Channel Myanmar

Stephanie Faracy

Mike and Dave Need Wedding Dates (2016) 6.0
Mike and Dave Need Wedding Dates (2016) REVIEW: Mike & Dave Need A Wedding Datesဒီဇာတ်လမ်းရဲ့ Review ကို အရင်ဆုံး တိုတိုရှင်းရှင်း ပြောပြပါ့မယ်။ ပေါ့ပေါ့ပါးပါး ဟာသကားကြည့်ချင်တယ်၊ နည်းနည်းပေါတောတောလေးတွေ၊ 18+ ဘာညာလေးတွေပါလည်းရတယ်ဆိုရင် ကြည့်ပျော်မယ့်ဇာတ်ကားလေးပါ။ ဇာတ်ကားအမျိုးအစားကတော့ အချစ်ဟာသဇာတ်မြူးလေးဆိုပါတော့။  အသေးစိတ် ထပ်ပြောရရင်တော့ ဇာတ်လမ်းက ဇာတ်ကားနာမည်မှာပါတဲ့အတိုင်းပါပဲ - ညီအစ်ကိုနှစ်ယောက်က သူတို့ညီမလေးရဲ့ မင်္ဂလာပွဲကို သူတို့နဲ့အတူလိုက်ပြီး ပွဲတက်ပေးမယ့် မိန်းကလေးအဖော်ရှာကြတာပါ။ ရှာတဲ့အချိန်ကစ’ပြီး တွေ့သွားတဲ့ထိရော၊ မင်္ဂလာပွဲအထိရော အလွဲတွေ၊ ရယ်စရာမောစရာတွေ၊ 18ယောက်စုရတာတွေနဲ့ ဘာတွေဖြစ်ကုန်သလဲဆိုတာကို ကြည့်ရမယ့်ဇာတ်ကားတစ်ကားပါ။ တကယ်ရယ်ရတာတွေရော၊ ပေါတောတောနဲ့ မို့ရယ်ရတာတွေရော၊ သတိထားဆင်ခြင်မယ်ဆို သိသင့်တာတွေရော ရောထားတဲ့ လူငယ်ကြိုက်ဇာတ်ကားပုံစံလေးပါ။ လူကြီးတွေအတွက်လည်း ပေါ့ပေါ့ပါးပါးဟာသကား ကြည့်ဖို့ရှာနေတာဆို ကြည့်ပျော်တဲ့ဇာတ်ကားဖြစ်မှာပါပဲ။ ဇာတ်ကားရဲ့ထူးခြားတဲ့တစ်ချက်ကတော့ အပြင်မှာတကယ်ရှိတဲ့ အပျော်အပါးတကယ်မက်တဲ့ ညီအစ်ကိုနှစ်ယောက်အကြောင်းပါတဲ့။ ဖြစ်ရပ်မှန်ပေါ်တွင်မှီငြမ်းသည်လို့ ပြောကြပါသတဲ့။  ပါဝင်တဲ့သရုပ်ဆောင်မင်းသားတွေကတော့ အဓိကဇာတ်ဆောင်နှစ်ယောက်ထဲက -Mike အဖြစ်က Adam Devine ပါ။ လူရွှင်တော်လည်းဖြစ်၊ ဟာသမင်းသားလည်းဖြစ်၊ နာမည်ကြီးရယ်စရာရှိုးအစီအစဉ်မှာ စတားတစ်ယောက်လည်းဖြစ်ပါတယ်။Dave အဖြစ်နဲ့က Zac Efron ပါ။ ချောလို့ဆိုပြီး မိန်းကလေးတွေကြိုက်ကြတဲ့ မင်းသားချောလေးပါ။ မင်းသမီးတွေကတော့ ဆံပင်ရွှေရောင်နဲ့ အူကြောင်ကြောင် အချောလေးအဖြစ် Anna Kendrick နဲ့ ခပ်ဟော့ဟော့ဇာတ်ဆောင်အဖြစ်နဲ့က Aubrey Plaza ...
movie

Mike and Dave Need Wedding Dates (2016)

