Channel Myanmar

Stephen Dimopoulos

The Accused (1988) 7.1
The Accused (1988) The Accused (1988)~ IMDb - 7.1/10, RT - 93%, Meta - 65% ~"လူတစ်ဦးသည် အခြားသူအား ရာဇဝတ်မှုကျူးလွန်စေရန် ခိုင်းစေလျှင် တိုက်တွန်းလျှင် ခယပြောဆိုလျှင် သို့မဟုတ် တစ်နည်းနည်းဖြင့် ရာဇဝတ်မှုကျူးလွန်ရန် အားပေးအားမြောက်ပြုလျှင် ရာဇဝတ်အားပေးမှုမြောက်သည်"ဒါကတော့ ၁၉၈၄ ခုနှစ် အမေရိကန်မှာပြဋ္ဌာန်းခဲ့တဲ့ ရာဇဝတ်မှုထိန်းချုပ်ရေးဥပဒေရဲ့ ပုဒ်မ ၃၇၃ ပါ။ဒီရုပ်ရှင်က ၁၉၈၃ ခုနှစ် ဘတ်ဖို့ မန်ဆာချူးဆက်မှာဖြစ်ပွားခဲ့တဲ့ အုပ်စုဖွဲ့ မုဒိမ်းကျင့်မှုအပေါ် တစ်စိတ်တစ်ပိုင်းအခြေခံထားတယ်။ တစ်နှစ်ကွာဟချက်ရှိနေပေမဲ့ သူတို့အနေနဲ့ ဒီဥပဒေကို ကျင့်သုံးခဲ့ပုံပါပဲ။ဇာတ်လမ်းကတော့ ဆာရာဆိုတဲ့ကောင်မလေးကို ဘားတစ်ခုမှာ လူ ၃ ယောက်က အုပ်စုဖွဲ့မုဒိမ်းကျင့်ခဲ့တယ်။ အဲဒီလူ ၃ ယောက်ကို ညှိနှိုင်းပြီး ရမ်းကားမှုခေါင်းစဉ်နဲ့ နှစ်တိုထောင်ဒဏ်တွေပဲချမှတ်ခဲ့တယ်။ ဒါပေမဲ့ နစ်နာသူဘက်ကကော အစိုးရရှေ့နေဘက်ကပါ အဲဒီပြစ်ဒဏ်ကိုမကျေနပ်ခဲ့ဘူး။ သူတို့အမြင်အရ ဘေးက အားပေးခဲ့တဲ့ ...
movie

The Accused (1988)

1988
Two for the Money(2005) 7.0
Two for the Money(2005) Two for the Money(2005)*********************** Matthew McConaughey  နဲ့  ဂုရုကြီး Al Pacino  ပါဝင်ထားတဲ့ကားဆိုတော့ထွေထူးတော့ညွှန်းဖို့သိပ်လိုမယ်မထင်ပါဘူး...  အရမ်းတော်တဲ့ ကောလိပ်ဘောလုံးသမားဖြစ်ခဲ့ပေမယ့် မတော်တဆတစ်ခုမှာ ရခဲ့တဲ့ခြေထောက်ဒဏ်ရာကြောင့်ဘယ်တော့မှ ဘောလုံးပြန်ကစားဖို့ မဖြစ်နိုင်တော့တဲ့ ဘရန်ဒန်လန်းဟာ  လောင်းကစားဘက်မှာတော့သူ့မှာ ထူးချွန်တယ်လို့ဆိုရမယ်..။ လောင်းကစားသမားတွေကို အနိုင်ရမယ့်ဘက်ခန့်မှန်းပေးပြီးအကြံပေးတဲ့သူတစ်ယောက် ဖြစ်လာပါတော့တယ်။ တစ်နေ့မှာတော့ ဝယ်လ်သာအေဘရမ်စ်ဆိုတဲ့ နယူးယော့ခ်ကလောင်းကစားလုပ်ငန်းသူဌေးကြီးက ဘရန်ဒန့်ကိုသဘောကျပြီး သူ့ဆီအလုပ်လာလုပ်ဖို့ ကမ်းလှမ်းခဲ့တဲ့အခါဘရန်ဒန်တစ်ယောက် ဂျွန်အန်တိုနီဆိုတဲ့နာမည်နဲ့ လောင်းကစားအကြံပေးသမားဖြစ်လာခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့...File Size : (2.9GB) and (800MB) Quality :Blu-Ray1080P5.1Ch, 720p Format…mp4 Duration…02:02:00 Genre : Crime, Sport, Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shin Rina Encoded by Phyo Pyae
movie

Two for the Money(2005)

