Channel Myanmar

Sonny Marinelli

10th & Wolf(2006) 6.3
10th & Wolf(2006) ကလေးဘဝမှာ မာဖီးယားဂိုဏ်းဝင်အဖေဖြစ်သူ သေနတ်နဲ့အပစ် ခံရပြီးသေဆုံးသွားတာကို မြင်ခဲ့ရတဲ့ တွမ်မီတစ်ယောက် အရွယ်ရောက်လာတဲ့အခါမှာမရိန်းတပ်ထဲကိုဝင်သွားခဲ့ပြီး အရှေ့အလည်ပိုင်းစစ်ပွဲမှာတိုက်ခိုက်ခဲ့ပါတယ်။ဒါပေမဲ့လည်းအာဏာရှင် ဆက်ဒမ် ကိုဒီတိုင်းလွှတ်ပေးခဲ့တဲ့အတွက် မကျေနပ်ဖြစ်ပြီးသူကိုယ်တိုင်းသွားရှင်းမယ်ဆိုတဲ့ စိတ်နဲ့ ကာနယ်ရဲ့ဂျစ်ကားကိုခိုးပြီး သွားခဲ့ပေမဲ့လည်းလမ်းမှားပြီးကူဝိတ်မြို့နားမှာ ပြန်အဖမ်းခံလိုက်ရပါတယ်။တစ်နေ့မှာတော့ အက်ဖ်ဘီအိုင်အေးဂျင့်နှစ်ယောက်က မူးယစ်ရာဇာလူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်တဲ့ ရက်ဂျီယိုကို ကူညီပြီဖမ်းပေးမယ်ဆိုရင် ပြစ်ဒဏ်လျော့ပေါ့ပေးမယ်ဆိုပြီး ကမ်းလှမ်းလာခဲ့တဲ့အပြင် သူ့ရဲ့ဝမ်းကွဲအကိုဖြစ်ပြီး အခုချိန်မှာလူမိုက်ဂိုဏ်းခေါင်းဆောင်ဖြစ်နေတဲ့ ဂျိုဝီကိုလည်း ဖမ်းဖို့ခြိမ်းခြောက်လာခဲ့တာကြောင့်ကူညီပေးဖို့လက်ခံလိုက်ရပါတော့တယ်။ဒီလိုနဲ့ပဲ ရက်ဂျီယိုကိုဖမ်းနိုင်ဖို့အတွပ် တွမ်မီတစ်ယောက် သူ့ရဲ့မွေးရပ်မြေကိုပြန်သွားရပြီးဝမ်းကွဲအကိုဖြစ်တဲ့ လူဆိုးဂိုဏ်းခေါင်းဆောင်ဂျိဝီနဲ့ ပြန်ဆုံတွေ့ကြရင်းအက်ဖ်ဘီအိုင်တွေက သူ့ရဲ့ဝမ်းကွဲအကို ကိုတင်မဟုတ်ပဲ သူ့ရဲ့ညီလေးဗင်းဆင့်ကိုပါ ဝှက်ဖဲအနေနဲ့ကိုင်ထားမှန်းသိရှိလိုက်ရတဲ့အခါမှာ တွမ်မီတစ်ယောက်ရက်ဂျီယိုကိုပဲအမိဖမ်းနိုင်မလား၊ ဒီလိုအလုပ်တွေမလုပ်ပါဘူးဆိုတဲ့ သစ္စာကိုရောဖောက်ဖျက်မိမှာလား၊ သူ့ရဲ့ဝမ်းကွဲအကိုနဲ့ ညီကိုရော ကယ်တင်နိုင်မလားဆိုတာကိုအကြမ်းအရမ်းအက်ရှင်ခန်းတွေနဲ့ကြည့်ရှု‌လိုက်ပါဦးဗျ။အမေရိကန်က အီတလီဂိုဏ်းတွေနဲ့ မာဖီးယားဂိုဏ်းအကြောင်းတွေရောပါဝင်တာမလို့ ဒီလို လူဆိုးဂိုဏ်းရုပ်ရှုင်ကားမျိူးတွေလွမ်းနေတဲ့လူတွေအတွက် ဇာတ်ကားကောင်းလေးတစ်ကားပါပဲ။ File size…1.81GB / 609.2MB Quality…WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 47m Genre ..... Crime , Drama , Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min ...
movie

10th & Wolf(2006)

