Channel Myanmar

Stephen Chang

Wake of Death (2004) 5.5
Wake of Death (2004) Wake of Death (2004)2004 မှာထွက်ရှိထားပြီး အက်ရှင်ကားပရိသတ်တွေရော၊ မင်းသားကြီး ဗန်ဒိမ်းဖန်တွေရော အကြိုက်တွေ့စေမယ့် ခပ်ကြမ်းကြမ်းကားတစ်ကားဖြစ်ပါတယ်။~ ဇာတ်လမ်းအညွှန်း ~မကြာခင် ကလပ်​လောကက​နေ အနားယူ​တော့မယ်လို့ ဘန်အာချာတစ်​ယောက် လုပ်​ဖော်ကိုင်ဖက်​တွေကို​ပြောပြီး​နောက်မှာ ဇနီးဖြစ်သူ စင်သီယာတစ်​​ယောက် ကင်မ်ဆိုတဲ့ တရားမဝင်​ရွေ့​ပြောင်း​နေထိုင်သူက​လေးကို ကူညီ​​ပေးရာက ရုတ်တရက်အသတ်ခံလိုက်ရပါတယ်။ အဲဒီလူသတ်မှု​နောက်ကွယ်က တရုတ်ဂိုဏ်း​နောက် ဘန်တစ်​ယောက်လိုက်လံ​ချေမှုန်းရာက​နေ ဘယ်လိုဆုံးရှုံးမှု​တွေ ဘယ်လိုအခက်အခဲ​တွေနဲ့ ​တွေ့ရမလဲ... ဆိုတာကို အက်ရှင်ပရိသတ်တို့အကြိုက်ရိုက်ပြထားတဲ့ ကား​ကောင်း​တစ်ကားပါပဲ။(ဒီဇာတ်ကားနဲ့အညွှန်းကို DB မှ ပြန်ဆို ရေးသားထားပါတယ်)Size - 1.65GB, 730MB Quality - 1080p, 720p IMDb Rating - 5.5/10 Format - mp4 Duration - 1H 31Min Genre - Action, Adventure, Drama Subtitle - Myanmar Subtitle (Hardsub) Translated by DB Encoded ...
movie

Wake of Death (2004)

Universal Soldier: Regeneration (2009) 5.3
Universal Soldier: Regeneration (2009) ဒီ​ရုပ်ရှင်​ကတော့ Universal Soldier franchise ရဲ့ ငါးကားမြောက်ရုပ်ရှင်ဖြစ်ပြီး Action/ Sci-fi​ အမျိုးအစား​ဖြစ်ပါတယ်။ အရင်​ဇာတ်ကား​တွေကလို ဗန်ဒိန်းကပဲ Luv အဖြစ် ပါဝင်​ထားပြီး​ သူ့ရဲ့ရန်သူတော် Andrew နေရာမှာ​ ၁၉၉၂ ရုပ်ရှင်​မှာပါဝင်ခဲ့တဲ့ မင်းသားကြီး Lundgren ကပဲထပ်မံပါဝင်ထားပါတယ်။ ဒီဇာတ်ကားက​ ၁၉၉၂ ရုပ်ရှင်​ရဲ့ နောက်​ဆက်​တွဲဇာတ်လမ်းဖြစ်ပြီး ၁၉၉၉ က Universal Soldier​ : The​ Return လိုပဲ​ ၁၉၉၂ ရုပ်ရှင်​ရဲ့နောက်ဆက်တွဲ sequel ဇာတ်​ကားဖြစ်ပါတယ်။ ဒါပေမဲ့​ ၁၉၉၉ ရုပ်ရှင်​နဲ့ မတူညီတဲ့ Alternative​ story ဖြစ်ပါတယ်။ဇာတ်လမ်း​အကျဉ်းကတော့​ပါဆာလန်လွတ်မြောက်ရေးတပ်ဦးဆိုတဲ့ အကြမ်းဖက်​အဖွဲ့က ယူကရိန်းနိုင်ငံဝန်ကြီးချုပ်ရဲ့ သားနဲ့သမီးကို ပြန်​ပေးဆွဲပြီး ချာနိုဘိုင်း​မြို့​ပျက်​ကြီး​က နျူကလီးယား​စက်ရုံ​ဟောင်းမှာ ထိန်းသိမ်း​ထားပါတယ်။ယူကရိန်းဝန်ကြီးချုပ်က သူတို့​တောင်းဆို​တာမလိုက်လျောရင် အဏုမြူ​ဓာတ်​ပေါင်းဖို​ကို ဖောက်​ခွဲပစ်မယ်လို့ ခြိမ့်းခြောက်ပါတယ်။ သူတို့​ဘက်မှာ NGU လို့​ခေါ်​တဲ့ မျိုးဆက်​သစ် ...
movie

