Channel Myanmar

Sonny Ashbourne Serkis

The War Below(2020) 7.0
The War Below(2020) The War Below(2020)********************World war 1  ကမ္ဘာစစ် ဖြစ်ရပ်မှန်ကိုအခြေခံထားပြီး ကာလအားဖြင့်1915 ခုနှစ် စစ်ပွဲကြီးမှာ ဂျာမန်တွေနဲ့  အင်္ဂလိပ်တို့တိုက်နေရချိန်ပါ...ဒီချိန်မှာ ဂျာမန်ဘက်က အရေးသာပြီးပြီး အဂ်လိပ်တို့ အရေးနိမ့်နေချိန်ပါ..လူတွေ သောင်းချီ အပတ်တိုင်းသေနေပြီး ရှေ့ကိုတစ်လမတိုးဖို့တောင် ခက်ခဲနေတဲ့အဂ်လိပ်တို့ရဲ့အခြေအနေပါ..ဘာလင်ကိုသိမ်းဖို့ ဝေးစွ ....ဂျာမန်ရဲ့ရှေ့တန်းခံစစစ်စည်းကိုတောင်မကျော်နိုင်တဲ့အတွက်အင်္ဂလိပ်တို့ ထိုးစစ်ဆင်ဖို့ နည်းအမျိုးမျိုးစဉ်းစားကြပါတယ်..ဒါကြောင့်  British ခေါင်းဆောင်တွေက မိုင်းတူးသမားတွေကို လူစုပြီး ခေါ်ခဲ့ပါတယ် ..အကြံကတော့ အင်္ဂလိပ်ဘက်ကနေ ဂျာမန်ရှေ့တန်းထိ နေရာတစ်လျှောက်ကိုမြေအောက်ကနေ လှိုက်ခေါင်းတွေတူးပြီး ဗုံးထောင်ခွဲဖို့ပါ ..သာမန်အရပ်သားတွေဖြစ်နေပြီးစစ်ရေးအတွေ့ကြုံလည်းမရှိ ..ဒါ့အပြင် တူးတဲ့ကာလက အပေါ်မှာ အမြောက်သံတဝီဝီနဲ့ ဂျာမန်တွေရဲ့ နည်းဗျူဟာမြောက်ကင်းထောက်တွေကြားမှာသူတို့ဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့....File Size :(1.1GB) and (470 MB) Quality : Blu-Ray 1080p,720p Format…mp4 Duration…01:36:00 Genre : War, History, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by ...
movie

The War Below(2020)

The Hobbit: An Unexpected Journey (2012) 7.9
The Hobbit: An Unexpected Journey (2012) The Lord of the rings နဲ့ The hobbit ရုပ်ရှင်တွေဟာ Fantasy လို့ခေါ်တဲ့ စိတ်ကူးယဉ် ရုပ်ရှင်အမျိုးအစားတွေ ဖြစ်ပါတယ်။ အပြင်လောကမှာ မရှိတဲ့ ပုံပြင်တွေ ဒဏ္ဍာရီတွေ ဇာတ်ကောင်တွေနဲ့ တည်ဆောက်ထားတာပါ။ ဒါပေမယ့် အချို့ Fantasy ရုပ်ရှင် စာအုပ်တွေဟာ အပြင်လောကနဲ့ ရောမွှေထားတာမျိုး ရှိတတ်ပါတယ်။ ဥပမာ - နာနီယာ၊ ဟယ်ရီပေါ်တာ၊ ပါစီဂျက်ဆန် စသည်ဖြင့်ပါ။ဒါပေမယ့် ဒီ ဇာတ်လမ်းတွေကိုတော့ စာရေးဆရာကြီး J.R.R.Tolkien ကအစအဆုံး ကိုယ်ပိုင်စိတ်ကူးနဲ့ ရေးသားခဲ့တာပါ။ နတ်သူငယ်တွေ၊ လူပုတွေ၊ ဘီလူးတွေရဲ့ ကိုယ်ပိုင်ဘာသာစကားကို တီထွင်ခဲ့တယ်။ မူရင်းစာအုပ်တွေမှာ မြေပုံအပြည့်အစုံနဲ့ ရေးသားခဲ့တယ်။ သမိုင်းတစ်ခုလုံးကို ပြက္ခဒိန်ပါ ဖန်တီးပြီး ရေးသားခဲ့တာဖြစ်ပါတယ်။ စာသားတင်မက ကဗျာတွေ သီချင်းတွေပါ ရေးဖွဲ့ခဲ့တာပါ။ လူတစ်ယောက်ရဲ့ ဦးဏှောက်တစ်ခုထဲကနေ စကြဝဠာတစ်ခု ပေါ်ထွက်လာတယ်လို့ ပြောလို့ရပါတယ်။စာအုပ်ကိုအသာထားပြီး ရုပ်ရှင်အကြောင်းကိုပဲ ပြောကြပါစို့။ The Lord of the ...
movie

