Channel Myanmar

Stella McCusker

Bad Day for the Cut (2017) 6.5
Bad Day for the Cut (2017)  Bad Day For The Cut ဇာတ်ကားဟာ ၂၀၁၇ မှာထွက်ရှိခဲ့တဲ့ action drama ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ်...ဇာတ်လမ်းကို အမြည်းပြောပြရမယ်ဆိုရင်တော့ ဒိုနယ်ဆိုတဲ့လူလတ်ပိုင်းတစ်ယောက်က သူ့ရဲ့ ချစ်လှစွာသော မိခင်နဲ့အတူနေထိုင်နေပါတယ်, တနေ့မှာတော့ သူ့ရဲ့မိခင်ကို ဘယ်ကမှန်းမသိတဲ့ လူ ၂ ယောက်က လာရောက်လုပ်ကြံသတ်ဖြတ်သွားတဲ့အခါမှာ ဒိုနယ်တစ်ယောက် လုံးဝစဉ််းစားရ ခက်သွားပါတယ်,သူတို့လို လူမသိသူမသိ တောရွာက သားအမိကို တစ်ကူးတကလာရောက်သတ်သွားရတဲ့ အကြောင်းရင်းကို လိုက်ရှာရင်းသူ့ကိုယ်သူ ဒုက္ခတောထဲ ရောက်မှန်းမသိ ရောက်သွားရင်းဘယ်လိုရုန်းကန်လွတ်မြောက်နိုင်မလဲ..သူ့အမေရဲ့နောက်ကွယ်မှာရော ဘယ်လိုလျှို့ဝှက်ချက်တွေ ရှိမလဲဆိုတာတွေကို စိတ်လှုပ််ရှားဖွယ်ရာ ကြည့်ရှုရမဲ့ ဇာတ်ကားကောင်းလေးတစ်ကား ဖြစ်ပါတယ်.... File size…1GB / 459MB Quality…NF WEB-DL 1080p 5.1CH / 720p Format…mp4 Duration….1h 39m Genre ….. Action , Crime , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated ...
movie

Bad Day for the Cut (2017)

The Last Rifleman (2023) 7.2
The Last Rifleman (2023)  The Last Rifileman ဇာတ်ကားကြီးရဲ့ အဓိကသရုပ်ဆောင်ကတော့တစ်ခေတ်တစ်ခါက နာမည်ကြီး ဒိတ်ဒိတ်ကြဲ ဂျိန်းဘွန်းမင်းသားကြီးPierce Brosnan ပဲ ဖြစ်ပါတယ်။ ၂၀၂၃ အသစ်ထွက်တဲ့ ဇာတ်ကားဖြစ်လို့ဘာဆုညာဆုတွေတော့ မရှိသေးပေမဲ့ ဆုတွေ ဆန်ကာတင်စာရင်းတွေအတွက်ဖြစ်လာနိုင်တဲ့ ဇာတ်ကားကောင်းတစ်ခု ဖြစ်ပါတယ်။အာတီခရောဖို့ဒ်ဆိုတာ ဒုတိယကမ္ဘာစစ်က နာမည်ကြီး နော်မန်ဒီကမ်းခြေတိုက်ပွဲမှာ ပါဝင်တိုက်ခိုက်ခဲ့တဲ့ စစ်သားတစ်ယောက်ဖြစ်ပါတယ်။ စစ်ကြီးပြီးအသက်တွေကြီးလာပြီး အသက် ၉၂ နှစ်အရွယ် လူအိုရုံမှာ နေထိုင်နေတုန်းဇနီးဖြစ်သူ ဆုံးပါးသွားတဲ့အခါမှာ အာတီတစ်ယောက် အတိတ်ရဲ့ ဖြစ်ရပ်တွေကြောင့်ဘယ်လိုဆုံးဖြတ်ချက်တွေချပြီး ဘာတွေလုပ်မှာလဲ ဘယ်လိုလုပ်မှာလဲ။ အဲ့ချိန်မှာပဲတိုက်တိုက်ဆိုင်ဆိုင် နော်မန်ဒီကမ်းခြေတိုက်ပွဲ ဒီဒေး ၇၅ နှစ်ပတ်လည်နေ့အထိမ်းအမှတ်အစီအစဥ်ကို ပြင်သစ်မှာ ကျင်းပတော့မှာ ဖြစ်ပါတယ်။အိုင်ယာလန်မှာ နေထိုင်နေတဲ့ အာတီတစ်ယောက် ကျန်းမာရေးမကောင်းတော့တဲ့စစ်သားဟောင်းတစ်ယောက်က သူ့ဘော်ဒါတွေကို တွေ့ချင်စိတ်နဲ့ ပွဲကျင်းပရာပြင်သစ်နိုင်ငံထိ ခရီးနှင်နိုင်ပါ့မလား ဘာအခက်အခဲတွေ ကြုံတွေ့ရမလဲဘယ်လိုကျော်ဖြတ်မှာလဲ အဆုံးသတ်မှာကော သူလိုချင်တာ ဖြစ်မှာလားစတာတွေကို တစ်ကားလုံး ဇာတ်ရှိန်မကျဘဲ ကြည့်ရှူခံစားရမှာ ဖြစ်ပါတယ်။ဒုတိယကမ္ဘာစစ်ကို ...
movie

