Channel Myanmar

Stephen Ramsey

G.I. Jane (1997) 6.0
G.I. Jane (1997)  ယောက်ျားမိန်းမ ခွဲခြားဆက်ဆံခြင်းဆိုတာ ဟိုးအရင်ကတည်းကနေအခုထက်ထိ ဆက်ရှိနေသေးတဲ့ပြဿနာကြီးတစ်ခုပါ။စစ်တပ်တွေထဲမှာလည်း အဲ့လိုခွဲခြားမှုတွေအများအပြားရှိခဲ့ပါတယ်။ယောက်ျားတွေက ဘယ်နေမှာမဆို တာဝန်ထမ်းဆောင်လို့ရပေမဲ့အမျိုးသမီးတွေကိုတော့ ကျန်တဲ့အရာတွေမကြည့်ဘဲ အမျိုးသမီးဆိုတဲ့အကြောင်းပြချက်တစ်ခုတည်းနဲ့ ရာထူးနေရာတွေ လေ့ကျင့်ရေးတွေအများအပြားမှာ ပိတ်ပင်ခံခဲ့ရပါတယ်။အခုတင်ဆက်ပေးမဲ့ G.I Janeဆိုတဲ့ 1997 ခုနှစ်တုန်းကထွက်ရှိခဲ့တဲ့ ဇာတ်ကားထဲမှာအဲ့လိုခွဲခြားမှုတွေကိုကွက်ကွက်ကွင်းကွင်းမြင်ရအောင် ရိုက်ကူးထားတာကို တွေ့ရမှာဖြစ်ပြီးIMDb Rating 6.0 ရရှိထားတဲ့ ဟောင်းပေမဲ့ကောင်းနေဆဲဇာတ်ကားတစ်ကားဖြစ်ပါတယ်။အိုနီးလ်ဆိုတဲ့ထောက်လှမ်းရေးမှာ အလုပ်လုပ်နေတဲ့အမျိုးသမီးတစ်ယောက်က တစ်နေ့မှာတော့အဲ့လိုခွဲခြား ဆက်ဆံမှုတွေကိုမကြိုက်တဲ့ အမတ်ကြီးတစ်ယောက်ရဲ့ အကူအညီနဲ့ ရေတပ်လေ့ကျင့်ရေးတစ်ခုမှာ ပါဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမယ့် အဲ့ဒီလေ့ကျင့်ရေးက တော်ရုံလေ့ကျင့်ရေးမဟုတ်ဘဲ အမေရိကန်တစ်နိုင်ငံလုံးမှာအပြင်းထန်ဆုံး လေ့ကျင့်ရေးဖြစ်တဲ့အတွက် တော်ရုံယောက်ျားတွေပါလွယ်လွယ်ကူကူမကျော်ဖြတ်နိုင်တဲ့ လေ့ကျင့်ရေးတစ်ခုပဲဖြစ်ပါတယ်။အိုနီးလ်က မိန်းမသားဖြစ်ပေမဲ့ စိတ်ဓာတ်မာတဲ့အတွက် အဲ့ဒီလေ့ကျင့်ခန်းတွေအားလုံးကို ဘယ်လိုအခက်အခဲတွေရင်ဆိုင်ပြီး ကျော်ဖြတ်နိုင်ခဲ့မလဲနောက်ဆုံးမှာရော သူအောင်မြင်ခဲ့မလား သူ့ကိုကူညီပေးခဲ့တဲ့အမတ်ကြီးကရော ဘယ်လိုနိုင်ငံရေးလှည့်ကွက်တွေကြောင့် ဒီလိုလုပ်ပေးခဲ့တာလဲဆိုတာတွေကို စိတ်ဝင်စားစရာကောင်းစွာကြည့်ရှုရမဲ့ဇာတ်ကားတစ်ကားပဲဖြစ်ပါတယ်။ File size…2.07B / 962MB Quality…Blu-Ray 1080p 5.1CH / 720p Format…mp4 Duration….2h 5m Genre ….. Action , Drama , War Subtitle….Myanmar ...
movie

