထားရတဲ့ ကလေးငယ်တစ်ယောက်နဲ့ တွေ့ဆုံဖို့ ကံကြမ္မာက အကြောင်းဖန်လာခဲ့ပါတော့တယ် ။ ကိုယ်တိုင်ကမိဘမဲ့ တစ်ယောက်ဖြစ်တာမို့ ကလေးငယ်လေးကိုလဲ မစွန့်ပစ်ရက်ပဲ ဆင်းရဲမွဲတေတဲ့ ကြားကနေ မွေးစားခဲ့ပါတယ် ။ကလေးတစ်ယောက်နဲ့ နေစရာအိမ်မရှိတဲ့ ရှောင်ပေါင် နဲ့ အစ်ကို (၂) တို့နှစ်ယောက်ဟာ အဘိုးတစ်ယောက်ရဲ့ ကူညီမှုနဲ့ နေစရာရရှိခဲ့ပြီး တစ်ချိန်ထဲမှာပဲ ရှောင်ပေါင်ဟာ မာလုဆိုတဲ့ မိန်းကလေးနဲ့ တွေ့ဆုံခဲ့ပါတယ် ။ကလေးငယ်လေးနဲ့အတူ ကံကြမ္မာအရ တွေ့ဆုံကြရတဲ့ သူစိမ်းတွေဟာ ဆွေမျိုးရင်းလိုဖြစ်လာပြီး နွေးထွေးတဲ့ မိသားစုလေးအဖြစ်ပြောင်းလဲ လာခဲ့ပါတယ် ။ ဒါပေမဲ့လို့ ဒါတွေဟာ ကြာရှည်မခံခဲ့ပါဘူး ။ အရွယ်ယောက်လာတဲ့ ကလေးငယ်လေးဟာ ...
movie

Dreams of Getting Rich ( 2021 )

Embarrassment Of Will ( 2022 ) 6
Embarrassment Of Will ( 2022 ) မိန်းမ စွန့်ပစ်တာကို ခံရပြီး ဘာမှလက်ကြောတင်းအောင် မလုပ်တတ်တဲ့ လူငယ်တစ်ယောက်ဖြစ်တဲ့ - ကောဖုန်းမိန်းမနဲ့ကွာရှင်းပြီးတဲ့နောက် စိတ်ပြေလက်ပျောက် အရက်ဘားမှာထိုင်နေရင်း မိန်းကလေး မော့လီနဲ့ တွေ့ဆုံခဲ့တဲ့အခါ..? အစတုန်းကတော့ ဒီတွေ့ဆုံမှုကို တိုက်ဆိုင်မှုတစ်ခုအဖြစ်ထင်ခဲ့ပေမဲ့လို့ ဒါပေမဲ့ ဒီတွေ့ဆုံမှုဟာ ထူးဆန်းတဲ့ ကိစ္စတစ်ခုနဲ့ ပတ်သတ်နေခဲ့ပါတော့တယ်။အလုပ်မှာ လုပ်ရည်ကိုင်ရည် ရှိလှတဲ့ မော့လီတစ်ယောက် နေမကောင်းဖြစ်နေတဲ့ သမီးဖြစ်သူ ဆေးဖိုးရရှိဖို့ ကြိုးစားနေရရှာပါတယ်။ အဲဒီတစ်ချိန်ထဲမှာပဲ သူမဟာ အရေးကြီးလှတဲ့ တာဝန်တစ်ခုကို လက်ခံရှိခဲ့ပါတယ်။ အဲဒီတာဝန်ကတော့ ကောဖုန်းကို ပြန်ပေးဆွဲပြီး သူပိုင်ဆိုင်တဲ့ ကျောက်စိမ်းပြားလေးလို့ ခိုးယူဖို့ပါ။ သမီးဖြစ်သူဆေးဖိုးရရှိရေးအတွက်ပဲ ရှေ့တန်းတင်ထားတဲ့ မော့လီတစ်ယောက် ကောဖုန်းကို စွန့်စားရှာဖွေဖို့ ကြိုးစားလာခဲ့ရင်း.....?❏ ဒီကိစ္စနောက်ကွယ်မှာ ကြီးမားတဲ့ လျှို့ဝှက်ချက်ကြီးတစ်ခု ရှိကြောင်းသိလိုက်ရတဲ့အခါ? ❏ ကောဖုန်းနဲ့ မော့လီတို့ ဘယ်လိုရင်ဆိုင်တုန့်ပြန်ကြမလဲ? ❏ နောက်ကွယ်က ကြိုးကိုင်ခိုင်းစေနေသူကတော့ဘယ်သူဖြစ်နေမှာလဲ? ❏ နောက်ကွယ်က အမှန်တရားကိုရော သူတို့ ရှာဖွေနိုင်ပါ့မလား ? ဆိုတာ စိတ်ဝင်တစားကြည့်ရှုရမဲ့အပြင် အလွဲလေးတွေ အခွီလေးတွေပါ ပါတာမို့ တကယ်ကို ကြည့်လို့ကောင်းမဲ့ ဇာတ်ကားလေးတစ်ကားပါပဲ အခုပဲကြည့်ရှုလိုက်ရအောင်ပါနော် [Reviewed By Chit Mya Mya ...
movie

