Channel Myanmar

Spence Moore II

Back on the Strip (2023) 4.2
Back on the Strip (2023) Back on the Strip (2023) ===================မာလင်ဆိုတဲ့ ကောင်လေးဟာ ငယ်ငယ်ကတည်းက မျက်လှည့်ကို ဝါသနာပါခဲ့ပြီး သူ့ရဲ့ငယ်သူငယ်ချင်း ရော်ဘင်ကို အရူးအမူးချစ်ခဲ့သူပါ။ ဒါပေမဲ့ ရော်ဘင်က ကောလိပ်သွားတက်တော့ သူနဲ့ကွဲသွားပြီး သုံးနှစ် အကြာမှာ သူ့ဆီပြန်ရောက်လာခဲ့တယ်...ရည်းစားကြီးနဲ့ပေါ့။ သူချစ်ခဲ့ရတဲ့ကောင်မလေးကို ဆုံးရှုံးပြီးတဲ့နောက်မှာ Las Vegas မှာ မျက်လှည့်ပွဲလုပ်နိုင်ရမယ်ဆိုတဲ့ အိပ်မက်ကို အကောင်အထည်ဖော်ဖို့ Las Vegas ကိုရောက်လာခဲ့တယ်။ဒါပေမဲ့ မျက်လှည့်မပြရဘဲ အကြောင်းအမျိုးမျိုးကြောင့် stripper ဘဝ ကိုရောက်သွားပါတယ်။ အဲဒီနောက်မှာ မာလင်ကဘယ်လိုမျိုး အိပ်မက် ကို ဆက်ပြီး အကောင်အထည်ဖော်ရင်း ရော်ဘင်နဲ့ဆက်ဆံရေးကိုပါ ထိန်းထားပြီး နောက်ဆုံးမှာ သူအောင်မြင်နိုင်မလားဆိုတာကို ကြည့်ရှု ရမှာပါ။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Kasashi ဖြစ်ပါတယ်)File Size..........(2 GB) / (1 GB) Quality............WEB-DL 1080p / 720p Duration.........1Hr 57Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......Kasashi Encoder..........SWM
movie

Back on the Strip (2023)

2023
Creed III (2023) 7.2
Creed III (2023) Creed III (2023) ============= IMDb Rating - 7.2/10ခရိရုပ်ရှင် သုံးကားမြောက်လာပါပြီ။ ခရိဆိုတာ စတားလုံးသရုပ် ဆောင်ခဲ့တဲ့ လက်ဝှေ့ရုပ်ရှင်တွေရဲ့နောက်ဆက်တွဲအဖြစ် ထွက် လာတဲ့ မျိုးဆက်သစ်လက်ဝှေ့သမားအကြောင်းပါ။ မင်းသားက တော့ မိုက်ကယ်ဘီဂျော်ဒန်ပါပဲ။ ခရိအရင်ရုပ်ရှင် နှစ်ကားကိုလည်း ချန်နယ်မြန်မာမှာ ကြည့်ရှုနိုင်ပါတယ်။ဒီရုပ်ရှင်အစမှာတော့ ခရိဟာ ဟဲဗီးဝိတ်ကမ္ဘာ့ချန်ပီယံဆုတွေ အလီလီရခဲ့ပြီး လက်ဝှေ့လောကကနေ အနားယူပြီးခဲ့ပါပြီ။ လက် ချောင်းအရိုးအက်တာတွေ၊ မျက်ခုံးကွဲတာတွေ ဒဏ်ရာဒဏ်ချက် ဟောင်းတွေလည်း အပြည့်ပါပဲ။ ဒီတော့ မိသားစုနဲ့ပဲ လက်ဝှေ့ သမားလေးတွေ ပျိုးထောင်ပေးရင်း အေးအေးချမ်းချမ်းနေထိုင် နေပါပြီ။ ဒါပေမဲ့ တစ်နေ့မှာတော့ သူ့ရဲ့ ငယ်သူငယ်ချင်း ဒိမ်းနဲ့ ပြန်တွေ့လာပါတယ်။ ဒိမ်းဟာ သူ့ထက်ကြီးပြီး ထောင် ၁၈ နှစ် လောက်ကျပြီးမှ ပြန်ထွက်လာတဲ့သူပါ။ သူတို့မှာ ရာဇဝင်တွေ ရှိခဲ့ပါတယ်။ ဒိမ်းက အသက်ကြီးနေပေမဲ့ လက်ဝှေ့ကိုစိတ်မကုန် သေးဘဲ ခရိလို လက်ဝှေ့ချန်ပီယံဖြစ်ချင်လို့ ကူညီပေးဖို့ တောင်း ဆိုလာတဲ့အခါ...Creed I - LinkCreed II - Link(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Mr.Anderson ဖြစ်ပါတယ်)File Size..........(3.16 GB) ...
movie

