Channel Myanmar
Song Yun-ah
Secret(2009) 7.0
Secret(2009) Secret(2009)***********အဓိကဇာတ်ဆောင်တွေအနေနဲ့ Cha Seung Won, Song Yoon A, Ryoo Seung Ryong တို့ ပါဝင်ထားကြပါတယ်။စုံထောက် ကင်ဆောင်းယော (Cha Seung Won) ဆိုတဲ့သူမှာ သိပ်လှတဲ့ ဇနီးချောလေးတစ်ယောက်ရှိတယ်..သူဟာ အလုပ်မှာတာဝန်ကျေတယ်လို့ဆိုရပေမဲ့ ဇနီးဖြစ်သူအပေါ်တော့ ခင်ပွန်းဝတ္တရားကျေပုံမရဘူး...ဒါ့ကြောင့် သူတို့လင်မယားရဲ့ အိမ်ထောင်ရေးဟာအဆင်ပြေလှတယ်ရယ်တော့မဟုတ်ဘူး...ဒါပေမဲ့ သူဟာ နည်းလမ်းအမျိုးမျိုးနဲ့ဇနီးဖြစ်သူနဲ့အဆင်ပြေဖို့ကြိုးစားရှာတယ်...တစ်နေ့တော့ လူမိုက်ဂိုဏ်းခေါင်းဆောင်တစ်ဦးသတ်ခံရတယ်..ဒီအမှုကိုလိုက်ဖို့ သူ့ကိုပဲ စခန်းမှူးက တာဝန်ပေးလိုက်တယ်...အမှုမှာ သက်သေတွေလိုက်စစ်တဲ့အခါမှာ သက်သေအဖြစ်ကျန်ခဲ့တဲ့ ကြယ်သီးတစ်လုံးနဲ့နားကတ်တစ်ဖက်ဟာ သူ့မိန်းမရဲ့ပစ္စည်းတွေဖြစ်နေတယ်...ဒီလိုနဲ့ တရားခံဖြစ်ဖို့ရာခိုင်နှုန်းများတဲ့ မိန်းမရဲ့ သက်သေခံပစ္စည်းတွေဖြစ်နေတဲ့အတွက်ကြောင့်သူဟာ ဒီသက်သေတွေကိုဖျောက်ပြီး အမှုကို တလွဲတွေလုပ်ဖို့ကြံစည်ပါတော့တယ်.. အဲ့ဒီနောက် ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....File Size :(2.8GB) and (855MB) Quality :NF.WEB-DL.1080P5.1Ch,720p Format…mp4 Duration…01:45:00 Genre : Crime , Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Mya Thet Encoded by Phyo ...
movie
Secret(2009)
Wedding Dress (2010) 7.5
Wedding Dress (2010) Wedding Dress (2010)ဘဝမှာ ကိုယ်ချစ်ရဆုံးသူတစ်ယောက် ရှိကြမှာပါ ဒီဇာတ်လမ်းလေးထဲမှာတော့ တစ်ခုလပ်မိခင် ဂိုဝွန်းက မင်္ဂလာဝတ်စုံဒီဇိုင်နာတစ်ယောက်ဖြစ်ပြီး သူ့မှာ သွေးကင်ဆာရှိနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်အဲဒီနောက်မှာ သူမရဲ့သမီးလေး ဂျောင်ဆိုရာကို သူမမပါဘဲ နေထိုင်တတ်ဖို့ ဆိုရာအကျင့်တွေနဲ့ပက်သက်ပြီး ဘယ်လိုတွေပြင်ဆင်ပေးခဲ့မလဲ သမီးလေးနဲ့မခွဲခင်မှာ သမီးလေးအတွက် မင်္ဂလာဝတ်စုံဝတ်ဆင်ခြင်းအပါအဝင် သမီးလေးအတွက် တတ်နိုင်သမျှ အကုန်လုပ်ပေးချင်ခဲ့ပါတယ် သူမရဲ့ရောဂါပိုဆိုးလာနဲ့အမျှ ဆိုရာလည်း သူ့အမေနေမကောင်းဖြစ်နေတာကို သိသွားပြီး သူ့အမေရဲ့ဆန္ဒတွေကို လျှို့ဝှက်ပြီး ဘယ်လိုဖြည့်ဆည်းပေးဖို့ကြိုးစားမလဲ ချစ်ရတဲ့သူ့ရဲ့အမေအတွက် သူ့အကျင့်တွေကိုပြင်ပြီး ဘယ်လိုတွေရှေ့ဆက်မလဲ ကိုယ်ချစ်ရဆုံးအမေနဲ့ မခွဲရခင်မှာ ဆိုရာလေးက ဘယ်လိုတွေဖြည့်ဆည်းပေးမလဲဆိုတာကိုတော့....အညွှန်း နဲ့ ဘာသာပြန်ကတော့ Myo Myo ပဲ ဖြစ်ပါတယ်။Genre..... Drama Quality…. 1080p | 720p | 480p File size… 1.5GB | 724MB | 352MB Format… mp4 Duration…. 1h 49min Subtitle…. Myanmar Subtitle (Hardsub) Translator ..... Myo Myo Encoder ..... Aaron
movie
Wedding Dress (2010)
2010
I (2021) 7.0