Embarrassment Of Will ( 2022 )

Northeast Disco ( 2022 ) 5.9
Northeast Disco ( 2022 ) ကိုယ်ကြီးလာတဲ့အခါဘယ်လိုဖြစ်မယ်လို့ပုံဖော်ခဲ့ကြဖူးလဲ? ငယ်ဘဝရဲ့အိပ်မက်နဲ့ ကြီးပြင်းလာတဲ့အခါ တစ်ထပ်တည်းကျတတ်ရဲ့လား?ဒစ္စကိုခေတ်က ကျိုးချွမ်ယွဲ့ဆိုတဲ့ရုပ်ဆိုးဆိုးလူငယ်လေးဟာ မတော်တဆထိခိုက်မိသွားပြီး ပြန်နိုးလာတဲ့အခါ ၂၀၂၂ခုနှစ်ကိုရောက်နေပါပြီ......နိုးလာတဲ့ကျိုးချွမ်ယွဲ့ဟာ အိမ်ကြီးအိမ်ကောင်းမှာနေ ကားကောင်းကြီးစီးပြီး ကုမ္ပဏီဥက္ကဌကြီးဖြစ်နေတာတွေ့လိုက်ရတယ်။ ပိုပြီးအံ့အားသင့်စရာကောင်းတာက သူငယ်ငယ်တုန်းက ရင်ထဲကနတ်ဘုရားမလေး ဖုဖန်းဟာသူ့ရဲ့ဇနီးဖြစ်နေပါလား...... ကျိုးချွမ်ယွဲ့လက်မခံနိုင်တဲ့အမှန်တရားကတော့ သူဟာရှယ်ယာရှင်ပြည်သူတွေရဲ့ငွေတွေကိုလိမ်လည်ခဲ့ပြီး မိဘကပါစွန့်လွှတ်ထားတဲ့ လူဆိုးကြီးဖြစ်နေတာကိုပါပဲ......တစ်နေ့မှသူ့ရဲ့ရည်းစားလုဖက်ဖြစ်ခဲ့တဲ့လိုင်အန်နဲ့ပြန်ဆုံတွေ့ခဲ့တယ်။ သူ့ရဲ့ရည်းစားလုဖက်လိုင်အန်က ဖုဖန်းကိုမမေ့နိုင်သေးပါဘူး..... ဒီလိုနဲ့နှစ်ယောက်သားအကြိမ်ကြိမ်အကွက်တွေထုတ်သုံးပြီး ယှဉ်ပြိုင်ကြတာကိုရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာပါ။ အားလုံးကိုသေချာပေါက်စိတ်ပျော်ရွှင်စေမယ့်ကားလေးပဲဖြစ်ပါတယ်နော်၊ Quality : WEB-DL 1080p , 480p Format : mp4 Genres : Comedy Runtime : 1h 10 min Subtitle : Myanmar Subtitle ( Hardsub ) Translated by CM Team Encoded by LK
movie

