Channel Myanmar

Stephanie Leonidas

MirrorMask (2005)
MirrorMask (2005)  ဒီဇာတ်ကားလေးကတော့Dark Fantasy အမျိုးအစားလေးပါဟယ်လန်နာဆိုတဲ့ကောင်မလေးဟာ တစ်ညမှာအိပ်ပျော်နေရာကနိုးလာတဲ့အခါ သူမ,မရောက်ဖူးတဲ့နေရာတစ်ခုကိုရောက်ရှိနေပါတယ် အဲ့ဒီနေရာမှာရှိတဲ့လူတွေအားလုံးဟာမျက်နှာဖုံးတွေတပ်ထားကြပါတယ် သူလိုက်စုံစမ်းရင်းကနေ အဲ့ဒီနေရာဟာအလင်းမြို့တော်ဆိုတာကိုသိခဲ့ရပါတယ် အလင်းမြို့တော်နဲ့ကပ်လျက်ရှိနေတာကတော့ အရိပ်တိုင်းပြည်ပါ။အကြောင်းအရင်းတစ်ခုကြောင့် အလင်းမြို့တော်နဲ့အရိပ်တိုင်းပြည်ကြားက ဟန်ချက်ညီမျှမှုကြီး ကျိုးပျက်သွားပြီး အလင်းမြို့တော်ကအဖြူရောင်ဘုရင်မဟာနိုးမလာတော့ဘဲအိပ်မောကျသွားပါတယ် ဟယ်လန်နာတစ်ယောက် အဖြူရောင်ဘုရင်မပြန်လည်နိုးလာဖို့နဲ့ မြို့နှစ်ခုကြားက ဟန်ချက်ညီမျှမှုကြီးကို ပြန်လည်တည်ဆောက်ပေးဖို့အတွက်ကြိုးစားပါတော့တယ်ဟယ်လန်နာဟာ အဲ့ဒီနေရာကြီးကိုဘာကြောင့်ရောက်သွားတာလဲ အလင်းမြို့တော်ကြီးကိုအရင်လိုပုံမှန်ဖြစ်အောင်ကယ်တင်နိုင်ပါ့မလား သူမကရော သူမရဲ့အရင်ကမ္ဘာကိုပြန်ရောက်နိုင်ပါ့မလားဆိုတာကို ဇာတ်ကားလေးထဲမှာ စိတ်ဝင်စားဖွယ်ကြည့်ရှုရမှာပါ File size…(1.9GB)/(1 GB) Quality….Webrip 1080p / 720p Format…mp4 Duration….01:41:00 Genre...Fantasy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Ruby Jane 
movie

MirrorMask (2005)

5lbs of Pressure (2024)
5lbs of Pressure (2024)  ဒီကားမှာ အဓိကဇာတ်ဆောင်အနေနဲ့ကတော့ Beauty and the Beast တို့ Fast and Furious တို့မှာ ပါဝင်ခဲ့ဖူးတဲ့ မင်းသားကြီး Luke Evansက Adamအ‌နေနဲ့ ပါဝင်သရုပ်ဆောင်ထားပါတယ်။ဒီကားမှာတော့ Evans ကို လူသတ်မှုတစ်ခုအတွက် 16နှစ်ထောင်ကျနေရာကနေ လွတ်လာခဲ့ပြီး ဘဝကို အစကနေပြန်စဖို့အကောင်းဆုံးကြိုးစားနေတဲ့ သူတစ်ယောက်အနေနဲ့မြင်တွေ့ရမှာ ဖြစ်ပါမယ်။ သူဟာ မွေးကတည်းကနေ တစ်ခါမှ မတွေ့ရသေးတဲ့ သူ့သားကိုတွေ့ဖို့အတွက် သူ့ရဲ့ ကန့်သတ်နေရာဖြစ်တဲ့ နဂိုအမှုဖြစ်ခဲ့တဲ့မြို့ကိုပဲပြန်လာခဲ့ပါတယ်။ဒါပေမဲ့ အဲ့မြို့မှာက သူ့ကိုလက်စားချေဖို့စောင့်ဆိုင်းနေတဲ့ သူသတ်ခဲ့တဲ့ကောင်လေးရဲ့ညီ Eli, ဂိုဏ်းခေါင်းဆောင် ဦးလေးလက်အောက်ကနေ လွတ်ဖို့ ကြိုးစားနေတဲ့ တူဖြစ်သူ Mike စတဲ့ လူမိုက်‌တွေ၊ အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်။အဲ့အန္တရာယ်‌တွေ အခက်အခဲတွေကြားကနေ ကျော်ဖြတ်ပြီး သူလိုချင်တဲ့သာယာတဲ့မိသားစုဘဝလေးကိုပဲ ပြန်တည်ဆောက်နိုင်သွားမလား ၊ ဘယ်လိုတွေဆက်ဖြစ်ကြမလဲ ဆိုတာကိုတော့ Action, crime , romance ရသစုံလင်စွာနဲ့ ...
movie

