Channel Myanmar

Stephen J. Bridgewater

Brake (2012) 6.1
Brake (2012)  ကားနောက်ခန်းထဲထည့်ပိတ်ခံရတဲ့ကားတွေအများကြီးထဲမှာဒီကားကတော့ Plot Twist ပေါင်းမျိုးစုံနဲ့ကြည့်လို့တော်တော်ကောင်းတဲ့ကားပဲဖြစ်ပါတယ်။ဇာတ်ကားနာမည်ကတော့Break ဖြစ်ပြီး IMDb Rating 6.2 ရရှိထားပါတယ်။ဒီပုံစံနဲ့အလားတူတခြားကားတွေလို နောက်ဖုံးထဲမှာပဲ ပျင်းစရာကောင်းနေတာမျိုးမဟုတ်ဘဲ စိတ်ဝင်စားစရာတွေအများကြီးထည့်ထားပေးတဲ့အတွက်ဒီလိုပုံစံဇာတ်ကားမျိုးကိုကြိုက်နှစ်သက်တဲ့သူတွေကြည့်သင့်ပါတယ်။ဇာတ်ကားအကျဉ်းချုပ်ကတော့များများစားစားပြောစရာမရှိဘဲ စစချင်းမှာတင်ဂျယ်ရမီဆိုတဲ့လူတစ်ယောက်ကကားနောက်ဖုံးထဲမှ ာအဖမ်းခံထားရပြီးဒီအတိုင်းရိုးရိုးတန်းတန်းအထည့်ခံထားရတာမဟုတ်ပဲ အလုံပိတ်သေတ္တာကြီးနဲ့ပါတစ်ဆင့်ထည့်ထားတဲ့အတွက် လွတ်မြောက်ဖို့ဆိုတာကတော့မဖြစ်နိုင်သလောက်ပါပဲ။စစချင်းမှာတော့ သူယူထားတဲ့လောင်းကစားကြွေးရှင်က လုပ်တယ်ထင်ခဲ့ပေမဲ့ တကယ်တမ်းမှာတော့Roulette ဆိုတဲ့ နေရာကိုသိချင်လို့ဖမ်းခေါ်လာပြီးမေးမြန်းနေတာပဲဖြစ်ပါတယ်။Roulette ဆိုတဲ့နေရာကဘာလဲဆိုတော့သူတို့နိုင်ငံမှာအရေးအခင်းကြီးတစ်ခုခုဖြစ်ရင် သမ္မတပုန်းခိုလို့ရအောင်လုပ်ထားတဲ့လုံခြုံတဲ့မြေအောက်အလုံခန်းကြီးပဲဖြစ်ပါတယ်။အဲ့ဒီနေရာကိုဘာလို့သူ့ကိုမရမကမေးနေရတာလဲ အဲ့ဒီနောက်ဖုံးထဲကရောဂျယ်ရမီတစ်ယောက်ဘယ်လိုနည်းလမ်းတွေသုံးပြီးလွတ်မြောက်အောင်ကြိုးစားမလဲဆိုတာတွေကိုကြည့်ရမဲ့ဇာတ်ကားကောင်းတစ်ကားပဲဖြစ်ပါတယ်။  File size…2.14GB / 936MB Quality…Blu-Ray 1080p  / 720p Format…mp4 Duration….1h 32m Genre ….. Thriller Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Saw Lay
movie

Brake (2012)