Universal Soldier: Regeneration (2009)

Stargate: The Ark of Truth (2008) 7.2
Stargate: The Ark of Truth (2008)  ဒီဇာတ်ကားဟာ 20th Century Foxက ရိုက်ကူးခဲ့တဲ့ စိတ်ကူးယဉ်သိပ္ပံဇာတ်ကားဖြစ်သလို ၁၉၉၇က​နေ၂၀၀၇ခုနှစ်အထိ ထွက်ရှိခဲ့တဲ့Stargate SG-1ဆိုတဲ့ seriesရဲ့ အဆက်ဆိုလည်း ဟုတ်ပါတယ်။ဇာတ်လမ်းဇာတ်အိမ်က အ​တော်​လေးကျယ်ပြန့်သလို IMDb 7.2နဲ့RT 79%အထိ ရရှိထားတဲ့ ဇာတ်ကားပါ။SG-1ဆိုတာ ကမ္ဘာ​​မြေရဲ့ အာကာသရန် ကာကွယ်​ရေးတပ်ဖွဲ့ဖြစ်ပြီးသူတို့ရဲ့ အဓိကရန်သူ​တွေက​တော့ ကြယ်စင်စုထဲက အော်ရိုင်ဆိုတဲ့စွမ်းအားရှင်တွေပဲ ဖြစ်ပါတယ်။ ကမ္ဘာ​ဂြိုဟ်နဲ့ တခြားဂြိုဟ်​တွေကိုSupergate ဆိုတဲ့ အာကာသဂိတ်တံခါးနဲ့ ဆက်သွယ်ထားတာပါ။ဇာတ်လမ်းအစမှာ​တော့ SG-1အဖွဲ့​တွေဟာ အာ့ခ်လို့​ခေါ်တဲ့ ပစ္စည်းတစ်ခုကို ရှာပုံ​​တော် ဖွင့်​နေကြတာ ဖြစ်ပြီး အဲဒါက အော်ရိုင်​တွေရဲ့အစွမ်း​တွေကို ဖျက်ဆီးပစ်နိုင်တဲ့ အရာပါ။ဒါ​ကြောင့်လည်း အော်ရိုင်​တွေက SG-1အဖွဲ့ကို တားဆီးဖို့ သူတို့ရဲ့​နောက်လိုက်တိုမင် ​ခေါင်း​ဆောင်တဲ့ စစ်တပ်ကို​စေလွှတ်ရင်း နှစ်ဖွဲ့ထိပ်တိုက်​တွေ့ဆုံကာ ကမ္ဘာဂြိုဟ်နဲ့ အော်ရိုင်​တွေကြား တိုက်ပွဲ​တွေဆက်လက်ဖြစ်ပွားခဲ့ပါတယ်။ File size…2.18GB / 1.06GB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 41m Genre ….. Action , ...
movie

Stargate: The Ark of Truth (2008)

