Channel Myanmar

Stephen Adekolu

Gone Mom: The Disappearance of Jennifer Dulos (2021) 6.2
Gone Mom: The Disappearance of Jennifer Dulos (2021)  ဒီတစ်ခေါက်မှာတော့ ပရိတ်သတ်ကြီးအတွက် may လ 2019 ခုနှစ်မှာ ပျောက်ဆုံးသွားတဲ့ ကလေး ၅ ယောက်ရဲ့မိခင် Jennifer Dulos ရဲ့ ဖြစ်ရပ်မှန်ဇာတ်ကြောင်းကိုပြန်လည်ရိုက်ကူးထားတဲ့ thriller/mystery ဇာတ်လမ်းလေးကို တင်ဆက်ပေးလိုက်ပါတယ်။ဇာတ်လမ်းလေးရဲ့အကျဉ်းချုပ်ကတော့...Jennifer Dulos တစ်ယောက် ရှုပ်ထွေးလှတဲ့ New York မြို့ပြကြီးကနေ တိတ်ဆိတ်တဲ့နယ်မြို့လေးတစ်ခုကို ခေါင်းအေးအေးထားပြီး စာရေးဖို့ထွက်လာပါတယ်။ လူတွေရဲ့ဘဝကိုလုံးဝပြောင်းလဲသွားစေမယ့် အခိုက်အတန့်တစ်ခုဆိုတာရှိတယ်။ အဲဒါကိုလူတွေကသတိမထားခဲ့မိကြတာပါ။ Jennifer ရဲ့ ဘဝအလှည့်အပြောင်းက အဲဒီမြို့လေးမှာပဲ စတင်ခဲ့တယ်ဆိုရမှာပေါ့။ File size…(1.5 GB)/(700 Mb) Quality….Webrip 1080p / 720p Format…mp4 Duration….01:28:00 Genre...Drama, Crime Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Swe Yee
movie

Gone Mom: The Disappearance of Jennifer Dulos (2021)

Girl in Room 13 (2022) 5.4
Girl in Room 13 (2022) (၂၀၂၂) ထွက် Girl in Room 13 အမည်ရ Crime drama ကားတစ်ကားနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဒီဇာတ်ကားက ဖြစ်ရပ်မှန်အပေါ် အခြေတည်ရိုက်ကူးထားတာဖြစ်ပြီး မူးယစ်ဆေးသုံးစွဲမှုတွေ၊ လူကုန်ကူးမှုတွေ ပါဝင်ပတ်သက်နေသလို မိခင်မေတ္တာကို အလေးပေးပြသထားတဲ့ ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ဂရေ့စ်က မူးယစ်ဆေးဖြတ်ဖို့ ပြန်လည်ထူထောင်ရေးဌာနမှာ နှစ်ကြိမ်တိတိ ဆေးတက်ဖြတ်တဲ့ရတဲ့ ဆယ်ကျော်သက်မိန်းကလေးတစ်ယောက်ဖြစ်ပြီး သူ့ဘဝသူပြန်လည်ထူထောင်ဖို့ စိတ်ဆုံးဖြတ်ထားတဲ့သူတစ်ယောက်ပါ။ သူ့ကိုယ်သူတောင် မယုံကြည်ခဲ့တဲ့အချိန်တွေမှာ သူ့ကိုယုံကြည်ပေးခဲ့တဲ့ အမေတစ်ယောက်ရှိနေတာကြောင့်လည်း သူ့ဆုံးဖြတ်ချက်တွေက ပိုခိုင်မာခဲ့တာပေါ့။ဒါပေမဲ့ ကံကြမ္မာကဂရေ့စ်ကို မျက်နှာသာမပေးခဲ့ပါဘူး။ ဘဝကိုတစ်ကပြန်စဖို့ ကြိုးစားနေခဲ့တဲ့ဂရေ့စ်ကို ဆေးစွဲနေတဲ့ရည်းစားဟောင်းက ပြန်ပေးဆွဲပိတ်လှောင်ထားခဲ့ပြီး လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေနဲ့ လိင်ကျွန်အဖြစ်ရောင်းစားဖို့ပါ ကြံစည်ခဲ့ပါတယ်။ဂရေ့စ်ဆေးပြန်စွဲပြီး ထွက်ပြေးသွားတယ်လို့ အားလုံးကထင်နေကြပေမဲ့ ဂရေ့စ်အမေကတော့ ဂရေ့စ်အပေါ်ယုံကြည်ပြီး အရာအားလုံးနဲ့တိုက်ခိုက်ပြီး သမီးဖြစ်သူကိုလိုက်ရှာဖို့ ရေကုန်ရေခမ်းကြိုးစားခဲ့ပါတယ်။ရာဇဝတ်မှုတွေ၊ မှုခင်းတွေပါဝင်တဲ့ ဇာတ်ကားတစ်ကားဖြစ်တာမို့ အတက်အကျတွေများပြီး သည်းထိတ်ရင်ဖိုဆန်ဆန် ကြည့်ရှုရမဲ့ကားတစ်ကားပဲ ဖြစ်ပါတယ်။ File size…(1.7 GB)/(870 Mb) Quality….Webrip 1080p / ...
movie

