Channel Myanmar

Srinivas Ayyagari

Spelling the Dream (2018) 6.9
Spelling the Dream (2018) Spelling the dream (2018) =========================Documentary ကြိုက်နှစ်သက်သူ CM ပရိသတ်ကြီးများအတွက်Netflix က ထုတ်လွှင့်တဲ့ Spelling the Dream ကို တင်ဆက်ပေးချင်ပါတယ်။ထူးခြားတစ်ခုက ပရိသတ်ကြီးတို့ ပုံမှန်မြင်တွေ့နေကျပျင်းစရာနောက်ခံစကားပြောသံကြီးနဲ့ documentary မျိုး မဟုတ်ဘဲHorror ရုပ်ရှင်ကားတစ်ကားကို ကြည့်ရှုနေရသလိုအသည်းတယားယား ခံစားရမှာပါ။ ကမ္ဘာ့အရပ်ရပ်က အိန္ဒိယလူမျိုးတွေ နယ်ပယ်မျိုးစုံမှာထူးချွန်ထက်မြက်ကြောင်းကို လူတိုင်းနီးပါး သိကြပါတယ်ဗျ။ဥပမာ နည်းပညာ၊ ဆေးပညာ အစရှိသဖြင့် နယ်ပယ်အတော်အများရဲ့ထိပ်သီးနေရာတွေ ခေါင်းဆောင်နေရာတွေမှာအိန္ဒိယလူမျိုးတွေရှိကြတာ ထုံးစံလို ဖြစ်နေပါတယ်။ခင်ဗျားတို့ရော တွေးကြည့်ဖူးလားဗျ သူတို့မှာဘာလျှို့ဝှက်ချက်တွေများရှိနေမလဲ၊ ဉာဏ်ကောင်းဆေးတွေထူးချွန်ထက်မြက်ဆေးတွေ လျှို့ဝှက်ဖော်စပ်ပြီးသောက်နေကြတာများလား။ဒီ Documentary မှာတော့ အိန္ဒိယ-အမေရိကန်ဆယ်ကျော်သက်ကလေးတွေဟာလူတိုင်းသိချင်နေကြတဲ့မေးခွန်းတွေကို ပြန်ဖြေပေးထားပါတယ်။ Scripps National Spelling Bee ဆိုတာအမေရိကန်နိုင်ငံရဲ့ ဂုဏ်သိက္ခာအကြီးမားဆုံးစာလုံးပေါင်းပြိုင်ပွဲဖြစ်ပါတယ်။ ပြည်နယ်အဆင့်မှာ အနိုင်ရဗိုလ်စွဲခဲ့တဲ့ စာလုံးပေါင်းချန်ပီယံတွေထိပ်တိုက်ရင်ဆိုင်ကြတဲ့ ပွဲပေါ့။ ချန်ပီယံတွေဟာကျွန်တော်တို့ ခင်ဗျားတို့ ကြားတောင်မကြားဘူးတဲ့ရှည်လျားထွေပြားနက်နဲတဲ့ စာလုံးတွေကိုအမှားအယွင်းမရှိ ပေါင်းနိုင်ကြတဲ့လူတွေပါ။ ဒီကားထဲမှာ Scripps National Spelling Bee ပြိုင်ပွဲအအတွက်ပြင်ဆင်နေကြတဲ့ အိန္ဒိယ-အမေရိကန် ...
movie

Spelling the Dream (2018)