Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Steve Oram
5.8
The Canal (2014)
အမျိုးသားဖလင်မော်ကွန်းတိုက်ရဲ့ မော်ကွန်းမှူးဖြစ်တဲ့ ဒေးဗစ်ဟာဇနီးသည်နဲ့အတူ အိမ်အသစ် တစ်လုံးဝယ်ပြီး အိမ်ထောင်ရေးခရီးစတင်ဖို့ ကြိုးစားခဲ့ပါတယ်။ တစ်နေ့မှာ မော်ကွန်းတိုက်ကို ရဲဌာနကမှုခင်းဟောင်း ဖလင်မှတ်တမ်းတွေ ရောက်လာတာကြောင့် ဒေးဗစ်အနေနဲ့ စစ်ဆေးကြည့်ရင်း အဲဒီဖလင်တွေဟာ သူတို့လက်ရှိနေတဲ့အိမ်မှာဖြစ်ခဲ့တဲ့ မှုခင်းအကြောင်း ရိုက်ကူးထားတာဖြစ်နေပါတယ်။မှုခင်းကတော့ ၁၉၀၂နှစ်တုန်းက အမျိုးသားဖြစ်သူက သူ့မိန်းမကိုသတ်ဖြတ်ခဲ့တဲ့အမှုပါ။အဆိုပါအမှုဟာ သူ့စိတ်ထဲမှာ တချိန်လုံးစွဲနေခဲ့သလို သူ့အိမ်ထဲမှာလူရိပ်လူခြေတွေ အမြဲမြင်တွေ့နေရလို့ စိတ်ကယောင်ချောက်ခြားဖြစ်လာတဲ့ဒေးဗစ်တစ်ယောက်ဟာ တစ်နေ့မှာတော့ မိန်းမဖြစ်သူရဲ့ဖောက်ပြန်မှုကို မျက်ဝါးထင်ထင်မြင်လိုက်ရပါတယ်။ ကံဇာတာကဒီလောက်နဲ့ မပြီးဘဲ မိန်းမဖြစ်သူ သေဆုံးခြင်းနဲ့မှ အဆုံးသတ်သွားတဲ့အခါ မိတဆိုးသားလေးနဲ့ ဒေးဗစ်တို့ဟာ ဇနီးသည်ရဲ့သေခြင်းနဲ့သူတို့အိမ်ရဲ့ ဆက်စပ်မှုတွေကို ဖော်ထုတ်ဖြေရှင်းရင်း အမှောင်ထုထဲကို တစ်စတစ်စတိုးဝင်သွားမိပါတော့တယ်။ File size…1.16GB / 488MB Quality…Blu-Ray 1080p / 720p Format…mp4 Duration….1h 32m Genre ….. Drama , Horror , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie
The Canal (2014)
6.2
A Dark Song (2016)
ဆိုဖီယာဆိုတဲ့ စိတ်ပျက်ဝမ်းနည်းနေတဲ့ အမျိုးသမီးတစ်ဦးဝေးလ်စ် နိုင်ငံရဲ့ လူသူအရောက်ပေါက်နည်းနဲ့နေရာတစ်နေရာမှ အိမ်တစ်လုံး ငှားခဲ့ပါတယ်။သူမရဲ့ သေသွားတဲ့ ၇နှစ်အရွယ်သားလေးနဲ့စကားပြောခွင့်ရဖို့အောက်လမ်းဆရာတစ်ဦးဖြစ်တဲ့ဂျိုးဆက်ဆိုလိုမွန်ကို ငှားရမ်းပြီး ထိုအိမ်ကြီးမှာလပေါင်းများစွာ လူတွေနဲ့အဆက်ဖြတ် ပြီးအဘရာမယ်လင်ကျမ်းထဲကကိုယ်ရံတော်နတ်သားကိုဆင့်ခေါ်ဖို့ကြိုးစားပါတော့တယ် File size… 1 GB / 664 MB Quality… BluRay 1080p / 720p Format… mp4 Duration…. 1h 40m Genre ..... Horror Subtitle…. Myanmar Subtitle (Hard Sub) Encoder…. Thit San Khant Translated by Dr Zac
