Channel Myanmar

Spencer Collings

Assailant (2022)
Assailant (2022)  Action/Thriller ကြိုက်တဲ့ သူတွေအတွက် မနှစ်ကထွက်ထားတဲ့ Assailant ဆိုတဲ့ ကားကောင်းတစ်ကားနဲ့ မိတ်ဆက်ပေးပါရစေ။ဇာတ်လမ်းအကျဥ်းကတော့ အိမ်ထောင်ရေး အဆင်မပြေတဲ့ Jason နဲ့ Zoe တို့ ဇနီးမောင်နှံနှစ်ယောက် အိမ်ထောင်ရေး အကြံပေးဆီကို သွားကြရင်း ရန်တွေဖြစ် ပြဿနာတက်ကာ သူတို့အိမ်ထောင်ရေးကို ကယ်တင်နိုင်ဖို့အတွက် သူတို့နှစ်ဦးချစ်သူဘဝကသွားခဲ့တဲ့ Caribbean တစ်ဝိုက်ကကျွန်းတွေကို ခြေလျင်လျှောက်ခရီးထွက်ဖို့ သဘောတူခဲ့ကြပါတယ်။ခရီးရဲ့ အစမှာထဲက မပြေလည်လာခဲ့ရင်း Taxi ထဲအဝင် ရေဒီယိုသတင်းမှာ လူသတ်သမားတစ်ယောက် လွတ်မြောက်နေတာကိုသိခဲ့ပါတယ်။ ဒီလိုနဲ့ နှစ်ယောက်အတူ ညစာစားဖို့ စားသောက်ဆိုင်တစ်ခုမှာ Michael ဆိုတဲ့လူနဲ့ သိကျွမ်းခဲ့ပြီး အစမှာတော့ မိတ်ဖွဲ့ဆွေဖွဲ့ရင်း နောက်ပိုင်းမှာ Michaelက ထူးဆန်းလာပြီး Jason နဲ့ Zoeတို့ရှေ့မှာ လုံခြုံရေးတစ်ယောက်ကို ရန်ပြုခဲ့ပါတယ်။ နှစ်ယောက်လုံး ကြောက်လန့်တကြားထွက်ပြေးခဲ့ပေမယ့် Jasonရဲ့ ပိုက်ဆံအိတ်ကတော့ စားသောက်ဆိုင်မှာ ကျန်နေခဲ့ပါတယ်။ နောက်ရက် ကျွန်းတစ်ခုပေါ်မှာ သူတို့ထွက်ဖို့ ...
movie

Assailant (2022)

One Ranger (2023)
One Ranger (2023) One Ranger(2023)တက္ကဆက်ပြည်ရဲ့ ထိတ်ထိတ်ကြဲ တက္ကဆက် ရိန်းဂျားကြီးကို ဗြိတိန်ထောက်လှမ်းရေးက လန်ဒန်ရွှေမြို့တော်ဆီ ပင့်ဖိတ်ပြီး ကမ္ဘာ့အဆိုးဝါးဆုံး အကြမ်းဖက်မှုကြီးကို ကာကွယ်ကြမယ့် ဇာတ်ကားပါ။တက္ကဆက်ရိန်းဂျားအဖြစ် ဝါရင့် အက်ရှင်မင်းသားကြီး Thomas Janes က သရုပ်ဆောင်ထားပြီး John Malkovich ကတော့ လန်ဒန်ထောက်လှမ်းရေးအေဂျင်စီရဲ့ ကြီးကြပ်ရေးမှူးအဖြစ် သရုပ်ဆောင်ထားပါတယ်။ ဗြိတိန်မင်းသမီး Dominique Tipper လည်း အားဖြည့်ထားပါသေးတယ်။ Thomas Janes ရဲ့ ထီမထင်ဟန်ပန်နဲ့ John Malkovich ရဲ့ အေးတိအေးစက် အပြောတွေနဲ့တင် ကြည့်ရကျိုးနပ်တဲ့ ဇာတ်ကားပါ။ဆိုတော့… Thomas Janes တစ်ယောက် ကောင်းဘွိုင်ဦးထုပ်ကြီးဆောင်းပြီး လန်ဒန်မှာ ဘယ်လိုတွေ ကြမ်းပြမလဲဆိုတာ ရှုစားလိုက်ကြပါဦး။အညွှန်း နဲ့ ဘာသာပြန်ကတော့ Roman NoX ပဲ ဖြစ်ပါတယ်။Genre..... Action, Thriller Quality…. 1080p | 720p | 480p File size… 1.4GB | 670MB | 379MB Format… ...
movie

