Channel Myanmar

Stefan Gödicke

Triangle of Sadness(2022) 7.8
Triangle of Sadness(2022) ကဲ CMပရိသတ်ကြီး စောင့်မျှော်နေတဲ့ Triangle of Sadness ကို တင်ဆက်ပေးလိုက်ပါပြီဗျာ.. IMDb 7.8နဲ့ Rotten Tomatoes 70%ရထားတာဆိုတော့ အထွေအထူးပြောနေစရာ မလိုတော့ဘူးလို့ ထင်ပါတယ်.. သရုပ်ဆောင်တွေကတော့ Now You See Me, Venom, Zombieland ဇာတ်ကားတွေနဲ့ ဒိတ်ဒိတ်ကြဲအောင်မြင်ထားတဲ့ မင်းသားကြီး Woody Harrelson နဲ့ Maleficent ထဲက Aurora ရဲ့ချစ်သူမင်းသားလေး Harris Dickinson တို့ပဲ ဖြစ်ပါတယ်..ဇာတ်လမ်းအကျဥ်း နာမည်ကြီး ဖက်ရှင်မော်ဒယ်စုံတွဲအပါအဝင် ကျိကျိတက်ချမ်းသာတဲ့ သူဌေးတွေဟာ ဒေါ်လာသန်း၂၅၀တန်တဲ့ ဇိမ်ခံသ‌င်္ဘောကြီးနဲ့ အပျော်ခရီးထွက်ကြပါတယ် သ‌င်္ဘောရဲ့ကပ္ပတိန်က အရက်ချိုး သောမတ်စ်ပါ တစ်နေ့မှာတော့ အကြောင်းတစ်ခုကြောင့် ပင်လယ်ထဲမှာ အဲဒီသ‌င်္ဘောကြီး မြုပ်ပါတော့တယ် မော်ဒယ်စုံတွဲအပါအဝင် အသက်ရှင်ကျန်သူတွေဟာ ကျွန်းတစ်ကျွန်း‌ပေါ်မှာ သောင်တင်သွားပြီး ဒုက္ခရောက်ကုန်တော့တာပါပဲ သ‌င်္ဘောက ဘာလို့မြုပ်တာလဲ.. အထက်တန်းစားဘောစိတွေ Survival Mode နဲ့ ရှင်သန်နိုင်ပါ့မလား.. ကျွန်းပေါ်ကနေ လွတ်လမ်းရောရှိမှာလားဆိုတာကို မထင်မှတ်ထားတဲ့ Plot Twistတွေနဲ့ ကြည့်ရမှာ ဖြစ်ပါတယ်ဒီဇာတ်လမ်းရဲ့ အသက်ကတော့ ...
movie

Triangle of Sadness(2022)

2022
A Man Called Ove 7.7
A Man Called Ove A Man Called Ove (2015) ====================A Man Called Ove ဆိုတာ ဆွီဒင် ကွန်မြူနစ် စာရေးဆရာ နဲ့ ဘလော့ဂါ တစ်ဦးဖြစ်တဲ့ Fredrick Backman ရဲ့ 2012 ထွက် စာအုပ်တစ်အုပ်ပါ ဒီစာအုပ်ကို 2015 မှာ ရုပ်ရှင်အဖြစ် ပြန်လည်ရိုက်ကူးခဲ့ပါတယ်။ စာအုပ်ရော ရုပ်ရှင်ပါ Rating ‌တွေက ရှေ့ပြေးခဲ့တဲ့ ဇာတ်လမ်းကောင်းလေးတစ်ပုဒ်ပါ။ခေါင်းစဉ်လေးအတိုင်း အူဗာ ဆိုတဲ့ လူကြီးတစ်ယောက် အကြောင်းပေါ့... ဒီလူကြီးဟာ သူ့ရဲ့ ဇနီးမယား ဆွန်ညာ သေဆုံးသွားပြီးတဲ့နောက် ဘ၀ကြီးကို လက်လျှော့ အရှုံးပေးလိုက်တဲ့လူ၊ ဆွန်ညာမရှိတော့တဲ့နောက် သူဟာ အလွန်စိတ်တိုတတ်တဲ့ အဘိုးကြီး ဖြစ်လာတယ်။ ရပ်ကွက်ထဲမှာလည်း လူတိုင်းက သူ့ကို လူထူးလူဆန်း လူ့ဂွစာကြီးလို့ သတ်မှတ်ထားကြတယ်။ ဒီလိုနဲ့ လက်လျှော့ အရှုံးပေးတော့မယ့် သူ့ဘ၀ကြီးထဲကို အိမ်နီးနားချင်းအသစ်‌တွေ ရောက်လာတဲ့အခါမှာ တဖြည်းဖြည်းနဲ့ပြောင်းလဲလာခဲ့တယ်။ပျော်ရွှင်‌နေကျလူတစ်ယောက် ဘ၀ကို ...
movie