G.I. Jane (1997)

Minority Report (2002) 7.6
Minority Report (2002) Minority report (2002)IMDb Rating (7.6) / Rotten tomatoes (90%)တွမ်ခရုစ် ပါဝင်ထားတဲ့ sci-fi, thriller ဇာတ်ကားဖြစ်ပါတယ်။ နာမည်ကြီးဒါရိုက်တာ စတီဗင်စပီးဘာ့ဂ်ရိုက်ကူးထားတဲ့ဇာတ်ကားတွေရဲ့ ထုံးစံအတိုင်း ဇာတ်အိမ်ခိုင်ခံ့မှု၊ ဇာတ်လမ်းဆန်းသစ်မှုအပိုင်းတွေမှာ ပြောစရာမလိုအောင်ကောင်းမွန်တဲ့ ဇာတ်ကားတစ်ကားဖြစ်ပါတယ်။ဇာတ်လမ်းအကျဉ်းကတော့ သက္ကရာဇ် ၂၀၅၄ ခုနှစ်မှာ အမေရိကန်ပြည်ထောင်စု ဖယ်ဒရယ်အစိုးရဟာ Precrime လို့ခေါ်တဲ့ တင်ကြိုမှုခင်းတားဆီးရေးအဖွဲ့ကို နိုင်ငံတော်အဆင့်ဖွဲ့စည်းဆောင်ရွက်ဖို့ ကြိုးစားနေတဲ့ကာလဖြစ်ပါတယ်။ Precrime ဆိုတာက မှုခင်းတွေ၊ အထူးသဖြင့် လူသတ်မှုတွေမဖြစ်အောင် တားဆီးကာကွယ်ရတဲ့ အထူးရဲတပ်ဖွဲ့တစ်ခုဖြစ်ပါတယ်။ ဘယ်လိုတားဆီးသလဲဆိုတော့ precogs လို့ခေါ်တဲ့ မျိုးဗီဇမွမ်းမံထားတဲ့ လူသားတွေက အခင်းဖြစ်ပွားရာနေရာ၊ အချိန်နဲ့ လူပုဂ္ဂိုလ်တွေကို အတိအကျခန့်မှန်းဟောကိန်းထုတ်ပေးပြီးတော့ precops လို့ခေါ်တဲ့ အထူးရဲတွေက အဆိုပါနေရာကို အချိန်ကိုက်သွားရောက်ဝန်းရံပြီးတားဆီးရတာပါပဲ။precops အဖွဲ့မှူးဖြစ်တဲ့ ဂျွန်အန်ဒါတန်(တွမ်ခရုစ်)ဟာ မကြာသေးမီက သားဖြစ်သူပျောက်ထားတဲ့ အိမ်ထောင်ကွဲတစ်ဦးဖြစ်ပါတယ်။ ရဲတပ်ဖွဲ့ရဲ့ လုပ်ငန်းတွေ၊ စစ်ဆင်ရေးတွေမှာ တာဝန်ကျေပွန်ပေမယ့် သားပျောက်မှုကြောင့်ရတဲ့စိတ်ဒဏ်ရာကို ကုစားရင်း ဆေးစွဲနေသူတစ်ဦးဖြစ်ပါတယ်။ Precrime ဌာနဟာ ကိုလံဘီယာခရိုင်မှာ စမ်းသပ်လည်ပတ်ဆဲကာလမို့ နိုင်ငံတော်အဆင့်တရားဝင်ဖြစ်အောင် ဖယ်ဒရယ်ကအရာရှိတွေရဲ့ စစ်ဆေးမှုခံနေရတဲ့ အခြအနေပါ။ အဲ့လိုကာလအတွင်းမှာ ...
movie

Minority Report (2002)

2002