Channel Myanmar

Srikanth Iyengar

Most Eligible Bachelor (2021) 7.1
Most Eligible Bachelor (2021) IMDb Rating(7.1)ရည်းစား စဖြစ်ကြရင် တစ်​ယောက်ကိုတစ်​ယောက် အရမ်း​ ဂရုစိုက်ပြကြ ချစ်ပြကြ ရိုကြတာ သဘာ၀ပါပဲ Honeymoon period ​ပေါ့ အချိန်ကြာတွဲလာရင်း အိမ်​ထောင်သည်ဘဝ ကူး​ပြောင်းတဲ့ အခါ ဆက်လက်ရိုနိုင် ချစ်ပြနိုင်ကြသူ​တွေ ဘယ်​လောက်ရှိမလဲ တချို့ဆို ရည်းစားဘဝမှာတင် မချစ်ပြတတ်ကြပါဘူး​လေ​နော့ အိမ်​ထောင်သက်ကြာလာ​လေ​လေ မိသားစုအ​ရေး စီးပွား​ရေး လူမှု​ရေးကိစ္စ​တွေကြားမှာ မချစ်​တော့တာမဟုတ်​ပေမယ့် မချစ်ပြတတ်ကြ​တော့ပါဘူး CM ပရိသတ်ကြီးတို့​​ကော "အိမ်​ထောင်သည်ဘဝက​နေ ဘာတွေများ​မျှော်လင့်ထားကြပါသလဲ" ​ပျော်ရွှင်​သောအိမ်​ထောင်​ရေးဖြစ်​အောင် ဘယ်လို​နေထိုင်ရမလဲဆိုတာကို သိချင်ရင်​တော့ ဒီကား​လေးကို ကြည့်သင့်ပါတယ်။အိန္ဒိယတွေရဲ့ ထုံးစံအတိုင်း သားယောကျာ်းလေးကို မိန်းမပေးစားတဲ့ဇာတ်လမ်းလေးတစ်ခုပါပဲ။ သတို့သမီး​လောင်း အ​ယောက် ၂၀နဲ့လိုက်​တွေ့ရမယ့် ဟာရှာ... ပထမသတို့သမီး​လောင်းက​တော့ သူ့အလိုကျ လိုက်​လျောညီ​ထွေ​နေ​ပေးတတ်လွန်းတဲ့ မိန်းက​လေး... မိဘ​တွေက တခြားသတို့သမီး​လောင်း​တွေ အားလုံး​တွေ့ပြီးမှ ​​ရွေး​စေချင်တာ​ပေါ့... အဲဒီမှာပဲ ဇာတာခွင်မကိုက်လို့ဆိုပြီး ဓါတ်ပုံ​လေးရယ် ဇာတာခွင်ရယ်ကို သတို့သမီး​လောင်း ​နောက်တစ်​ယောက်ရဲ့အ​ဖေဖြစ်သူဆီကို သွား​ပေးရင်း ဓါတ်ပုံ​ပျောက်သွားတဲ့ အခါ ဗီဘာဆိုတဲ့ မိန်းက​လေးနဲ့ ​ဆုံဖို့ကံပါ​လာတော့တယ်... ထိုမိန်းက​လေးနဲ့​တွေ့ပြီး​နောက် ဟာရှာတစ်​ယောက် သူ့ရဲ့ ဘဝလက်တွဲ​ဖော်ဆီက ဘာကိုလိုချင်ရမှန်း ...
movie

Most Eligible Bachelor (2021)