Creed III (2023)

2023
4K HEVC Web-DL
My Father’s Dragon (2022) 7.0
My Father’s Dragon (2022) My Father's Dragon (2022) ==================== IMDb Rating - 7.0/10Netflix က အသစ်ဆက်ဆက်ထွက်ရှိထားတဲ့ အန်နီမေးရှင်းဇာတ်ကား ကောင်းလေးကို တင်‌ဆက်ပေးလိုက်ပါတယ်ဗျ။ ဒီကားက ၁၉၄၈ တုန်းက ထုတ်ဝေခဲ့တဲ့ ဝတ္ထုရှည်တစ်ပုဒ်ကို ပြန်လည်အသက်သွင်းပြီး ပုံဖော်ထားတဲ့ ဇာတ်ကားလေးဖြစ်တဲ့အပြင် အသံသရုပ်ဆောင်တွေအနေနဲ့ Luca(2021) ထဲက လူကာ(Jacob Tremblay) နဲ့ Stranger Things ထဲက နာမည်ကျော် ဇာတ်လိုက် ဒက်စ်တင်(Gatan Matarazzo) တို့ကလည်း အသံသရုပ်ဆောင် အနေနဲ့ပါဝင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း အယ်လ်မာ ဆိုတဲ့ ဖတဆိုး သားလေးနဲ့ အမေဖြစ်သူ ဒဲလာ တို့နှစ်ယောက်က နယ်မြို့လေးတစ်မြို့မှာ စတိုးဆိုင်ဖွင့်ပြီး လုပ်ကိုင်စားသောက် နေကြတာပေါ့။ ဒါပေမဲ့ နောက်တော့စီးပွားရေးတွေကျပြီး သားအမိနှစ်ယောက် မြို့ပေါ်ပြောင်းလာလိုက်ရတယ်။ အယ်လ်မာ မှာလည်း မြို့ပေါ်မှာ အရင်တုန်းကလို စတိုင်းဆိုင်လေးထပ်ဖွင့်ပြီး မိခင်ဖြစ်သူကို မပူမပင်မကြောင့်မကြဘဲနေစေချင်တဲ့ ရည်မှန်းချက်လေးရှိတယ်။ အဲဒါနဲ့တစ်နေ့ အမျိုးမျိုးသောအခက်အခဲတွေကြောင့် အဲလ်မာက မိခင်နဲ့စကားများပြီးအိမ်ပေါ်ကနေဆင်းသွားတယ်။ အဲမှာ စကားပြော တတ်တဲ့ကြောင်လေးတစ်ကောင်က သူ့အနားရောက်လာပြီး ကူညီပေးမယ်ပြောပြီး ကျွန်းတစ်ကျွန်းပေါ်က နဂါးတစ်ကောင်ကို သွားကယ်ခိုင်းတယ်။ အယ်လ်မာ တစ် ယောက် ဘယ်လိုစွန့်စားခန်းတွေကြုံရမလဲ ...
movie

My Father’s Dragon (2022)

2022