Channel Myanmar

Srinivasa Sayee

Oopiri [Thozha ] (2016) 8
Oopiri [Thozha ] (2016) Thozha (imdb 8/10 Rtscore 77 %) ......(ရင်ဘတ်မိတ်ဆွေ)......ဒီတစ်ခါ ပရိသတ်ကြီးကိုတင်ဆက်ပေးချင်တာကတော့ 2016 တုန်းက ထွက်ရှိခဲ့တဲ့ ဟာသဒရာမတောင်ပိုင်းကားလေးတစ်ကားပါပဲ ဘာဟူဗလီကားထဲက မင်းသမီးချောဖြူနုအုဖတ်လေး သမန်းနားလဲပါဝင်ထားပြီး ဇာတ်ပို့မင်းသားကြီး ပရာကတ်ရာ့ဂျ်တို့လို သရုပ်ဆောင်တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ပါဝင်ထားပါတယ်ဒီကားလေးကတော့ မသန်စွမ်းရောဂါဖြစ်နေတဲ့ သူဌေးကြီးတစ်ယောက်ဟာ သူ့ကိုပြုစုစောင့်ရှောက်ဖို့အတွက် ဘဝမှာ ဘာကိုမှအလေးမထား အချုပ်ကျလိုက် လမ်းဘေးရှကီထုလိုက်နဲ့ အလေလိုက်နေတဲ့ စီနူဆိုတဲ့သူကို အလုပ်ခန့်လိုက်ပါတယ်..ဆရာသမားက လက်ကြောလဲမတင်း အလုပ်ကလဲကြေးများတဲ့အပြင် ဘာကိုမှလဲအလေးအနက်မရှိပါဘူး ဒီအလုပ်ကို လျှောက်တော့လဲ သူဌေးရဲ့အတွင်းရေးမှူးမလေးကို ဖွန်ကြောင်ချင်လို့ ဝင်အလုပ်လျှောက်တာပါသူဌေးကတော့ သူ့ရိုးသားပွင့်လင်းမှုကို သဘောကျပြီး အလုပ်ခန့်လိုက်တဲ့အခါမှာ တစ်ယောက်အခက်အခဲကို တစ်ယောက်ဘယ်လိုဖေးမကူပြီး ဘာဆက်ဖြစ်မလဲ....ဟာသလေးတွေနဲ့ ပေါ့ပေါ့ပါးပါးပဲ မိတ်ဆွေစစ်ရဲ့အဓိပ္ပာယ် ဘာလဲဆိုတာကြည့်ရှုရမှာပဲဖြစ်ပါတယ်အညွှန်းနဲ့ဘာသာပြန်ကတော့ CM Bollywood Team ကပဲ ဖြစ်ပါတယ် File size…2.9GB / 1.18GB Quality…WEB DL 1080p / 720p Format…mp4 Duration….2h 38m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by CM Bollywood Team
movie

Oopiri [Thozha ] (2016)

2016
Sarkaaru Noukari (2024) 8.4
Sarkaaru Noukari (2024) Sarkaaru Noukari (2024) "အစိုးရဝန်ထမ်း" IMDb-8.4/10အိန္ဒိယကားဆို ဘယ်မင်းသား ဘယ်မင်းသမီးဆိုပြီးရွေးမနေဘဲ ဇာတ်လမ်းကောင်းမှ ကြည့်ချင်တာဆိုသူတွေအတွက် ဇာတ်လမ်းကောင်းလေးတစ်ခု တင်ဆက်ပေးလိုက်ပါတယ်။ ၁၉၉၆ခုနစ် တယ်လာဂန်နာပြည်နယ် ကိုလာပူရ်မှာ ဖြစ်ခဲ့တဲ့အကြောင်းအရာကို အခြေခံပြီး ရိုက်ကူးတင်ဆက်ထားတာ။လူသားတွေဆိုတာ သက်ရှိတွေကြားထဲမှာ သူတို့ကိုသူတို့ ကြီးမြတ်တယ်ထင်တဲ့သတ္တဝါတွေ... ဒီလူသားတွေက ကိုယ့်ကိုယ်ကိုယ် အားကောင်းလှပြီအထင်နဲ့ သဘာ၀တရားကြီးနဲ့ ပြိုင်ဆိုင်လာချင်ကြတယ်... ဘယ်လောက်ပဲ အားကောင်းလှပါချည်ရဲ့ဆိုဆို သဘာ၀တရားနဲ့ပြိုင်လို့ ဘယ်နိုင်မလဲ... သဘာ၀တရားကြီးကပြန်ပေးတဲ့ ကပ်ဘေးတွေကိုရင်ဆိုင်ရတဲ့အခါ လူသားတွေပြိုလဲရတာပဲ.. မကြာခင်ကဖြစ်ခဲ့တဲ့ ကိုရိုနာဗိုင်းရပ်စ်ကိုပဲကြည့်... အယုတ်အလတ်အမြတ်မရွေးဘဲ လူသားပေါင်း သန်းနဲ့ချီတဲ့ဘ၀တွေကို နှုတ်ယူသွားခဲ့တာ...ဒီလိုကပ်ဘေးတွေကြားထဲကမှ ၁၉၈၆ခုနစ်ကစပြီး ဒုက္ခပေးလာတဲ့ အေအိုင်ဒီအက်စ်ပိုးကတော့ အခုချိန်ထိ လူတွေရဲ့အသက်ကို တဖြုတ်ဖြုတ်ချွေနေတုန်းပါပဲ... ကျွန်တော်က ဒီကပ်ရောဂါကြောင့် တောသူတောင်သားတွေ မသိလိုက်ရဘဲ အသက်ဆုံးရှုံးရတာကနေ ကာကွယ်ချင်တာပဲ... ရုံးခွဲအသစ်မှာ တာဝန်ကျမဲ့ ဒါကတော့ အိမ်ထောင်ကျခါစ ကျန်းမာရေးဝန်ထမ်းလေး ဂိုပါလ်ရဲ့ စကားသံတွေပေါ့။အဲဒီခေတ်အခါ သူလုပ်ရတဲ့ အလုပ်အကိုင်နဲ့ သူကြုံတွေ့ရမဲ့ အခက်အခဲတွေကို ရီရခက်ငိုရခက်နဲ့ခံစားကြည့်ရှုရမှာပါ။ (အညွှန်းနဲ့ဘာသာပြန်ကတော့ V~ToMo~Alex~BpL~Yunniတို့ပဲဖြစ်ပါတယ်)( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >> https://t.me/cmbollywood) File size… ...
movie