I (2021) I (2021) အညွှန်း*************မိဘမဲ့လည်းဖြစ် ကလေးပြုစု‌စောင့်ရှောက်နည်းသင်တန်းပါတက်ထားတဲ့ Ah young ဟာအလုပ်လိုက်ရှာရင်းနဲ့ ကလေးထိန်းအလုပ်ကိုရသွားပါ‌တယ်.... သူထိန်းပေးရမယ့်ကလေးလေးရဲ့မိခင်ဟာလည်း ကလေးတစ်ဖက်နဲ့ တစ်ယောက်တည်းရုန်းကန်လှုပ်ရှားနေရတဲ့အရက်ဆိုင်ကအပျော်မယ် single mother တစ်‌ယောက်ပါ....၂ယောက်လုံးရဲ့ လက်ရှိအနေအထားတွေဟာ တခြားသူတွေထက်ပိုခက်ခဲနေတဲ့ အနေအထားတွေပေါ့...ဒီလိုနဲ့သူတို့ (၂)ယောက်ရင်းနှီးကြပြီး တစ်ယောက်နဲ့တစ်ယောက်ဖေးမကြပေါ့...အဲ့ဒီနောက်မှာတော့ ရုန်းကန်နေရတဲ့သူတို့ အတွက် ပြဿနာအကြီးကြီးတွေရောက်လာတဲ့အခါမှာတော့...သူတို့ဘယ်လို ဖြေရှင်းကြမလဲ...မိန်းမသားတွေဖြစ်ပေမဲ့ လောကဒဏ်ကို ဘယ်ကြံ့ကြံ့ခံရင်ဆိုင်ကြမလဲဆိုတာကိုတော့ ခံစားကြည့်ကြပါ...ဒီကားထဲကသရုပ်ဆောင်မင်းသမီးတွေကတော့ နာမည်ကြီးတွေကြီးပဲမို့ ထွေထူးမညွှန်းတော့ပါဘူး ...File Size :(2.1GB) and (1GB) Quality : WEB-DL1080P,720p Format…mp4 Duration…01:54:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Ichika Satoru Encoded by Phyo Pyae
movie
I (2021)
Arang (2006) 6.0
movie
Arang (2006)
Innocent Witness (2019) 7.1
Innocent Witness (2019) အပြစ်ကင်းတဲ့သက်သေ... ================ တစ်နှစ်သမီးအရွယ်မှာ တခြားကလေးတွေက ဖေဖေမေမေ ခေါ်တတ်ရုံရှိသေး၊ ဂျီဝူးကတော့ ဝါကျတစ်ကြောင်းလုံး ပြောနိုင်လောက်အောင် အတတ်မြန်သူလေးပါ။ ဒါပေမဲ့ ကံမကောင်းစွာပဲ သူကလေးဟာ အော်တစ်ဇင်ဖြစ်လို့ နေခဲ့ပါတယ်။ ဒါပေမဲ့ ကံကောင်းချင်တော့ ဂျီဝူးဟာ အော်တစ်ဇင်ထဲမှာမှ ဓာတ်ပုံရိုက်ယူထားသလို ကောင်းမွန်စွဲမြဲတဲ့ မှတ်ဉာဏ် (Photographic memory) နဲ့ နားအလွန်ပါးတဲ့၊ အဝေးကြီးက တီးတိုးသံကိုတောင် သဲသဲကွဲကွဲ ကြားနိုင်တဲ့ အကြားအာရုံ (Hyperacute Hearing) ကို ပိုင်ဆိုင်သူလဲ ဖြစ်နေပြန်ပါတယ်။ ပဟေဠိတွေ၊ စကားထာတွေကိုလဲ သူက ကျွမ်းကျွမ်းကျင်ကျင် ဖြေရှင်းနိုင်ပြန်တယ်။ သူ့မှာ အားနည်းတာကတော့ လူတွေနဲ့ ဆက်ဆံတဲ့အခါမှာပါ။ လူကိုကြည့်ပြီး စကားမပြောတတ်သလို သူ့ကို လာပြောရင်လဲ သူ့စိတ်ထဲက မရင်းနှီးရင် ပြန်ကိုမပြောတာမျိုးပါ။ အဲဒီလို အနေအထားမျိုးရှိတဲ့ ဂျီဝူးလေးဟာ အသက်ဆယ့်ငါးနှစ်အရွယ် ရောက်လာခဲ့တဲ့ တစ်နေ့မှာတော့ သူ့အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ဖြစ်ပွားတဲ့ လူသတ်မှုတစ်ခုကို မျက်ဝါးထင်ထင် ကြုံတွေ့ခဲ့ရပါတော့တယ်။ အဘိုးကြီးကင်ဟာ ဂျီဝူးအိမ်ရဲ့ မျက်နှာချင်းဆိုင်အိမ်မှာ တစ်ကိုယ်တည်း နေထိုင်သူပါ။ သူ့အိမ်မှာ ဝေယျာဝစ္စလုပ်ပေးဖို့ ခေါ်ထားတဲ့ အမျိုးသမီးတစ်ဦးကလွဲရင် အတူနေ တခြားအိမ်သား မရှိပါဘူး။ ဇနီးဖြစ်သူဆုံးတာ နှစ်နှစ်ရှိပြီး အထီးကျန်နေတဲ့ အဘိုးကြီးကင်ဟာ ပလတ်စတစ်အိတ် ခေါင်းမှာစွပ်ပြီး သူ့ဘာသာ သတ်သေသွားတာဖြစ်ကြောင်း ထင်မြင်ယူဆစရာတွေ ရှိနေပေမယ့် မျက်မြင်သက်သေဂျီဝူးရဲ့ အဆိုအရ အိမ်အကူအမျိုးသမီး သတ်တယ်လို့ ကောက်ချက်ဆွဲပြီး ရဲတပ်ဖွဲ့က တရားစွဲဆိုထားပါတယ်။ ဒီအချိန်မှာ ဉာဏ်ရည်ထက်မြက်ပြီး လျှောက်လဲချက်ပေးရာမှာ ထူးချွန်တဲ့ ...
movie
Innocent Witness (2019)
2019