HEVC 1080p
Tuck Jagadish(2021) 6.7
Tuck Jagadish(2021)   Tuck Jagadish (2021) ----------------------------------မြန်မာပြည်ပရိသတ်တွေကြား ယင်ကောင်မင်းသားရယ်လို့ နာမည်ရခဲ့တဲ့ Nani ရဲ့ ဇာတ်ကားကောင်းလေးတစ်ကားထွက်လာလို့ဘာသာပြန်တင်ဆက်ပေးလိုက်ပါတယ်။ဒီကားလေးကလည်း မနှစ်ကထွက်တဲ့ V ဆိုတဲ့ ရုပ်ရှင်လိုပဲ ရသတစ်ခုခုကို ပေးစွမ်းနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ ဇာတ်လမ်းအကျဥ်းဘူဒေဗီပူရမ်လို့ခေါ်တဲ့ ရွာကြီးတစ်ရွာမှာ ရွာခေါင်းဆောင် အာဒီးဆာ့နိုင်ဒူးဆိုသူ တစ်ဦးရှိပြီး ၊ရွာရဲ့သာရေးနာရေး ကိစ္စအဝဝကိုသာမက ၊ ရပ်ရွာအေးချမ်းသာယာရေးအတွက်ပါ ကိုယ်ကျိုးစွန့်အနစ်နာခံ ဆောင်ရွက်နေသူဖြစ်ပါတယ်။ကိုယ်တိုင်ချမ်းသာကြွယ်ဝသူ ဖြစ်တဲ့ အလျောက် သားသမီးတွေကလည်း များပြားလှပါတယ်။သူရှိနေတုန်းက သင့်မြတ်ကြတဲ့ သားသမီးတွေဟာ သူမရှိတဲ့အချိန်ကျတော့ အမွေကိစ္စတွေကြောင့် အချေအတင်ဖြစ် ၊ပြဿနာတွေ တောက်လျောက်တက်ကုန်ရာကစပြီးအာဒီးဆာ့နိုင်ဒူးရဲ့ မယားကြီးငယ်နဲ့ရတဲ့ သားကြီးဖြစ်သူ ဘို့စ်က ဒီအမွေတွေဟာ သွားလေသူမိခင်ဘက်က ပါလာတာဆိုပြီးဖခင်အမွေအားလုံးကို မောင်ပိုင်စီးပါတော့တယ်။အမွေတွေကို မလိုချင်ဘဲ ၊ မိသားစုကို ပြန်သင့်မြတ်စေလိုတဲ့ အငယ်ဆုံးသားလေး Tuck ဂျာဒစ်ရှ်တစ်ယောက်ဒီမိသားစုအရေးကို ဘယ်လိုဖြေရှင်းပေးမလဲဆိုတာက ဒီဇာတ်လမ်းရဲ့ ဇာတ်အိမ်တည်ရှိရာ ဖြစ်ပါတယ်။မိသားစုပြဿနာတွေဆိုလို့ ဒရမ်မာကားသက်သက်လို့ ထင်နေဦးမယ်။တောင်ပိုင်းရုပ်ရှင်ထုံးစံအတိုင်း အချစ် ၊ အကြမ်း ၊ ...
movie

Tuck Jagadish(2021)

