Channel Myanmar

Stacy Thunes

The Perfect Escape (2023) 5.5
The Perfect Escape (2023)  နှစ်ကူးအကြို ပိတ်ရက်လေးမှာ ဆွစ်ဇာလန်နှင်းတောင်ပေါ်က အပန်းဖြေအိမ်လေးမှာ လာရောက်စုဝေးကြတဲ့ အကျင့်စရိုက်မတူ အနေအထားမတူညီကြတဲ့ လူပေါင်းစုံရဲ့ အဖြစ်အပျက် ပြဿနာလေးတွေကို ရိုက်ကူးထားတဲ့ ဇာတ်ကားလေးပါ။ပထမစုံတွဲကတော့ ကလေးလည်းရှိပြီး အိမ်ထောင်သက်တမ်းကြာပြီး တစ်ယောက်ကိုတစ်ယောက် ငြီးငွေ့နေကြတဲ့ လင်မယားတွေ ခပ်တည်တည်နဲ့ အွန်လိုင်းဒိတ်တင်းမှာ တခြားလူထင်ပြီး လာချိန်းတွေ့ရာကနေ နှစ်ယောက်သား ပြန်ပြီး တွေ့ကြရော။ဒုတိယစုံတွဲကတော့ သဘာဝပတ်ဝန်းကျင်ကို ဇွတ်ရောအတင်းရော ထိန်းသိမ်းစောင့်ရှောက်ချင်တဲ့ကောင်မလေးနဲ့ သီချင်းတွေ ဖန်တီးရတာကို နှစ်ခြိုက်တဲ့ ကောင်လေးတို့အတွဲ။တတိယစုံတွဲကတော့ ကလေးအင်မတန်လိုချင်နေတဲ့ ကျောင်းဆရာမလေးရယ် အင်တာနက်မရှိ ဖုန်းမရှိရင် ဘယ်လိုမှမနေနိုင်ပဲ ဘဝကို လူမှုကွန်ရက်မှာ နှစ်မြုပ်ထားတဲ့ အင်ဖလူယန်ဆာမလေးတို့ရဲ့ လက်စ်ဘီယန်အတွဲ။နောက်ဆုံးအတွဲကတော့ ဒီအပန်းဖြေစခန်းလေးရဲ့ ပိုင်ရှင်လင်မယားဖြစ်ပြီး အူကြောင်ကြောင်နဲ့ ဟိန္ဒူဘုရားတွေကိုးကွယ်ကြတာပါ။ဒီလိုနဲ့ စုံတွဲတိုင်း ပြဿနာ ပဋိပက္ခပေါင်းစုံနဲ့ နေကြတဲ့အခါ နှင်းမုန်တိုင်းကျပြီး အကုန်လုံး အိမ်ပြန်မရပဲ ပိတ်မိသွားတဲ့အခါမှာတော့…. ဘယ်လိုတွေ ဆက်ဖြစ်ကြမလဲဆိုတာ ကြည့်ရမှာပါ။ File size…(1.5 GB)/(760 Mb) Quality….Webrip 1080p ...
movie

The Perfect Escape (2023)

Role Play (2023) 5.5
Role Play (2023) The Big Bang Theoryထဲက ပန်နီရဲ့ အက်ရှင်ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။အမ်မီဆိုတာ သာယာတဲ့မိသားစုလေးပိုင်ဆိုင်ထားတဲ့ အိမ်ရှင်မတစ်ယောက်ဖြစ်ပြီး တစ်ဖက်မှာတော့ ဖုံးကွယ်ထားတဲ့ဘ၀တစ်ခုရှိနေခဲ့ပါတယ်။ အမ်မီတို့ ဇနီးမောင်နှံဟာ သူများတွေအတွက် စံပြစုံတွဲဖြစ်ကြပေမဲ့ အိမ်ထောင်သက်ကြာလာတာနဲ့အမျှ ချစ်စကြင်စကလို စိတ်လှုပ်ရှားမှုနည်းလာတဲ့အတွက် နှစ်ယောက်သား တိုင်ပင်ပြီး သူတို့ရဲ့ မင်္ဂလာနှစ်ပတ်လည်နေ့မှာ အချင်းချင်း သူစိမ်းတွေအဖြစ်ဟန်ဆောင်ကာ ဟိုတယ်ဘားမှာ မတော်တဆတွေ့တဲ့ပုံနဲ့ ရိုးပလေးလုပ် သိုင်းချဖို့တိုင်ပင်စီစဉ်လိုက်ကြပါတယ်။ ဒါပေမဲ့ စီစဉ်ထားတဲ့အတိုင်း မဖြစ်ဘဲ ဟိုတယ်ဘားမှာ တခြားတစ်ယောက်ပုံစံ ရုပ်ဖျက်ထားတဲ့ အမ်မီဆီကို သူစိမ်းယောက်ျားတစ်ယောက် ချဉ်းကပ်လာတဲ့အခါမှာတော့...။ဒီရုပ်ရှင်လေးဟာ သိုင်းကားမဟုတ်ပေမဲ့ ပန်နီလေးရဲ့ ကြွကြွရွရွ ငွားငွားစွင့်စွင့်အလှတွေကို မကြာခဏမြင်ရမှာဖြစ်ပြီး ဇာတ်လမ်းကလည်း အက်ရှင် သည်းထိတ်ရင်ဖိုကို ပုံစံကျကျနဲ့ စိတ်ဝင်စားဖို့ကောင်းတာမလို့ ကြည့်ရတာတန်တဲ့ ရုပ်ရှင်တစ်ကားဖြစ်မှာပါ။(အညွှန်းနဲ့ဘာသာပြန်ကတော့ Pyae Phyoပဲဖြစ်ပါတယ်) File size…(1.6 GB)/(868 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:40:00 Genre...Action, Comedy, Romance Subtitle….Myanmar Subtitle ...
movie

Role Play (2023)