The Last Rifleman (2023)

Five Minutes of Heaven (2009)
Five Minutes of Heaven (2009)  1970 ကာလမှာ အိုင်ယာလန်မြောက်ပိုင်း ဘဲလ်ဖက်စ်မြို့မှာ အဲလစ်စတာလစ်‌တဲဆိုတဲ့လူငယ်တစ်ယောက်ဟာ ဂျိုးဂရစ်ဖင်လို့အမည်ရတဲ့ ကောင်လေးတစ်ယောက်ရဲ့အစ်ကိုကို အကြောင်းကိစ္စတစ်ခုကြောင့် ပစ်သတ်ခဲ့ပါတယ်။နှစ်၃၀အကြာမှာတော့ ခေတ်တွေပြောင်းလဲသွားပြီး ဂျိုးဂရစ်ဖင်နဲ့ အဲလစ်စတာတို့ဟာ တီဗီအစီအစဉ်တစ်ခုက အဖွဲ့သားတွေရဲ့ချဉ်းကပ်မှုကြောင့် ဂျိုးဂရစ်ဖင်ဟာ သူ့အစ်ကိုကိုသတ်ခဲ့တဲ့လူသတ်သမားကို နှစ်၃၀အတွင်း ပထမဆုံးအကြိမ်ပြန်တွေ့ဆုံဖို့ရာအကြောင်းဖန်လာခဲ့ပါတယ်။‌တီဗီအစီအစဉ်ရဲ့အဓိကရည်ရွယ်ချက်က ဂျိုးဂရစ်ဖင်တို့နှစ်‌ယောက်ကို ပြန်လည်သင့်မြတ်စေဖို့ရည်ရွယ်တာဖြစ်ပေမဲ့ ဂျိုးဂရစ်ဖင်ကတော့ အစ်ကိုတစ်ယောက်လုံး သေနတ်နဲ့ပစ်သတ်ခံခဲ့ရတာတောင် မတ်တပ်ရပ်ကြည့်နေခဲ့တဲ့အတွက် အမေဖြစ်သူရဲ့ နှစ် ၃၀ လုံးလုံးအပြစ်တင်လာတာကို ခံခဲ့ရတာကြောင့် စိတ်ဒဏ်ရာတွေနဲ့ အရူးတစ်ပိုင်းဖြစ်ခဲ့ရပြီး တစ်ဘ၀လုံးစာစောင့်ဆိုင်းခဲ့ရတဲ့ လက်စားချေမှုကို အကောင်အထည်ဖော်ဖို့ရာကြံ‌စည်နေခဲ့ပါတယ်။ဒီလိုနဲ့ သူတို့နှစ်ဦး တကယ်တွေ့ဆုံကြတဲ့အချိန်မှာ ဘယ်လိုအကျိုးဆက်တွေဖြစ်လာမလဲ၊ ဂရစ်ဖင်တစ်ယောက်ရော သူဖြစ်ချင်နေခဲ့တဲ့အတိုင်း နှစ်၃၀လုံးလုံး တေးလာခဲ့ရတဲ့ရန်ကြွေးကိုဆပ်လိုက်မလား၊ အဲလစ်စတာအနေနဲ့ရော အတိတ်က သူလုပ်ခဲ့မိတဲ့အပြစ်အတွက် ပေးဆပ်သွားမှာလားဆိုတာကိုတော့... File size…(2.2 GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:29:00 Genre...Crime, Drama, Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Steven Khant
movie

Five Minutes of Heaven (2009)