2021
Akshara(2021) 5.6
Akshara(2021) Akshara 2021 --------------------------"စာသင်ခန်းဆိုတာ တိုင်းပြည်ရဲ့အနာဂတ်တွေကိုထုတ်လုပ်ပေးတဲ့မြင့်မြတ်တဲ့နေရာ၊စာသင်ခန်းဆိုတာ ထောင်မဟုတ်ဘူး" တဲ့ဇာတ်ကားထဲက ဒိုင်ယာလော့လေးတစ်ခုပါ..... ဒီဇာတ်လေးကိုတော့ အက်ရှာရာဆိုတဲ့အမျိုးသမီးလေးတစ်ဦးအပေါ် အခြေခံဇာတ်အိမ်တည်ထားပါတယ်.အက်ရှာရာက ဆင်းရဲပြီး အမေတစ်ယောက်တည်းကသာပြုစုပျိုးထောင်ပေးခဲ့တဲ့ ထက်မြတ်တဲ့ ကောင်မလေးပေါ့.သူ့ရဲ့ထက်မြက်မှုကြောင့် သူက 10တန်းမှာလဲ ဂုဏ်ထူးဆောင်ကျောင်းသူတဦးဖြစ်ခဲ့ပါတယ်. သူ့ရဲ့ရည်ရွယ်ချက်လေးကလဲ ကောင်းပါတယ်.နိုင်ငံရဲ့ ရတနာဖြစ်တဲ့ ကျောင်းသူကျောင်းသားတွေကို သင်ကြားပေးချင်တဲ့ဆရာမလေးတဦးဖြစ်ချင်တာပါ. သူမက ဆရာတဦးမှာရှိသင့်တဲ့ နာသုံးနာလဲပြည့်စုံပြီး ကျောင်းသားတွေရဲ့ ရင်ထဲက ဆန္ဒကပါ မြင်နိုင်တဲ့ထိ တော်တာကြောင့်အိန္ဒိယရဲ့ထိပ်တန်းကောလိပ်တခုမှာ ရူပဗေဒဆရာမအဖြစ်အလုပ်ရခဲ့ပါတယ်.သူမရဲ့ဘဝလေး ပြီးပြည့်စုံနေခဲ့ပေမယ့် ဆိုးဝါးတဲ့ကိစ္စတစ်ခုကြောင့် သူမဟာကျောင်းရဲ့ဘုတ်အဖွဲ့ဝင်တဦးကို သတ်မိခဲ့ပြီး ဇာတ်လမ်းအချိုးအကွေ့နဲ့ဇာတ်ရှိန်ဟာပြောင်းလဲသွားခဲ့ပါတယ်.......သူမဘာလို့ သူ့ကိုသတ်ခဲ့ရတာလဲ...ဒီကောလိပ်ကတကယ်ပဲ ထိပ်တန်းအဆင့်မှီရဲ့လား...ဆရာမတဦးရဲ့အရည်အချင်းကဘာလဲ....တကယ်ကို ပညာရေးစနစ်နဲ့ ဆရာတစ်ယောက်ရဲ့အရည်အချင်းကို ပြန်မေးခွန်းထုတ်စေမယ့် ရုပ်ရှင်ပါပဲ...သရုပ်ဆောင်ပိုင်းမှာလဲ အက်ရှရာနေရာသရုပ်ဆောင်ထားတဲ့ မင်းသမီးကသူ့ရဲ့ဇာတ်ရုပ်ကို အတော်လေး ပိုင်နိုင်တာတွေ့ရပါတယ်...   File size…2.1GB and 1.1Gb and 501MB Quality…1080p WEB DL DD+5.1 and 720p and 480p Format…Mp4 Duration….2h 16min Subtitle….Myanmar Subtile(Hard Sub) Encoder…. YK Translated ...
movie

Akshara(2021)

2021
47 Days The Mystery Unfolds(2020) 6.0
47 Days The Mystery Unfolds(2020) 47 Days The Mystery Unfolds(2020)မင်းသားက ရဲဗျာ ရဲကိုမှ ဇာတ်ရဲလက်ရဲအသေရဲ ...တစ်ခုခုဆို တဇွတ်ထိုးတဇောက်ကန်းလုပ်တတ်လွန်းလို့ သူ့သူငယ်ချင်းက သူနဲ့ဆို လူဆိုးမဖမ်းချင်. စွန်းဗျင်းတဲ့ရဲဆိုပါတော့.. ဒါလည်း သူ့အကျင့်မပြင်တဲ့ဘဲ... ချစ်ရတဲ့ဇနီးချောလေးနဲ့ ကွဲကွာခဲ့ချိန်ကစပြီး ဒီလူဟာ ပုံမှန်လို မဟုတ်တော့ဘဲ ပြောင်းလဲလာခဲ့တယ်...အရင်လို ရဲဆရာကြီးမဟုတ်တော့ဘဲ ပါဝါနည်းသွားတဲ့အချိန်မှာမှ အမှုကြီးကြီးတွေကို ရင်ဆိုင်လာရတဲ့အခါမှာတော့... ဒီဇာတ်ကားမှာ လက်သီးတစ်ချက်ထိုးလို့ ဆယ်ပေလောက်လွင့်သွားတာမျိုးမပါသလို ငှက်ပျောသီးနဲ့ လည်ပင်းလှီးတာတို့လည်း ကင်းဝေးပါတယ်...အရှိကိုအရှိအတိုင်း ယုတ္တိရှိရှိရိုက်ပြထားတဲ့ကားမို့လို့  မင်းသမီးကလည်းစွန်းချောတော့အားလုံးကြိုက်နှစ်သက်မယ်လို့ မျှော်လင့်ရင်း...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့ Paing ပဲဖြစ်ပါတယ်.....File Size : (850 MB) and (347MB) Quality : WEB-DL 720p Format…mp4 Duration…02:02:00 Genre :  Drama, Mystery, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by Paing Encoded by Phyo Pyae
movie

47 Days The Mystery Unfolds(2020)