Channel Myanmar

Sri Gouri Priya Reddy

Lover (2024) 7.4
Lover (2024) Lovers (2024) "တစ်စစီကျိုးပဲ့"IMDb 7.3 ရထားတဲ့ တမီးလ် ရိုမန့်ဇာတ်လမ်း ဖြစ်ပြီး မြင်နေကျ အချစ်ကားတွေလို ပေါ့ပေါ့ပါးပါး အပြောင်အပျက်တွေ သိပ်မပါပဲ အမှန်အကန်ဆွေးလို့ရမယ့် ဇာတ်လမ်းလေးလို့ ညွှန်းချင်ပါတယ်ဇာတ်လမ်းကတော့ အာရွန်က အင်ဂျင်နီယာဘွဲ့ရ/ အလုပ်မရှိ/ ကိုယ်ပိုင်လုပ်ငန်းလုပ်ဖို့ ကြံရွယ်နေပြီး ကောလိပ်ကတည်းက တွဲခဲ့တဲ့ ချစ်သူကောင်မလေး "ဒီဗယာ" ကတော့ အိုင်တီအလုပ်တစ်ခု လုပ်နေသူပါအာရွန်က တစ်ခုခုဆို မူးရူး ရမ်းကား၊ သဝန်တိုတတ်ပြီး ဒီဗယာ့ကို မကြာခဏ ပြဿနာရှာတတ်ပေမယ့် ဒီဗယာကတော့ ချစ်သူကို အစစအရာရာ သည်းခံ "I can fix you" ဆိုတဲ့ မိန်းကလေးပေါ့မတူညီတဲ့ နောက်ခံ၊ စရိုက်အပြုအမူတွေကြောင့် တစ်ကြောင်း၊ သူ့ကောင်မလေးနားက အောင်မြင်နေတဲ့ ယောကျာ်းလေးအပေါင်းအဖော်တွေကို မနာလိုတာကြောင့်ရယ်...ပြဿနာတွေတက်လိုက် ပြန်အဆင်ပြေသွားလိုက် ငိုတစ်လှည့် ရယ်တစ်ခါ.... များလှတဲ့ မညီမျှခြင်းတွေက သူတို့နှစ်ယောက်ရဲ့ အချစ်ကို အကြိမ်ကြိမ် စမ်းသပ်ရင်း သူတို့နှစ်ယောက် ဒီလိုစိန်ခေါ်မှုတွေကို ဆက်လက်ရင်ဆိုင်နိုင်မှာလား၊ အရှိတရားကို မလွန်ဆန်နိုင်ပဲ မျက်ရည်စများကသာ အဆုံးသတ်လား ဆိုတာကတော့....အညွှန်းနဲ့ ဘာသာပြန်ကတော့ ...
movie

Lover (2024)

2024
MAD (2023) 7.8
MAD (2023) MAD 2023 IMDb - 7.9/10ဟိုးအရင်တုန်းကကျောင်းသားဘဝကို ပြန်လည်အမှတ်ရစေမဲ့ နောက်ထပ်ရုပ်ရှင်တစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်။အင်ဂျင်နီယာကောလိပ်ကျောင်းကြီးမှာနေရာပြုထားပြီး ကျောင်းတော်ကြီးရဲ့ထုံးစံအတိုင်း ကျောင်းသားတိုင်းချစ်ကြတဲ့ စည်းကမ်းတင်းကြပ်တဲ့ ကျောင်းအုပ်ကြီးရှိမယ်။ကျောင်းသားတွေထဲမှာဆိုရင် နယ်မြို့ငယ်လေးကနေကျောင်းလာတက်တဲ့ မျက်စိသူငယ်နားသူငယ်တစ်‌ယောက်ရယ်၊ ဟိုက်ပါတစ်ယောက်ရယ်၊ အားကိုးရတဲ့ဗလနဲ့ဘဲကြီးရယ်၊ ဆော်ကြောင်တဲ့ကောင်ရယ်၊ ဗရုတ်ဒုက္ခလျှောက်လုပ်တဲ့ကောင်ရယ် ရှိပါတယ်။ဒီဇာတ်လမ်းမှာ‌တော့ ကျောင်းသားကျောင်းသူတွေရဲ့ အချစ်အလွမ်း‌၊ ရိုမန့်တွေဆိုတာထက် အထူးသဖြင့်ယောက်ျားလေးဆောင်က ဆရာသမားတွေရဲ့ ညီအစ်ကိုသံယောဇဉ် သူငယ်ချင်းသံယောဇဉ်နဲ့ ကျောင်းသားဘဝမှာ ကြုံရတတ်တဲ့ ပဋိပက္ခတွေကို ဟာသနှောပြီးရယ်တလှည့် ငိုတလှည့်ကြည့်ရှုရမှာဖြစ်ပါတယ်။(အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team မှဖြစ်ပါတယ်။)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…3.3GB / 1.5GB  Quality…1080p WEB DL / 720p Format…mp4 Duration….2h 7m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

MAD (2023)

2023
Writer Padmabhushan (2023) 8.6
Writer Padmabhushan (2023) Writer Padmabudhan (2023) Comedy, Drama IMDb 8.7/10 (4.6K)စာအုပ်မြို့တော်လို့ တင်စားရလောက်တဲ့ ဗီဂျေးဗာဒါဆိုတဲ့ နယ်မြို့လေးမှာ ပဒ်မားဘူရှန်းဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိသတဲ့။အဲ့ဒီမြို့လေးက စာအုပ်နဲ့ပတ်သက်လာရင် နာမည်ကြီးလွန်းလို့ စာရေးဆရာကတောင် သူရေးခ​ဲ့ဖူးတဲ့စာအုပ်ဟောင်းကိုပြန်ရှာတွေ့နိုင်လောက်အောင်ပေါ့ကွယ်။ဒီလို စာပေထွန်းကားတဲ့မြို့လေးမှာ စာရေးဆရာတအားဖြစ်ချင်နေတဲ့သူကတော့ ကျွန်တော်တို့ ဇာတ်လိုက်ကြီး ပဒ်မားဘူရှန်းပဲဖြစ်ပါတယ်။အကြွေးတွေယူပြီး စွန့်စွန့်စားစားနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ပါတယ်။ ကံခေလွန်းတာများ တစ်အုပ်တောင် မရောင်းရတဲ့အပြင် စာအုပ်ပုံကြီးသာ အဖတ်တင်သွားခဲ့တယ်လေ။အခွင့်အလမ်းက အိမ်တံခါးလာခေါက်တဲ့အခါ မဖွင့်ပေးတဲ့သူဟာ အရူးဆုံးသောလူပါပဲဆိုတဲ့အတိုင်းပဲ သူ့ဆီလည်း တစ်​ကြိမ်လာခေါက်ခဲ့ပါတယ်။အဲ့ဒီအခွင့်အလမ်းက ဘာဖြစ်နေမလဲ...။ ဘယ်လိုကြောင့် သူ့ဆီရောက်လာတာလဲ...။ သူနဲ့သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာကို ဆက်လက်ရှုစားပေးပါနော်။........... File size…1.99GB / 1GB Quality…1080p  WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Cherry ~ Nyein Aye
movie

Writer Padmabhushan (2023)

2023