Elysium (2013) 6.6
Elysium (2013) IMDb Rating (6.6) / Rotten Tomatoes (64%)2013 ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ မင်းသား မက်ဒေမွန်ရဲ့ Elysium ရုပ်ရှင်ကားဟာ Box Office အမေရိကန်ဒေါ်လာ 286 သန်း အထိရရှိခဲ့ပြီး ဝေဖန်ရေးဆရာတွေလဲ အကြိုက်တွေ့ခဲ့တဲ့ရုပ်ရှင်ဇာတ်ကားဖြစ်ပါတယ်။Action,Sci-fi ပုံစံတင်ဆက်ထားပေမယ့် လူဦးရေထူထပ်လာခြင်း၊ လူသားဆန်မှုလျော့နည်းလာခြင်း၊ ခေတ်သစ်ကျန်းမာရေးစောင့်ရှောက်မှု၊ အလုပ်သမားခေါင်းပုံဖြတ်မှု၊ တရားစီရင်ရေးစနစ်နဲ့ လူတန်းစားဆိုင်ရာပြသနာတွေ အနာဂတ်မှာဖြစ်လာမှာတွေကို မီးမောင်းထိုးပြထားပါတယ်...၂၁ ရာစုရဲ့အဆုံးသတ်မှာ ကမ္ဘာကြီးဟာ လူဦးရေလွန်ကဲမှု အဆိပ်သင့်မှု ကပ်ရောဂါတွေ ဖုံးလွှမ်းလာပါတယ် ...ဒီလိုအချိန်မှာ အချမ်းသာဆုံးလူတွေဟာ ကမ္ဘာကြီးမှာ မနေကြတော့ဘဲ သူတို့ရဲ့လူနေမှုအဆင့်အတိုင်း သီးသန့်တည်ဆောက်ထားတဲ့ အိုခြင်းမရှိ နာဖျားခြင်းမရှိတဲ့ ဂြိုလ်တစ်ခုဆီကို ထွက်ခွာသွားကြပါတယ်...သမိုင်းနဲ့ချီလာတဲ့ထုံးစံအတိုင်း ငမွဲလေးတွေ နင်းပြားလေးတွေကတော့ ကမ္ဘာကြီးရဲ့ဆိုးညစ်မှုတွေကြား ပိတ်လှောင်ခံရစမြဲပေါ့...သိပ္ပံစိတ်ကူးယဉ်ရုပ်ရှင်ဇာတ်လမ်းဆိုပေမယ့် လက်တွေ့ဘဝတွေနဲ့လဲ ဆင်တူတာမလို့ ခံစားကြည့်ကြပါဦး။ File size…(4.9 GB)/(1.8 GB) /(1 GB) Quality….BluRay 4K HEVC/1080p ...
movie

Elysium (2013)

San Andreas (2015) 6.0
San Andreas (2015) San Andreas (2015)__________IMDb - 6.0/10  Channel Myanmar က ပရိတ်သတ်တွေအတွက် The Rock မင်းသားကြီးပါဝင်သရုပ်ဆောင်ထားတဲ့ စိတ်လှုပ်ရှားဖွယ် စွန့်စားခန်းတွေနဲ့ ရုပ်ရှင်ကား တစ်ကားကို တင်ပေးလိုက်ပါပြီ။ ဒီဇာတ်ကားဟာ IMDb Rating 6.0 ရရှိထားပြီး ကြည့်ရှုဖို့လက်မလွှတ်သင့်တဲ့ ရုပ်ရှင်ကားကောင်းဆိုလည်း မမှားပါဘူး။ အဖြစ်အပျက်က ဒီဇာတ်ကားမှာ The Rock လို့လူသိများတဲ့မင်းသားကြီးဟာ ကယ်လီဖိုးနီးယား မှာဖြစ်ပျက်သွားတဲ့ ပြင်းထန်တဲ့ ငလျင်ကြီးကြားက အသက်ရှင်ကျန်တဲ့သူတွေကို ရှာဖွေကယ်ဆယ်မဲ့ ရဟတ်ယာဉ်ပိုင်းလော့ တစ်ယောက်ပါ။ ငလျင်ဒဏ်မှာ အသက်ရှင်ကျန်ခဲ့တဲ့ သူ့သမီးကို သူနဲ့ Ex-wife  ဖြစ်လုဆဲဆဲ ဇနီးနဲ့အတူ မဖြစ်နိုင်တဲ့ စွန့်စားခန်းတွေဖွင့်ပြီး သွားရောက်ကယ်ဆယ်ကြမှာပါ။ ဒီဇာတ်ကားမှာ မင်းသားကြီးရဲ့ ပြည့်စုံတဲ့ လှုပ်ရှားမှုတွေ အပြင် ကြည့်ဖူးသမျှထဲမှာ အကောင်းဆုံး လို့ ပြောလို့ရတဲ့ CGI effect တွေကြောင့် ပါးစပ်အဟောင်းသားနဲ့ကြည့်ရှုကြရမှာပါ။ ဒါ့အပြင် ...
movie

San Andreas (2015)