5lbs of Pressure (2024)

A Very Venice Romance (2023) 6.3
A Very Venice Romance (2023)   "ဗင်းနစ်က ပင့်သက်ရှိုက်သံဆိုတဲ့တံတားရဲ့အောက်မှာ ချစ်သူနှစ်ဦးက နေဝင်ချိန် အနမ်းခြွေမယ်ဆိုရင် ထာဝရတည်တံ့တဲ့ချစ်ခြင်းကို ပိုင်ဆိုင်နိုင်လိမ့်ယ်"တဲ့...ဒီတစ်ခေါက်မှာတော့ ပရိသတ်ကြီးကို အီတလီနိုင်ငံက ဗင်းနစ်မြို့ကို အလည်တစ်ခေါက် ခေါ်သွားချင်ပါတယ်။ IMDB 6.3/10 ရရှိထားတဲ့ ဒီဇာတ်ကားလေးထဲမှာဆိုရင်တော့ ဗင်းနစ်မြို့ရဲ့ လှပပြီး စိတ်ကူးယဉ်ဆန်တဲ့ မြင်ကွင်းလေးတွေကို ခံစားကြည့်ရှုလို့ ရနိုင်မှာပါ။ ပုံမှန်သမားရိုးကျ plot ဖြစ်ပေမဲ့ လှပတဲ့ရှုခင်းတွေနဲ့ ဗင်းနစ်မြို့အကြောင်း ဗဟုသုတရဖွယ် အချက်အလက်များကိုပါ ထည့်သွင်းတင်ဆက်ထားတာမို့ ဟင်းလျာတွေလည်း ကြည့်ရင်း ထိုင်ရာမထဘဲ ဗင်းနစ်မြို့ကို အလည်တစ်ခေါက် အရောက်သွားကြည့်နိုင်မှာပဲ ဖြစ်ပါတယ်။အေမီက ဖြည့်စွက်စာထုတ်လုပ်ရေးတာဝန်ခံတစ်ယောက်ဖြစ်ပြီး ထုတ်ကုန်အသစ် ထုတ်နိုင်ဖို့အတွက် အပူတပြင်းကြိုးစားနေသူပါ။ သူတို့ရဲ့ ပြင်သစ်စားဖိုမှူးနဲ့တွဲဖက်ကာ အနံ့အရသာ ကောင်းမွန်ပြီး ကျန်းမာရေးနဲ့လိုက်ဖက်ညီတဲ့ ထုတ်ကုန်အသစ်ဖြစ်အောင် ပြင်ဆင်နေခဲ့ပေမဲ့ ပြင်သစ်ဟင်းလျာပုံစံတွေကို မူလလက်ရာမပျက်အောင် ထိန်းသိမ်းချင်တဲ့ စားဖိုမှူးက အေမီ့ရဲ့အဆိုပြုချက်ကိုလက်မခံဘဲ နှစ်ယောက်သားစကားများကြရာကနေ အလုပ်က ထွက်သွားပါတော့တယ်။ကိုယ်ရှုပ်မိတဲ့အရှုပ်ကို ပြန်ရှင်းဖို့ စားဖိုမှူးအသစ်လိုက်ရှာရင်း အီတလီစားဖိုမှူး မာချယ်လို့ကို ...
movie

A Very Venice Romance (2023)