Channel Myanmar

Steve Kramer

End of Days (1999) 5.8
End of Days (1999) End of Days (1999)ငယ်စဉ်တောင်ကျေး ကလေးဘဝက အထိတ်တလန့်ကြီး ကြားလိုက်ရတယ်။ ကမ္ဘာပျက်မယ်တဲ့။ ဟင် ဘာလား။ ပျော်စရာကြီး။ ကမ္ဘာပျက်ရင် သူငယ်ချင်းတွေနဲ့ အတူတူထိုင်ကြည့်မယ်ပေါ့။ တိုင်ပင်ကြ။ ပြင်ဆင်ကြ။ မုန့်တွေ သစ်သီးတွေ စုဆောင်းသိမ်းဆည်းကြ။ အချိုလေးတည်းရင်း ကြည့်ရရင် သိပ်ဇိမ်ရှိမှာကိုးဗျ။ ဒါပေမဲ့ လူကြီးသူမတွေရဲ့မျက်နှာက သိပ်မကောင်းကြဘူး။ လက်ဖက်ရည်ဆိုင်တွေ အိမ်က လက်ဖက်ရည်ကြမ်းဝိုင်းတွေမှာ တိုးတိုး တိုးတိုးနဲ့ ငြင်းခုန်ကြ တိုင်ပင်ကြ။ကလေးပေမဲ့လို့ သိတတ်တဲ့အရွယ်ဆိုတော့ ကမ္ဘာပျက်မယ့်ကိစ္စက ပျော်စရာမဟုတ်မှန်းသိပြီလေ။ ကိုယ်ဖတ်ရတဲ့ ကာတွန်းလေးတွေ မဂ္ဂဇင်းတွေထဲမှာလည်း အဲဒီအကြောင်း မမြင်ချင်မှအဆုံး။ လူတိုင်း လူတိုင်း ကမ္ဘာသူကမ္ဘာသားတိုင်းက ပူပင်သောကတွေနဲ့ ရင်ဆိုင်ကျော်ဖြတ်ဖို့ ပြင်ဆင်နေရချိန်ပေါ့လေ။ မျောက်မူးလဲအောင် ဆော့တတ်တဲ့ကိုယ်တွေတောင် လူကြီးတွေမျက်နှာကိုငေးမောပြီး ငြိမ်ငြိမ်လေး ထိုင်နေတတ်လာတယ်။လူကြီးမင်းတို့ မီတဲ့သူတွေ မီကြမှာပါ။ Y2K တဲ့။ ဘာလဲဟ ဝိုင်တူးကေ။ လူကြီးတွေပြောစကားနားထောင် လက်လှမ်းမီသလောက် စာလေးတွေဖတ်ပြီးသိလာပါတယ်။ ...
movie

End of Days (1999)

1999
Chronicle (2012) 7.0
Chronicle (2012) Chronicle (2012) IMDb - 7.0/10_____Rotten - 85%    'with great power comes great responsibility' ဒီစကားစုနဲ့အားလုံးမစိမ်းပါဘူး ဒါပေမယ့်အဲ့လိုအစွမ်းတွေရလာတဲ့အခါလက်တွေ့ဆန်ဆန်စဉ်းစားလိုက်ရင် သင်ဟာဂေဟစနစ်ရဲ့အပေါ်ဆုံးနီးပါးကိုရောက်နေပါလိမ့်မယ် အဲ့လိုဆိုရင်တော့ဇာတ်လမ်းကမတူတော့ပါဘူး ဒီကားဟာပုံမှန်ဆယ်ကျော်သက်ကောင်လေးတစ်ယောက်ရဲ့မတူတဲ့ဇာတ်လမ်းတစ်ခုပါပဲ အန်ဒရူးဟာကျောင်းမှာလုံးဝအရှုံးသမားဖြစ်သလို အိမ်မှာလည်းအဖေဖြစ်သူအရက်သမားအနိုင်ကျင့်ရသမျှခံနေရတဲ့ ဆယ်ကျော်သက်ကောင်လေးပါ သူ့မှာအသက်ရှင်နေရတဲ့အကြောင်းရင်းဆိုလို့အိပ်ယာထဲ ဗုန်းဗုန်းလဲနေတဲ့သူ့အမေသာရှိပါတယ် ဆေးဖိုးလည်းမတတ်နိုင်အတွက်ရောဂါကဆိုးသထက်သာဆိုးလာပါတော့တယ် အန်ဒရူးနဲ့သူ့ဝမ်းကွဲမတ်တ်နဲ့သူငယ်ချင်းစတိဗ်တို့ဟာ ရုတ်တရတ်မြေအောက်ကရေဒီယိုသတ္တိကြွအရာတစ်ခုကို ပါတီပွဲသွားရင်းတွေ့သွားတဲ့အခါမှာတော့... ကိုယ်ပိုင်အရှုံးသမားဘဝနဲ့စွမ်းအားတွေရောယှက်လာမိရင်း ဘယ်လောက်ထိပြသနာတွေတက်ကြမလဲဆိုတာ...Translated by Linn Kyaw Swar AungEncoded by sithu  
movie

Chronicle (2012)

2012