Channel Myanmar

Staci Lynn Fletcher

30 Minutes or Less(2011) 6.1
30 Minutes or Less(2011)  IMDb – 6.1/10 Rotten Tomatoes -45%ချက်ကြီးဟာမူလတန်းကျောင်းဆရာတစ်ယောက်။ချက်ကြီးဘော်ဒါငှက်ကြီး(နစ်ခ်) ကပီဇာဆိုင်မှာဒယ်လ်လီဗာရီပို့တဲ့သူ။ ဒီဘဲနှစ်ပွေကငယ်ငယ်လေးတည်းကခင်ခဲ့တဲ့ ငယ်ပေါင်းကြီးဖော်တွေ။ တစ်ဖက်မှာလည်းဘုရင်ကြီးဒွီဝိန်းနဲ့သူ့နောက်လိုက်တပည့်ကျော်ထရားဗစ်ဆိုတာရှိသေးတယ်။ချက်ကြီးတို့လို ငယ်ပေါင်းကြီးဖော် တွေပဲ။ဘုရင်ကြီးတို့က ၁၀၉-၁၁၀ တွေ။ သူ့ဖားသားကြီးအငြိမ်းစားဗိုလ်မှူးအိမ်မှာ လက်တိုလက်တောင်းလေး လုပ်ပြီးခိုကပ်နေတဲ့ဘဲတွေ။ဘိုးတော်ကြီးကထီပေါက်ထားပြီး ထောနေတော့၁၀၉-၁၁၀ ကောင်တွေကို ရှယ်ဟောက်တာပေါ့။အလုပ်မရှိအကိုင်မရှိအာဝါးဒါးရိုက်မနေနဲ့ အဖြစ်ရှိအောင်လုပ်ဘာညာပေါ့ဗျာ။ ဘုရင်ကြီးလည်း ပွားခံရပါများတော့ ဘိုးတော်ကြီးကိုကပ်တိုးလေးအသည်းပေါက်နေတယ်။ မြေနိုးကြီး သေရင်အမွေတွေရမယ် သူလည်းသူဌေးတန်းဖြစ်မယ်ပေါ့။ အဲဒါနဲ့ဘိုးတော်ကြီးကိုလုပ်ကြံဖို့အကြံထုတ်တယ်။ ထုတ်တဲ့အကြံထဲမှာ ပီဇာပို့တဲ့ ငှက်ကြီး(နစ်ခ်)ကမဆီမဆိုင် သားကောင်ဖြစ်သွားတယ်။ ချက်ကြီး၊ငှက်ကြီးတစ်ဖွဲ့ အကြံကြီးတဲ့ဘုရင်ကြီးတို့ကတစ်ဖွဲ့ ဂတုံးပေါ်ထိပ်ကွက်ဖို့ကြိုးစားကြတာတွေ တခွီခွီနဲ့ကြည့်ရမှာဖြစ်တယ်။ဒီရုပ်ရှင်မှာ The Social Network, Justice League,Now you see me ဇာတ်ကားတွေမှာပါဝင်တဲ့ Jesse Eisenberg ကငှက်ကြီးအဖြစ်ပါဝင်ထားပြီး Master of None series မှာနာမည်ကြီးတဲ့ Aziz Ansari က ချက်ကြီးအဖြစ်ပါဝင်ပြီး တခြားဟောလိဝုဒ်မှာနာမည်ကျော်ဟာသသရုပ်ဆောင်များစွာပါဝင်ထားပါတယ်။Box Office မှာလည်းဒေါ်လာသန်း၄၀ကျော်ရရှိထားတဲ့ရုပ်ရှင်ဖြစ်ပါတယ်။ File size…1.41GB ...
movie

30 Minutes or Less(2011)