Girl in Room 13 (2022)

Rescued by Ruby (2022) 7.2
Rescued by Ruby (2022) K9 ဆိုတဲ့ အနံ့ခံခွေးတပ်ဖွဲ့ကို အရမ်းကိုဝင်ချင်နေတဲ့ ဒန်နီရယ် ဘယ်အိမ်ကမှာမမွေးစားနိုင်အောင်ဆိုးလို့ ဂေဟာမှာ သောင်တင်နေတဲ့ ရူဘီဆိုတဲ့ ခွေးမလေးအကြောင်းဖြစ်ရပ်မှန်ရိုက်ထားတဲ့ကားလေးပါပဲ ဟော့ဒေါဆိုရင် မနေနိုင်မထိုင်နိုင် အရမ်းကြိုက်တဲ့ ခွေးမလေးရူဘီဟာ သူ့ရဲ့သခင်အမှန်ကိုမတွေ့ရသေးခင်အထိ မွေးစားတဲ့အိမ်တွေမှာ စကားနားမထောင်ဘဲ လုပ်ချင်တာတွေလုပ်လို့ ဂေဟာမှာသောင်တင်နေတာပါ ဒန်နီရယ်ကလည်း K9ကိုဝင်ချင်လွန်းလို့ စာမေးပွဲ ၈ကြိမ်ဖြေပြီးတဲ့အထိ မအောင်သေးတဲ့ ရဲတပ်ဖွဲ့ဝင်တစ်ယောက်ပါ တစ်နေ့တော့ ဘယ်သူမှ မမွေးစားတဲ့ ရူဘီကို ဂေဟာက လက်စသတ်ဖို့လုပ်နေတုန်း အကြောင်းအရာတိုက်ဆိုင်ပြီး ဒန်နီရယ်တဲ့တွေ့သွားကြတဲ့အခါ ဘာတွေဖြစ်လာမလဲ ရူဘီ့ကို ဒန်နီရယ်က သူများတွေနဲ့မတူဘဲ လေ့ကျင့်ပေးနိုင်မလား ရူဘီကရောဘယ်လောက်ထိလုပ်ပြနိုင်မလဲဆိုတာ ကြည်နူးမှုလေးနဲ့ ကြည့်လို့ကောင်းမယ့်ကားကောင်းလေးတစ်ကားပါ တချို့ကားတွေလို့ ခွေးလိမ္မာလေးက အစစအရာရာလိမ္မာတာမဟုတ်ဘဲ ခက်ခက်ခဲခဲသင်ကြားပေးရတဲ့ကားဆိုတော့ ကြည့်ရတာတန်မှန်လို့ မျှော်လင့်ပါတယ်  File size…(1.88 GB)/(904.61 MB )/(519.19 MB ) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:30:00 Genre...Drama, Biography, Family Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie

Rescued by Ruby (2022)