Mysterious Circumstance: The Death of Meriwether Lewis(2022)
Mysterious Circumstance: The Death of Meriwether Lewis(2022)   1800ခုနှစ်ကျော်က အမေရိကန်နာမည်ကျော် Lewis and Clarke Expedition က နယ်မြေရှာဖွေသူ Meriwether Lewis ရဲ့ဆန်းကြယ်တဲ့သေဆုံးမှုအကြောင်းကိုရိုက်ကူးထားတာပါ။ Lewis ဟာပြည်နယ်အုပ်ချုပ်ရေးမှုးအဖြစ်နဲ့အပေါင်းအပါတွေနဲ့ အစိုးရအလုပ်ခရီးစဉ်အတွင်းမှာပဲ တည်းခိုခန်းတစ်ခုမှာ သေနတ်ဒဏ်ရာနဲ့သေဆုံးသွားပါတယ်။ Lewis သေဆုံးမှုကို ကိုယ့်ကိုယ်ကိုသတ်သေမှုလို့ ကောက်ချက်ချခဲ့ပေမယ့် တွေ့ရတဲ့ဒဏ်ရာနဲ့မကိုက်ညီပါဘူး။ နောက်နှစ်နှစ်အကြာမှာLewis ရဲ့မိတ်ဆွေတစ်ဦးက ဖြစ်ရပ်မှန်ကိုစုံစမ်းဖို့ အခင်းဖြစ်ရာတည်းခိုခန်းကိုရောက်ရှိလာပြီး သက်သေဖြစ်တဲ့ပိုင်ရှင်လင်မယားနှစ်ယောက်ကိုစုံစမ်းရာကနေ Meriwether Lewis ရဲ့သေဆုံးမှုဟာ သွေးရိုးသားရိုးအမှုလား ဖုံးကွယ်ထားတာတွေရှိလား.. အမေရိကန်သမိုင်းကြောင်းစိတ်၀င်စားရင် ကြိုက်မယ့်ကားလေးပါ။ နှစ်ပေါင်းများစွာ သမိုင်းပညာရှင်တွေ အဖြေရှာမရတဲ့အမှုကို ရိုက်ကူးပြထားပါတယ်။File size…(2.18GB)  / (906B) /528MB Quality…. Web 1080P / 720p / 480p Format…mp4 Duration….01:55:00 Genre...Mystery / Western Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by  SP
movie

Mysterious Circumstance: The Death of Meriwether Lewis(2022)

Entourage(2015)
Entourage(2015) ဒီဇာတ်ကားလေးဟာတော့ဖြင့် Entourage ဆိုတဲ့ နာမည်ကြီး တီဗွီစီးရီးရဲ့ နောက်ဆက်တွဲဇာတ်ကားဖြစ်ပါတယ်။ အဲဒါကြောင့် Entourage စီးရီးဖန်တွေ သေချာပေါက် ကြည့်ရမဲ့ ဇာတ်ကားဖြစ်ပါတယ်၊ ဒါပေမဲ့ ဇာတ်လမ်းနဲ့ ဇာတ်အိမ်က စီးရီးမကြည့်ဖူးသေးသူတွေလည်း နားလည်နိုင်အောင် ဖွဲ့စည်းထားတာကြောင့် သူ့ရဲ့ဇာတ်လမ်းတွဲကို မကြည့်ရသေးသူတွေလည်း ကြည့်လို့အဆင်ပြေမှာပါ။ ဇာတ်လမ်းကတော့ နာမည်ကြီးရုပ်ရှင်မင်းသား Vince၊ အောင်မြင်တဲ့စတူဒီယိုတစ်ခုကို ဦးစီးနေနိုင်ပြီဖြစ်တဲ့ Ari နောက်တော့ Vince ရဲ့ မန်နေဂျာ Eric ရယ်၊ Vince ရဲ့အစ်ကို Johnny Drama ပြီးတော့ အဲအပေါင်းအပါအုပ်စုကြီးရဲ့ နောက်ဆုံး အဖွဲ့ဝင် Turtle တို့နဲ့အတူ Hollywoodရဲ့ ရှာရှာကြံကြံ အဖြစ်သနစ်တွေကို ဟာသနှောကာရိုက်ကူးထားတာဖြစ်ပါတယ်။ ဇာတ်ကားကတော့ အရင်ဇာတ်လမ်းတွဲဇာတ်သိမ်းသွားတဲ့နေရာကနေ စထားပါတယ်။ Ari ဟာ Vince ကို သူထုတ်လုပ်မဲ့ကားမှာ အဓိကဇာတ်ဆောင်အဖြစ် သရုပ်ဆောင်ပေးဖို့ကမ်းလှမ်းလိုက်ပါတယ်။ ဒါမဲ့ Vince ကတော့ သူ့ကိုဒါရိုက်တာပါ လုပ်ခွင့်ပေးမှ လုပ်ပါမယ်တဲ့။ ...
movie

Entourage(2015)