Rambo-First Blood (1982) 7.7
Rambo-First Blood (1982) [Unicode]Rambo ဆိုတာနဲ့ ခေါင်းမှာ အဝတ်စည်းပြီး M60 ကြီးကိုင်ထားတဲ့ Stallone ပုံကိုပြေးမြင်ကြမှာသေချာပါတယ်။ အဲဒါကြောင့်ဒီကားနဲ့အထူးမိတ်ဆက်ပေးစရာမလိုတော့ဘူးထင်ပါတယ်။ IMDB Rating 7.7 ရရှိထားတဲ့ဇာတ်ကားလေးပါ။ အက်ရှင်ကားပရိတ်သတ်တွေအတွက် အတော်အကြိုက်တွေ့ကြမှာသေချာပါတယ်။ ကြည့်ပြီးသူတွေများမယ်ဆိုပေမယ့် မကြည့်ရသေးတဲ့သူတွေအတွက် ဇာတ်လမ်းအကျဉ်းလေးပြောပါဦးမယ်။ဗီယက်နမ်စစ်ပြန်တစ်ယောက်ဖြစ်တဲ့ John.J. Rambo ဟာ အိမ်ခြေရာမဲ့လျှောက်သွားနေသူတစ်ယောက်ဖြစ်နေပြီး သူ့ရဲ့တစ်ဦးတည်းသောစစ်ပြန်သူငယ်ချင်းဆီ သွားတဲ့အခါ သေဆုံးသွားကြောင်းကိုကြားလိုက်ရပါတယ်။ လေလွင့်နေရင်း နယ်မြို့လေးတစ်မြို့ကိုရောက်သွားပြီး အဲဒီမြို့က ဒေသခံရဲမှုး နဲ့ရဲတပ်ဖွဲ့ဝင်တွေရဲ့ အာဏာအလွဲသုံးစားလုပ်ပြီး မရှိတဲ့အမှုကိုရှာကြံပြီး တရားစွဲဖို့ကြိုးစားနေပြီး အနိုင့်အထက်လုပ်တာကိုခံရတဲ့အခါ ရဲစခန်းက ထွက်ပြေးခဲ့ပါတယ်။ သူ့အသက်ကိုသတ်ဖို့ကြိုးစားလာတဲ့အထိဖြစ်လာတာကြောင့် ပြန်လည်တုံ့ပြန်ခဲ့ပုံကိုတော့ ဇာတ်ကားမှာကြည့်ပါဗျာ။[Zawgyi]Rambo ဆုိတာနဲ႔ ေခါင္းမွာ အဝတ္စည္းျပီး M60 ၾကီးကုိင္ထားတဲ့ Stallone ပုံကုိေျပးျမင္ၾကမွာေသခ်ာပါတယ္။ အဲဒါေၾကာင့္ဒီကားနဲ႔အထူးမိတ္ဆက္ေပးစရာမလုိေတာ့ဘူးထင္ပါတယ္။ IMDB Rating 7.7 ရရွိထားတဲ့ဇာတ္ကားေလးပါ။ အက္ရွင္ကားပရိတ္သတ္ေတြအတြက္ အေတာ္အၾကိဳက္ေတြ႕ၾကမွာေသခ်ာပါတယ္။ ၾကည့္ျပီးသူေတြမ်ားမယ္ဆုိေပမယ့္ မၾကည့္ရေသးတဲ့သူေတြအတြက္ ဇာတ္လမ္းအက်ဥ္းေလးေျပာပါဦးမယ္။ဗီယက္နမ္စစ္ျပန္တစ္ေယာက္ျဖစ္တဲ့ John.J. Rambo ဟာ အိမ္ေျခရာမဲ့ေလွ်ာက္သြားေနသူတစ္ေယာက္ျဖစ္ေနျပီး သူ႕ရဲ႕တစ္ဦးတည္းေသာစစ္ျပန္သူငယ္ခ်င္းဆီ သြားတဲ့အခါ ေသဆုံးသြားေၾကာင္းကုိၾကားလုိက္ရပါတယ္။ ေလလြင့္ေနရင္း နယ္ျမိဳ႕ေလးတစ္ျမိဳ႕ကုိေရာက္သြားျပီး အဲဒီျမိဳ႕က ေဒသခံရဲမႈး နဲ႔ရဲတပ္ဖြဲ႕ဝင္ေတြရဲ႕ အာဏာအလြဲသုံးစားလုပ္ျပီး မရွိတဲ့အမႈကုိရွာၾကံျပီး တရားစြဲဖုိ႔ၾကိဳးစားေနျပီး အႏိုင့္အထက္လုပ္တာကုိခံရတဲ့အခါ ရဲစခန္းက ထြက္ေျပးခဲ့ပါတယ္။ သူ႕အသက္ကုိသတ္ဖုိ႔ၾကိဳးစားလာတဲ့အထိျဖစ္လာတာေၾကာင့္ ျပန္လည္တုံ႔ျပန္ခဲ့ပုံကုိေတာ့ ဇာတ္ကားမွာၾကည့္ပါဗ်ာ။File size…(900MB) and (380MB) Quality…BR-Rip 1080p Format…mp4 Duration….01:33:22 Subtitle….Myanmar Subtitle (Hardsub) Translated by d3monEncoded by Naing Aung Latt
movie

Rambo-First Blood (1982)

1982