A Man Called Ove

2015
The Square (2017) 7.2
The Square (2017) The Square (2017) IMDb - 7.2/10_____Rotten - 85% Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ကြိမ်တင်ဆက်ပေးလိုက်တဲ့ The Square ဇာတ်ကားဟာဆိုရင် ပုံမှန်အတွေ့ရများလေ့ရှိတဲ့ဇာတ်ကားတွေလိုမဟုတ်ဘဲ တစ်မျိုးတစ်ဘာသာ ထူးခြားတဲ့သဘောကိုခံစားမိစေမယ့် ဇာတ်ကားတစ်ခုဖြစ်ပါတယ်။အရှေ့ဥရောပ နိုင်ငံတစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံက “ခရစ်စတီယန်”ဆိုတဲ့ ပြတိုက်မှူးတစ်ယောက်…စတော့ဟုမ်းမြို့လည်မှာ ဖုန်းနဲ့ပစ္စည်းအချို့ခါးပိုက်နှိုက်ခံရတာကနေ ဇာတ်ကားတစ်ခုလုံးရဲ့ အဓိကအကြောင်းအရာကိုစတင်ထားတာပါ။ပျောက်ဆုံးသွားတဲ့ ဖုန်းနဲ့ပစ္စည်းတွေကို ပြန်လည်ရယူဖို့ကြိုးစားရင်းဇာတ်ရှိန်တဖြည်းဖြည်းတက်လာမှာပါ။ဇာတ်ကားတစ်ခုလုံးကို အစကနေအဆုံး ဂရုတစိုက်ကြည့်မှသာ ဇာတ်လမ်းရဲ့အရသာကို ခံစားလို့ရနိုင်မယ်လို့ ပြောချင်ပါတယ်အလွမ်းအဆွေးပိုင်းဆိုင်ရာ သရုပ်ဆောင်ခန်းတွေကို တင်ပြထားရင်းနဲ့ကြိုကြားကြိုကြားဆိုသလို အနုပညာပိုင်းဆိုင်ရာတီထွင်ဖန်တီးမှုတွေအကြောင်းလည်းဗဟုသုတဖြစ်စရာ တွေ့မြင်ကြရမှာပါ။ပွင့်ပွင့်လင်းလင်းပြောရရင်တော့ ဒီဇာတ်ကားဟာရသခံစားမှုအပိုင်းထက် သုတပိုင်းကိုပိုပြီးအလေးပေးထားတဲ့ ဇာတ်ကားတစ်ကားသာဖြစ်တယ်လို့ ဆိုချင်ပါတယ်။ရွှင်လန်းချမ်းမြေ့ကြပါစေခင်ဗျား    File Size : (1.1 GB) Quality : WEB-DL 720p Running Time : 2hr 22min Format : Mp4 Genre : Comedy, Drama Subtitle : Myanmar Subtitle (Hard Sub) Source ...
movie

The Square (2017)

2017