2016
4K HEVC
Get Him to the Greek (2010) 6.3
Get Him to the Greek (2010)  2011 ခုနှစ်ရဲ့ Best comedy award အပါအဝင် ဆုပေါင်း 14 ခုမှာဇကာတင်ခဲ့တဲ့ ဟာသဇာတ်ကားတစ်ကားဖြစ်ပြီး IMDb 6.3 ရရှိထားပါတယ် အယ်လ်ဒိုးရပ်စ်ဆိုတဲ့ ရော့ခ်စတားနဲ့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီဝန်ထမ်း အာရွန်တို့နှစ်ယောက် ဂယက်ပေါင်းတစ်သိန်းနဲ့ တလွဲတွေဖြစ်နေတာကိုကြည့်ရှုရမှာပါ ဇာတ်လမ်းအကျဉ်း..... အယ်လ်ဒိုးရပ်စ်ကတော့ တချိန်ကအရမ်းနာမည်ကြီးခဲ့တဲ့ ရော့ခ်စတားတစ်ယောက်ဖြစ်ပြီး ရည်းစားနဲ့ပြတ်လို့အသဲကွဲရာကနေ အရှုံးသမားကြီးလုံးလုံးဖြစ်သွားပါတော့တယ် အာရွန်ကတော့ သီချင်းထုတ်လုပ်ရေးကုမ္ပဏီကဝန်ထမ်းဖြစ်ပြီး အယ်လ်ဒိုးရပ်စ်ရဲ့ comeback အတွက်တာဝန်ပေးခံရတာပါ အာရွန်တစ်ယောက် အယ်လ်ဒိုးရပ်စ်ကို ဖျော်ဖြေပွဲအမှီသွားခေါ်ရင်း လမ်းမှာ သူတို့နှစ်ယောက် တစ်မျိုးတစ်ဖုံမရိုးရအောင် အလွဲတွေချည်းဆက်တိုက်ဖြစ်နေပါတော့တယ် အာရွန်တို့နှစ်ယောက်သား တလွဲတွေကြားကနေဖျော်ဖြေပွဲအထိအရောက်သွားနိုင်ပါ့မလား အယ်လ်ဒိုးရပ်စ်ရဲ့ comeback ကရော ထင်ထားသလိုအောင်မြင်နိုင်ပါ့မလားဆိုတာကို ရယ်ရယ်မောမောနဲ့ကြည့်ရှုရမှာဖြစ်ပါတယ်File size…(2.4 GB)/(1.3 GB)Quality….Webrip 1080p / 720p Format…mp4 Duration….01:49:00 Genre...Adventure, Comedy, Music Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Get Him to the Greek (2010)

Flightplan
Flightplan ဒီရုပ်ရှင်က Psychological Thriller အမျိုးအစားပါ၊ အတူလိုက်ကြည့်ရင်း ခေါင်းစားလိုက် ရင်ခုန်လိုက်ပေါ့။မိခင်တစ်ယောက်ဆိုတာ သွားရှုပ်လို့မရဘူးဆိုတဲ့ မက်ဆေ့ချ်လေးပေးချင်တဲ့ ကားကောင်းလေးတစ်ကားလာပါပြီပရတ်ဆိုတဲ့ အမျိုးသမီးဟာ ယောကျ်ားဆုံးသွားလို့ သမီးလေးနဲ့အတူ အမေရိကန်က လောင်းအိုက်လန် ကိုပြန်ပြီးသဂြိုလ်ဖို့အတွက် ဘာလင်ကနေထွက်လာတာပါ သူကလေကြောင်းအင်ဂျင်နီယာဆိုတော့ သူစီးမယ့်လေယာဉ်ရဲ့ အစိတ်အပိုင်းတွေအားလုံးကိုလည်း သေသေချာချာသိတဲ့ သူတစ်ယောက်ပေါ့အဲဒီလိုနဲ့ လေယာဉ်စထွက်ပြီးမကြာခင်မှာပဲ သူ့သမီးလေးက လေယာဉ်ပေါ်မှာပျောက်သွားခဲ့တာပါ ထူးထူးဆန်းဆန်းကိစ္စဆိုတော့ သူများတွေကလည်း သိပ်မယုံကြဘူးပေါ့ လေယာဉ်မှူးကိုယ်တိုင်က မယုံချင်ချင်နဲ့ ရှာပေးရှာတော့တာပါပဲ အဲဒီမှာ သူ့ကိုစိတ်ကယောင်ကတမ်းဖြစ်တယ်ဆိုပြီး လေကြောင်းရဲက ထိန်းသိမ်းထားရပါတော့တယ် တကယ်တော့ သူက တကယ်ပဲစိတ်ရောဂါဖြစ်နေတာလား သူ့သမီးလေးကရော တကယ်ပါလာရဲ့လား လေယာဉ်ပေါ်မှာရော ဘာတွေဆက်ဖြစ်မှာလဲဆိုတာ စိတ်လှုပ်တရှားနဲ့ကြည့်လို့ကောင်းတဲ့ ကားဟောင်းလေးတစ်ကားပါပဲFile size…(1.54GB)/(719MB)/(524.78MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:38:00 Genre...Thriller/Mystery/drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by....Garfield
movie