One Ranger (2023)

2023
Stairs (2019) 5.9/10
Stairs (2019) CM ပရိတ်သတ်ကြီးအတွက် ကိုယ့်ကို ကို Brainwash လုပ်လို့ ကောင်းမယ့်ဇာတ်ကားတစ်ကား တင်ပေးလိုက်ပါတယ် ဒီဇာတ်ကားက ကိုယ့်ကိုကို ပြန်ပြီးစစ်တိုက်နေရသလိုမျိုး parallel universe ပုံစံမျိုးပါ စတန်ဒန်ဦးဆောင်ပြီး စစ်ဆင်ရေးတာဝန်တစ်ခုနဲ့ လာခဲ့တဲ့ စစ်သားတွေက ဂိတ်ပေါက်တစ်ခုကနေ ဝင်ကမ္ဘာထဲရောက်သလို သံသရာလည်ပြီး ထွက်ပေါက်တွေ့ဖို့ခက် ပုံစံတူ လှေကားတွေပဲထပ်တလဲလဲတက်နေရပါတယ် အောက်ကိုဆင်းလို့မရပါဘူး အောက်ကိုဆင်းသွားရင် အောက်ထပ်ရောက်တဲ့အခါသေတာပါပဲ နောက်ပြီး ဂိတ်ပေါက်ကနေထွက်လာရင်လည်း ဒီစစ်ကွင်းပြင်နေရာကိုပဲပြန်ရောက်လာတာပါ ဝင်ကမ္ဘာလိုမျိုးဖြစ်နေတာပါ အဲ့ဒီဂိတ်ကိုရောက်သွားတာက ရန်သူ့စခန်းကိုဝင်စီးပြီးမှပါ သူတို့အဖွဲ့လာခဲ့တဲ့ တာဝန်ကတော့ ရန်သူ့စခန်းကိုဝင်စီးပြီး တွေ့သမျှသူတွေအကုန်သတ် ရသမျှသတင်းအချက်အလက်တွေယူဖို့ စစ်ဆင်ရေးနဲ့လာခဲ့ပါတယ် အဲ့ဒီ့စခန်းမှာရောက်တော့ အဖမ်းခံထားရတဲ့ အမျိုးသမီးတစ်ယောက်ကို မသတ်သင့်ဘဲ စ‌တန်ဒန်ရဲ့ခေါင်းမာမှုကြောင့် ပစ်သတ်လိုက်ပါတယ် ဇာတ်လမ်းက အဲ့ဒီမှာ စတာပဲ အဲ့အမျိူးသမီးကို ဒေသခံတွေ သေမင်းတမန်တော်ဆိုပြီး သမုတ်ကြတာပါ စောနကအပေါ်မှာရေးခဲ့သလိုပဲ သူတို့ဟာ ဒီအချိန် ဒီနေ့ရက်ကိုပဲ ပြန်ပြန်ရောက်ရောက်လာတာနဲ့ကြုံနေရတာပါ အဲ့ဒီ့ အဖမ်းခံထားရတဲ့ သေမင်းတမန်လို့ခေါ်ကြတဲ့ အမျိုးသမီးကို မသတ်ခဲ့ရင်သူတို့အနေနဲ့ အသက်ရှင်ဖို့ လမ်းစကိုတွေ့နိုင်မှာလား ဘာတွေဆက်ဖြစ်ကြမလဲ အဲ့ဒီ့အမျိုးသမီးကိုရော ကယ်တင်နိုင်မှာလား လှေကားထစ်‌တွေမှာ ရွာလည်ပြီး အစကိုပြန်ပြန်ရောက်သွားတော့ရော သူတို့ကို ဘာတွေက ဒုက္ခပေးအုံးမှာလဲ သူတို့နဲ့ သူတို့ရဲ့တခြားဘဝတွေပြန်တိုက်ခိုက်ကြမှာလား ဘယ်လိုတွေဇာတ်သိမ်းမလဲဆိုတာ‌ကို ကြည့်ရှုခံစားရမှာဖြစ်ပါတယ် File Size IMDb 5.9/10 Rotten Tomatoes 63% Grene - Horror/Sci-fi Duration - 1:40:00 Translator - Pyae Shan Tun Wai Encoder - XCode
movie

Stairs (2019)

2019