Sarkaaru Noukari (2024)

2024
Ugram (2023) 9.0
Ugram (2023) Ugram 2023ဒီတစ်ခါ တင်ဆက်ပေးချင်တဲ့ကားလေးကတော့ IMDb 9/10 ရထားတဲ့ အိန္ဒိယကားသစ်လေးပဲ ဖြစ်ပါတယ်။ ‌ ပရိသတ်ကြီးတို့ နေ့မြင်ညပျောက်ဆိုတဲ့စကားကြားဖူးကြမှာပါ။ ဒါဟာလည်း သေဆုံးမှုကို ရည်ညွှန်းတယ်လို့ပဲ သဘောပေါက်ထားကြပါလိမ့်မယ်။ ဒါပေမဲ့ ဒီစကားစုဟာ ဒီကားမှာတော့ ပျောက်ဆုံးမှုကို ရည်ညွှန်းတဲ့အသုံးဖြစ်သွားပါလိမ့်မယ်။ ညကလေးတင် ကားအက်ဆီးဒင့်နဲ့ကိုယ်တိုင် ဆေးရုံတင်ထားတဲ့ ဇနီးသည်နဲ့သမီးလေးဟာ နာရီပိုင်းလောက်ပဲကြာတဲ့ မ နက်ခင်းမှာတော့ ဆေးရုံကို ဘယ်တုန်းကမှရောက်မလာဖူးတဲ့သူတွေဖြစ်လို့နေပါတယ်။မှတ်ဉာဏ်ထဲမှာ ထင်ထင်ရှားရှားသိနေပါရဲ့နဲ့ ဒီလိုဖြစ်တာဘာလို့များပါလဲ..။ ဒါမှမဟုတ် မင်းသားရဲ့ခေါင်းကဒဏ်ရာကြောင့်များ တစ်ယောက်တည်းဖြစ်တာကို အထင်လွဲနေတာလား...။ ဒါမှမဟုတ် လူနာတွေကို ပိုက်ဆံပဲယူပြီး လူနာရှင်နဲ့တွေ့ခွင့်မပေး ဈေးကြီးလွန်းတဲ့ ဒီဆေးရုံကြီးမှာများ လျှို့ဝှက်ချက်တွေရှိနေတာလား....။ ဒါမှမဟုတ် ရဲအုပ်ဖြစ်တဲ့မင်းသားနဲ့ရန်ဘက်ဖြစ်တဲ့ သူ့ဇနီးသည်ရဲ့အဖေဖြစ်သူ မူးယစ်ရာဇာရဲ့ လက်ချက်များလား...။ ဒီလို သို့လောသို့လော ပဟေဠိတွေနဲ့ အချစ်/အမုန်း/ မှုခင်း/ ဆေးပညာ တွေကို စနစ်တကျပေါင်းစပ်ပြီး တစ်ခန်းချင်းမှာ စိတ်ဝင်စားဖို့ကောင်းအောင် ရိုက်ကူးထားတဲ့ကားလေးမို့ CM ပရိသတ်ကြီးအတွက် တင်ဆက်ပေးလိုက်ရပါတယ်နော်။ (အညွှန်းရေးသားသူကတော့ Aditi ဖြစ်ပြီး ဘာသာပြန်တွေကတော့ Aditi~Yunni~BpLနဲ့ Zwe Yanတို့ပဲဖြစ်ပါတယ်) File size… 3.08GB ...
movie

Ugram (2023)

2023