Boys from County Hell (2020) 6.0
Boys from County Hell (2020) Boys from County Hell (2020)======================IMDb Rating - 6.0/10ဒီဇာတ်လမ်းလေးက Dracula ဆိုတဲ့ဇာတ်လမ်းရဲ့ မူလအစဖြစ်တည်ရာလို့ပြောရမလားဘဲ။ဇာတ်အိမ်တည်ထားတာကတော့ ခြောက်မိုင်ကုန်းလို့ ခေါ်တဲ့ အိုင်ယာလန်က နေရာလေးတစ်ခုဒေသခံတွေပြောကြတာကတော့ Dracula ကိုဖန်တီးခဲ့တဲ့စာရေးဆရာက ဒီခြောက်မိုင်ကုန်းဆိုတဲ့နေရာလေးက ဒေသခံပုံပြင်ကို ကြားပြီး ဖန်တီးခဲ့တာတဲ့ . မူလပုံပြင်ကိုတော့ သိတဲ့သူခပ်ရှားရှားပဲ၊သူတို့ရဲ့ ဒေသခံပုံပြင်ထဲမှာတော့ အက်ဘာတက်ခ် ဆိုတဲ့သူဟာ သွေးစုပ်ဖုတ်ကောင်တွေရဲ့မူလအစပထမပေါ့။ခြောက်မိုင်ကုန်းမှာ အက်ဘာတက်ခ်ကို မြေမြှုပ်ထားတယ်ဆိုတဲ့ အထိမ်းအမှတ်ကျောက်ပုံလေးတစ်ခုရှိတယ်။မြို့ငယ်လေးအတွက်တော့ အဲ့ဒါဟာ ခရီးသွားတွေကိုဆွဲဆောင်တဲ့နေရာတစ်ခုဖြစ်ပြီး သူတို့ကလည်း အဲ့လိုပဲယုံကြည်ထားတယ်။ ဒီလိုနဲ့ အဓိကဇာတ်ဆောင်ဖြစ်တဲ့ ယူဂျင်းနဲ့ သူ့ရဲ့အဖေဖြစ်သူတို့ဟာ လမ်းဖောက်ဖို့ပရောဂျက်အတွက်နဲ့ အက်ဘာတက်ခ်ရဲ့ကျောက်ပုံကို နေရာရွှေ့ဖို့ဖြစ်လာတဲ့နောက်ပိုင်း ထူးဆန်းတဲ့အရာတွေ တစ်ခုပြီးတစ်ခုဆိုသလို ဖြစ်လာခဲ့တယ်။ ဒါတွေကို ယူဂျင်းက ဘယ်လိုဖြေရှင်းသွားရမလဲဆိုတာ Comedy/Horror ပုံစံလေးနဲ့အိုင်းရစ်ဖုတ်ကောင် ဇာတ်လမ်းကို ကြည့်ရှူရမှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့ အညွှန်းကို Chuck Chuck မှရေးသားပေးပြီး၊ ဘာသာပြန်ရေးသားပေးသူများကတော့ Chuck Chuck, Thiha ...
movie

Boys from County Hell (2020)

2020
Nowhere Special(2021) 7.8
Nowhere Special(2021) Nowhere Special(2021)အညွှန်း**************************IMDb...7.8Heart touching Drama တွေကိုနှစ်ခြိုက်ရင် recommend ပေးပါတယ်..Based on true events ဖြစ်ပြီး ဇာတ်လမ်းကတော့ ရိုးစင်းသယောင်နဲ့အတော်တော့ဆန်းပါတယ်...ဂျွန်က အသက် ၃၄ နှစ်အရွယ် ပြတင်းပေါက်သန့်ရှင်းရေးသမားတစ်ယောက်ပါ...ဇနီးဖြစ်သူ​က သားလေးမိုက်ကယ်ကိုမွေးပြီး ခြောက်လအကြာမှာပဲသူ့ဇာတိ ရရှားကိုအပြီးပြန်သွားပြီး ဂျွန်တို့သားအဖကိုထားခဲ့ပါတယ်....... အဲဒါကြောင့် ဂျွန်ဟာ သူ့ဘဝတစ်ခုလုံးကို ပုံအောပြီး မိတဆိုးသားလေးမိုက်ကယ့်ကို ပြုစုပျိုးထောင်ဖို့ရည်ရွယ်ထားပေမယ့် အေးချမ်းရိုးရှင်းတဲ့သူတို့သားအဖဘဝလေးဟာ သိပ်မကြာခင် ပျက်စီးရပါတော့မယ်...ဘာကြောင့်လဲဆိုတော့ ဂျွန်ဟာ ရောဂါကျွမ်းနေပြီဖြစ်လို့ လပိုင်းပဲ အသက်ရှင်ရတော့မှာမို့လို့ပါပဲ..သူ့ဘဝလက်ကျန် လပိုင်းသောအချိန်လေးအတွင်းမှာ လူမမယ်သားလေးမိုက်ကယ်ကိုနွေးထွေးစစ်မှန်တဲ့ မိဘမေတ္တာပေးနိုင်မယ့် မွေးစားမိဘတွေကို လိုက်ရှာရတော့မှာဖြစ်ပါတယ်...မျက်စိမမှိတ်ခင် သူ့စိတ်တိုင်းကျမွေးစားမိဘတွေ ရှာတွေ့မတွေ့ ကိုယ်တိုင်ပဲ ခံစားကြည့်လိုက်ပါဦး...မိုက်ကယ်အဖြစ်သရုပ်ဆောင်ထားတဲ့ကလေးလေးက သရုပ်ဆော်အရမ်းတွေလွန်းသလိုချစ်ဖို့လည်းကောင်းပါတယ်... File Size :(1.6GB)(966 MB) and (328 MB) Quality : WEB-DL 720p Format…mp4 Duration…01:36:00 Genre :  Drama Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Nowhere Special(2021)