Northeast Disco ( 2022 )

Hi,Mon (2021) 7.0
Hi,Mon (2021) IMDb 7.0 အထိ ရရှိထားတဲ့ဇာတ်ကားကောင်းလေးပါဒီကားလေးကတော့ ဟာသကားလေးပေါ့သို့ပေမယ့် ခံစားတတ်တဲ့နှလုံးသားရှိရင်မျက်ရည်တွေနဲ့ ရယ်ကြရမယ့်ကားလေးပါဒီကားလေးက ဖြစ်ရပ်မှန်ကိုအခြေခံတာထက်ပိုတယ်.ဘာလို့လဲဆိုတော့ ဒီကားလေးကဒါရိုက်တာရဲ့ မပြီးမြောက်ခဲ့တဲ့ ဆန္ဒကိုမှန်းဆပုံဖော်ရိုက်ကူးတဲ့ကားမလို့ပါ...ဒီကားလေးထဲ သေသွားခဲ့တဲ့ သူချစ်ရတဲ့ခွေးလေး...အမေ့ကိုပြောချင်ခဲ့တဲ့စကားတွေနဲ့နောက်ဆုံး မပေးဖြစ်ခဲ့တဲ့ အနွေးထည်လေးကိုပါထည့်ပြီး ရိုက်ကူးခဲ့တာပါဇာတ်လမ်းအကျဉ်းကိုပြောပြရရင်...ငယ်ငယ်တုန်းက ကျောင်းမှာ ချီးပါချလို့အမေ့မှာအရှက်ကွဲရစာမတော် အမှတ်မကောင်းလို့ ကိုယ်နဲ့အတူဆရာမဆူတာခံရတဲ့အမေသူ့မိတ်ဆွေ အသိုင်းအဝိုင်းတွေကြားသားသမီးချင်းဂုဏ်ပြိုင်ရင်မျက်နှာငယ်ရတဲ့အမေဒီလိုအမေနဲ့ အတူစက်ဘီးစီးရင်းမတော်တဆဖြစ်တာတောင်အမေကဆေးရုံပေါ်မှာနောက်ဆုံးအချိန်ကိုစောင့်နေရချိန်ကိုယ်ကဘာမှမလုပ်ပေးနိုင်ဘဲ သေမှာကိုထိုင်ကြည့်နေရတဲ့ ကောင်မလေးတစ်ယောက်...ဆေးရုံမှာလူနာစောင့်ရင်း တီဗီကကြေညာသံတွေနောက်လိုက်ရင်း ၁၉၈၁ ခုနှစ်အမေအပျိုအချိန်ကို ရောက်သွားခဲ့တယ်...အဖက်ဖက်က ကြိုးစားရင်း အမေ့ဘဝကိုပိုကောင်းအောင် ကြိုးစားပေး....အမေ့ပျော်အောင် ကြိုးစားပေးရင်း...နောက်ဆုံး အမေမွေးတာ ငါမဟုတ်ရင်အမေ့ဘဝပိုသာယာမလားလို့ တွေးမိပြီးတခြားသူနဲ့အောင်သွယ်ပေးတဲ့အထိ ကြိုးစားနေတဲ့ ရှောင်လင်...အတိတ်ကိုပြင်ဖို့ကြိုးစားတာ အောင်မြင်မလားကြားထဲ ဘာတွေဖြစ်မလဲ နောက်ပြီးသူမသိတဲ့တခြားဘာကိစ္စတွေရှိဦးမှာလဲဆိုတာဇာတ်လမ်းလေးကိုကြည့်ရင်း ခံစားကြည့်လိုက်ပါ  Quality :  WEB-DL 1080p Format : mp4 Duration : 2h 8min Genres : Comedy , Drama , Fantasy Subtitle : Myanmar Subtitle ( Hardsub ...
movie

Hi,Mon (2021)