Flightplan

Hocus Pocus (1993) 6.9
Hocus Pocus (1993) အရင်ဆုံးပြောချင်တာက Disney က တင််ဆက်ထားတဲ့ ဒီကားလေးက ကလေးရော လူကြီးပါ အပန်းပြေကြည့်ဖို့ သင့်တော်သလို စာရေးသူအနေနဲ့လည်း witchcraft တွေကို သဘောကျသူမလို့ အတော်လေး ဘ၀င်တွေ့မိပါတယ်ဇာတ်လမ်းအကျဉ်းဟိုး လွန်ခဲ့တဲ့ အနှစ် ၃၀၀ လောက်က ၀င်နီ၊ မယ်ရီနဲ့ ဆာရာဆိုတဲ့ ဆန်ဒါဆင် စုန်းညီမသုံးယောက်ရဲ့ ပုံပြင်လေးတစ်ပုဒ် ရှိသဗျသူတို့ဟာ ငယ်ရွယ်နုပျိုဖို့အတွက် ကလေးတွေရဲ့ ဝိဉာဉ်ကို စုတ်ယူစားသုံးရတယ်။ တစ်နေ့မှာ အမ်မလီဆိုတဲ့ ကလေးမလေးကို ပြုစားပြီး သူ့ရဲ့ ဝိဉာဏ်ကို စုတ်ယူခဲ့ကြတယ်။ အမ်မလီ့ကို ကယ်ဖို့ လိုက်လာတဲ့ အစ်ကိုဖြစ်သူ ဘင်ဇ်ကိုတော့ ကြောင်နက်တစ်ကောင်အဖြစ်နဲ့ ထာ၀ရ နေသွားစေတဲ့ ကျိန်စာတိုက်ပစ်ခဲ့တယ်။ဒီအဖြစ်အပျက်တွေ ဖြစ်တဲ့ နေ့မှာပဲ မြို့သားတွေက စုန်းမ ၃ ယောက်ကို ကွပ်မျက်ခဲ့ကြတယ်။ သို့ပေမဲ့ စုန်းမတွေက အပျိုစင်တစ်ယောက်ရဲ့ ဆင့်ခေါ်မှုနဲ့ သူတို့ တစ်နေ့ပြန်လာမယ်လို့ ကျိန်စာဆိုသွားခဲ့တယ်။သူ့ကို ဘယ်သူမှ မသိတော့တဲ့ သနားစရာ ကြောင်နက်ကြီးကတော့ သူတို့တွေ ပြန်မလာနိုင်အောင် ဆန်ဒါဆင်အိမ်ကြီးကို အမြဲ စောင့်ကြပ်နေခဲ့တယ်တဲ့ဒါကတော့ ...
movie

Hocus Pocus (1993)

Bad Teacher (2011) 5.6
Bad Teacher (2011) Title ကိုက Bad Teacher ဆရာမအဆိုးလေးတဲ့။Poster ပေါ်မှာလဲ  Eat me ငါ့ကိုစားပါတွေရော.. She doesn't give an "F." တွေရောနဲ့  R-Rated ဇာတ်ကားလေးပါ။မင်းသမီးက ကင်မရွန်းဒိုင်ယာ့ဇ်..သူ့စတိုင်နဲ့ ဆရာမအဆိုးလေးဆိုတော့ ကွက်တိပေါ့...မင်းသားက အဆိုတော် ဂျက်စတင်တင်းဘားလိတ်...အူကြောင်ကြောင်နဲ့လိုက်တယ်..မင်းသားကြီး Jason Segel လဲပါသေးတယ်...သူကတော့အတည်ပေါက်နဲ့နောက်တတ်သူပေါ့။ဇာတ်လမ်းလေးကတော့ ...ဆရာမလေး ကင်မရွန်းဒိုင်ယာ့ဇ်ဟာ အပျင်းလဲထူသလို အရည်အချင်းလဲမရှိတဲ့အပြင်ခြူစားဖို့ကြံစည်ပြီး စေ့စပ်ထားတဲ့ သူဌေးသားလေးရဲ့ စွန့်ပစ်ခြင်းကိုပါခံလိုက်ရသူပါ...ဒါနဲ့ဘူနေတုန်းမှာပဲ...သူ့လိုပူပူနွေးနွေးလမ်းခွဲထားတဲ့ ကျောင်းဆရာ ဂျက်စတင်တင်းဘားလိတ်နဲ့ဆုံပြီးဆွဲစားဖို့ထပ်ကြံပြန်တယ်...ပုရိသတစ်ယောက်ကိုဆွဲဆောင်ဖို့မှာနို့ပြားရင် အဆင်မပြေဘူးဆိုပြီး ရင်သားအစားထိုးကုသဖို့ကြံစည်ရာကနေဘာတွေဆက်ဖြစ်ကြမလဲဆိုတာ....။  File size…(1.7 GB)/ (999 MB)/ (500 MB) Quality…BluRay Unrated 1080p /720p / 480p Format…mkv Duration….01:37:00 Subtitle….Myanmar Subtitle (Hardsub) Encoder….Nyeinsaeya AungTranslated by Nay Lin Thar
movie

Bad Teacher (2011)