The Hobbit: An Unexpected Journey (2012)

2012
4K HEVCHDR
Child 44 (2015) 6.5
Child 44 (2015) ဒုတိယကမ္ဘာစစ်ရဲ့ စစ်ပြန် ဆိုဗီယက် သူရဲကောင်းလီယိုဒီမီဒေါ့ဟာ စစ်ကြီးအပြီးမှာတော့ နိုင့်ငံရဲ့ လျှိုဝှက်ထောက်လှမ်းရေးအဖွဲ့မှာ ရာထူးကြီးကြီးနဲ့ထမ်းဆောင်နေပြီး ဇနီးလှလှလေးရိုင်စာနဲ့ တိုက်ခန်းကောင်းကြီးမှာတူတူနေနေပါတယ်။စစ်အေးခေတ်ကြီးရဲ့မတည်ငြိမ်တဲ့အချိန်နဲ့ ဆိုဗီယက် ကွန်မြူနစ်စနစ် ရဲ့ဖိနှိပ်မှုတွေရှိနေတဲ့ကြားက လီယိုတယောက် ကလေးငယ်တွေကိုပဲ လိုက်သတ်နေတဲ့ စိတ္တဇ လူသတ်သမားကိုဖော်ထုတ်အရေးယူဖို့ဖြစ်လာရပါတယ်။ဒါပေမဲ့ လုပ်ဖော်ကိုင်ဖက်တွေရဲ့မနာလို၀န်တိုမှုတွေရှိနေတဲ့အပြင် ဇနီးသည်နဲ့ဆက်ဆံရေးကလည်းထင်သလိုရိုးရှင်းမှုမရှိပါဘူး။လီယိုအနေနဲ့ ဒီလိုအခက်အခဲတွေကြားက ဘယ်လိုရုန်းထွက်သွားမလဲ။နာမည်ကြီးသရုပ်ဆောင်တွေဖြစ်တဲ့ Tom Hardy နဲ့ Noomi Rapace တို့ကခေါင်းဆောင်နေရာကပါ၀င်ပြီး ဇာတ်ပို့‌နေရာမှာလည်း Joel Kinnama n,Paddy Considine တို့အပြင် ဝါရင့်မင်းသားကြီး Gary Oldman တို့ပါ အားဖြည့်ထားပါတယ်။စုံထောက်ဇာတ်လမ်းတွေကြိုက်တဲ့အပြင် စစ်အေးခေတ်နိုင်ငံရေးကိုစိတ်၀င်စားသူ‌တွေအတွက် ရုပ်ရှင်ကောင်းတစ်ကားပါပဲ။ File size…(2.6 GB) / (1.3 Gb) / (600 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:17:00 Genre...Crime, Drama, History Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Sett ...
movie

Child 44 (2015)

Venom: Let There Be Carnage (2021) 6.3
Venom: Let There Be Carnage (2021) Venom: Let There Be Carnage (2021)==========================IMDb Rating - 6.3/10Venom 2 WebDL video quality, sound quality ကောင်းကောင်းနဲ့ Digital Released ထွက်လာပြီမို့ . update လုပ်ပြီးတင်ဆက်ပေးလိုက်ပါပြီ။Venom ဒုတိယကားမှာလည်း အက်ဒီ နဲ့ ဗယ်နွန်က မတည့်အတူနေပါပဲ။ ငြင်းလိုက်ခုန်လို့ ရန်ဖြစ်လိုက်နဲ့ လူဆိုးတွေနဲ့ ချနေဆဲပါပဲ။ကလိတပ်ဆိုတဲ့ စိတ္တဇလူသတ်သမားဆီကို အနီရောင် ကပ်ပါးကောင် ကာနေ့ဂျ် ရောက်သွားပြီ ထောင်ကနေ လွတ်မြောက်သွားပါတယ်။ကလိတပ်က သူ့ရဲ့ချစ်သူကိုပါ ထောင်ထဲက ကယ်ထုတ်ပြီး အက်ဒီ နဲ့ဗယ်နွန်ကို ကလဲ့စားချေဖို့ လိုက်လာတဲ့အခါ.....အဆက်အစပ်ရှိချင်ရင်တော့ CM မှာတင်ပေးထားတဲ့ Venom 1 ကိုကြည့်လို့ရပါတယ်။ နောက်ပြီးတော့ Venom-2 ရဲ့ အဆုံးမှာစပိုက်ဒါမန်း နဲ့ ဆက်စပ်မယ့် တစ်ခန်းပါသေးတာမို့ သေချာလေး ရှာကြည့်လိုက်ပါဦးနော်။(ဒီဇာတ်လမ်းရဲ့ အညွှန်းနဲ့ ...
movie

Venom: Let There Be Carnage (2021)

2021
4K HEVC Web-DL
Dolittle (2020) 5.5
Dolittle (2020) Dolittle 2020============#Unicodeအားလုံးမျှော်လင့်နေတဲ့ ၂၀၂၀ ခုနှစ်ထွက် Doctor Dolittle ကိုတင်ဆက်ပေးလိုက်ပါတယ်... Dolittle ဟာ လွန်ခဲ့တဲ့ သက္ကရာဇ် ၁၉၂၀ ခုနှစ်မှာထွက်ရှိခဲ့တဲ့ စာရေးဆရာ Hugh Lofting ရဲ့ ဒေါက်တာ Dolittle စွန့်စားခန်းများကို အခြေပြုရိုက်ကူးထားတာပဲဖြစ်ပါတယ်... ဒီဇာတ်လမ်းထဲက ဒေါက်တာ Dolittle ဟာ တိရစ္ဆာန်တွေကို စကား​ပြောနိုင်တဲ့ ထူးခြားတဲ့စွမ်းရည်တစ်ခုရှိပြီး တိရစ္ဆာန်တွေကိုလည်းဆေးကုပေးနေတဲ့ ဆရာဝန်တစ်ယောက်ပေါ့... တစ်နေ့မှာ ကြေကွဲဝမ်းနည်းစရာအဖြစ်အပျက်တစ်ခုကြောင့် သူဟာ လူ့လောကကြီးနဲ့အဆက်အသွယ်ဖြတ်ပြီး အိမ်ထဲမှာ တံခါးပိတ်နေထိုင်နေရင်း မမျှော်လင့်ထားတဲ့ အဖြစ်အပျက်တွေ တံခါးခေါက်ရောက်ရှိလာပါတော့တယ်... ဇာတ်လမ်းအစကနေ အဆုံးအထိ ရယ်မောစရာလေးတွေနဲ့ဒီဇာတ်လမ်းကိုကြည့်ရှုရမှာဖြစ်ပြီး အဆုံးသတ်မှာ ကြည့်ရှုသူရင်ထဲ တစ်စုံတစ်ခုကျန်ခဲ့လိမ့်မယ်လို့ထင်ပါတယ်... ဇာတ်လမ်းထဲမှာ Doctor Dolittle အဖြစ်သရုပ်တောင်ထားသူက ပြည်သူချစ်မင်းသားကြီး Robert Downey, Jr. ဖြစ်ပြီး တခြား အသံသရုပ်ဆောင်တွေအနေနဲ့လည်း Tom Holland,Rami Malek , John Cena, Selena Gomaz စတဲ့ ...
movie

Dolittle (2020)

2020