movie
A Dark Song (2016)
2016
6.5
Sightseers (2012)
Sightseers (2012)ခုတစ်ခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၁၂ထွက် sightseer ဆိုတဲ့ဇာတ်ကားကောင်းလေးပဲဖြစ်ပါတယ်။ Dark comedy တွေရိုက်နေကျ ဒါရိုက်တာ Ben Wheatleyရဲ့ လက်ရာလေးပါ။ဇာတ်လမ်းအကျဉ်းကတော့ သာမန်စုံတွဲတစ်တွဲ နောက်တွဲယာဉ်နဲ့ အားလပ်ရက်ခရီးထွက်တာကနေ စတင်ခဲ့ပါတယ်။ ခရစ်နဲ့ တီနာတို့က ချစ်ချစ်ခင်ခင်နဲ့ ရိုမန်တစ်ဆန်တဲ့ ခရီးတစ်ခုကို စီစဉ်ခဲ့ကြတာပါ။ တီနာရဲ့အမေကတော့ ခရစ်ကို မယုံပေမဲ့ တီနာကတော့ ပျော်ပျော်ရွင်ရွင်ပဲ ခရီးထွက်လာခဲ့ပါတယ်။ဇာတ်လမ်းအစပိုင်းမှာ ပျော်စရာ သာမန်ဇာတ်ကားလေးလို့ထင်ရပေမဲ့ ခရစ်ဟာ မထင်မှတ်ဘဲ လူတစ်ယောက်ကို ကားနဲ့ တိုက်သတ်မိခဲ့ပါတယ်။ ခရစ်ဟာ တမင်တကာပဲ သတ်ခဲ့တာလား? မတော်တဆဖြစ်သွားတာလား?ခရီးစဉ်ကို မပျက်ဆီးစေချင်တဲ့ တီနာကရော ပြန်ခေါ်နေတဲ့ သူ့အမေရယ် ဒီလိုအဖြစ်ဆိုးဖြစ်လာတဲ့အခါ ဘယ်လိုတုံ့ပြန်မလဲ?အဲဒီအချိန်ကနေစပြီးတော့ ဇာတ်လမ်းရဲ့ ပုံစံဟာ ပြောင်းလဲသွားပြီး ဇာတ်ဆောင်တွေရဲ့ နားလည်ရခက်တဲ့ စိတ်တွေ ... မထင်ထားတဲ့ အခြေအနေတွေကို ရင်တထိတ်ထိတ်နဲ့ ကြည့်ရှု ခံစားရမှာဖြစ်ပါတယ်။သွေးသံရဲရဲအခန်းတွေ လိင်ဆက်ဆံခြင်းတွေ ညစ်ညမ်းအသုံးအနှုန်းတွေပါဝင်လို့ မိသားစုနဲ့အတူကြည့်ဖို့တော့ မသင့််တော်ပါဘူး မိုးအေးအေးမှာ ...
movie
Sightseers (2012)
2012
5.7
Love Again (2023)
ဖုန်းထဲကိုမထင်မှတ်ပဲဝင်လာတဲ့ အမည်မသိစာလေးတစ်စောင်ကနေပြီးတော့လည်း အချစ်ဇာတ်လမ်းလေးတစ်ပုဒ်ဖြစ်လာနိုင်ပါတယ်။ မီရာဟာ ကလေးဖတ်ရုပ်ပြစာအုပ်ရေးတဲ့ ကာတွန်းဆရာမတစ်ယောက်ပါ။ သူ့နဲ့စေ့စပ်မဲ့ သတို့သားလောင်းက သူ့ရှေ့မှာတင်ကားတိုက်ခံလိုက်ရလို့ ေ-သဆုံးသွားတဲ့ ဖြစ်ရပ်ဆိုးကြီး ပြီးကတည်းက နှစ်နှစ်လောက်ဘာမှမလုပ်နိုင်ပဲ အတိတ်မှာပဲပိတ်မိနေခဲ့ပါတယ်။ တစ်နေ့မှာတော့ ညီမဖြစ်သူ ဆူဇီကပြန်ခေါ်တာမလို့ နယူးယော့ခ်ကိုပြန်သွားလိုက်ပြီး အတိတ်ကနေရုန်းထွက်နိုင်ဖို့အတွက် သူ့ကောင်လေးရဲ့ဖုန်းနံပါတ်အဟောင်းကို သူကြုံခဲ့ရတဲ့အတွေ့အကြုံတွေ၊ ခံစားချက်တွေကိုစာပို့ပြီး ရင်ဖွင့်နေခဲ့ပါတယ်။ဖြစ်ချင်တော့ မီရာရဲ့အရင်ကောင်လေးဖုန်းနံပါတ်ဟာ ရော့ဘ် ဆိုတဲ့သတင်းထောက်ရဲ့ အလုပ်ဖုန်းအသစ်ဖြစ်နေတာပါ။ ဒီလိုနဲ့ပဲ မီရာပို့သမျှစာတွေကို ရော့ဘ်ကဖတ်ကြည့်ရင်း တဖြည်းဖြည်းချစ်မိလာခဲ့ပါတယ်။ ရော့ဘ်ကလည်း စေ့စပ်ခါနီးမှာ ကောင်မလေးကပစ်သွားတာကြောင့် အလုပ်မတွင်ဖြစ်နေသူပါ။ တစ်နေ့မှာတော့သတင်းစာတိုက်ကခိုင်းလို့ အဆိုတော် စလင်း ဒီယွန်ဆီကို သွားပြီးအင်တာဗျူးတဲ့အခါမှာတော့ စလင်းက သူ့ကိုပြန်ပြီးအလင်းဖွင့်ပေးလိုက်တာကြောင့် မီရာကိုအပြင်မှာမြင်ဖူးအောင် စပြီးရှာဖို့လုပ်ပါတော့တယ်။ ဒီလိုနဲ့ ရော့ဘ်ကရော မီရာကိုတွေ့ပြီး အဆင့်တွေတက်နိုင်မလား၊ မီရာကရော အတိတ်ကနေရုန်းထွက်နိုင်မလားဆိုတာကို ဆက်လက်ကြည့်ရှုလိုက်ကြပါဦး။ နာမည်ကြီး တိုင်တန်းနစ် ဇာတ်ဝင်တေး "My Heart Will Go On" ကိုသီဆိုခဲ့တဲ့ ...
movie
Love Again (2023)
4.7
The Kindred (2021)
The Kindred (2021) ===============ဟယ်လင် တာလစ်တ်ဟာ အက်ဆီးဒင့်တစ်ခုကြောင့် ဆေးရုံပေါ်မှာ တစ်နှစ်လောက် ကိုမာဝင်နေရာကနေ မှတ်ဉာဏ် တချို့တစ်ဝက်နဲ့ သတိပြန်ရလာပါတယ်။ ဟယ်လင် သတိပြန်ရလာတဲ့အချိန်မှာ ကိုမာ ဝင်နေရင်း ကလေးမွေးနိုင်တဲ့ တတိယမြောက် အမျိုးသမီး အဖြစ် မှတ်တမ်းဝင်နေပြီး လသားအရွယ် သမီးလေးတစ်ယောက်က သူ့ကို စောင့်ကြိုနေပါတယ်။ဟယ်လင်ရဲ့ ခေါင်းထဲမှာ စွဲနေတာက အက်ဆီးဒင့် မဖြစ်ခင်လေးမှာ သူ့မျက်စိရှေ့မှာ ကိုယ့်ကိုယ်ကိုယ် သတ်သေသွားတဲ့ သူ့အဖေ ရော ဘတ် ဖြစ်ပြီးတော့ ဘာလို့ သတ်သေခဲ့ရလဲ ဆိုတာကို နားမလည်နိုင် ဖြစ်နေပါတယ်။ ဆေးရုံက ဆင်းပြီး သူ့အဖေနေခဲ့တဲ့ အိမ်ကို ပြောင်း လာတဲ့ အခါမှာတော့ ဟယ်လင်တစ်ယောက် ၅ နှစ်ကနေ ၉ နှစ်ကြား ကလေးဝိဉာဉ်တွေကို မကြာမကြာ မြင်လာရပါတော့တယ်။ ကလေး ဝိဉာဉ်တွေကနေတစ်ဆင့် လွန်ခဲ့တဲ့ အနှစ် ၃၀ လောက်က ဖြစ်ခဲ့တဲ့ လူသတ်မှုတွေ အကြောင်း သိရှိလာရပြီး အဲဒီဖြစ်ရပ်ဆိုးကြီးက သူ့ အဖေ ရောဘတ်နဲ့ ဘယ်လိုတွေ ပတ်သက်နေလဲ၊ ဟယ်လင်ရဲ့ သမီး လေးဆီကို ...
movie
The Kindred (2021)
2021
7.2
The Phantom of the Open(2022)
ဒီတစ်ခါတော့ ဖြစ်ရပ်မှန်ဂေါက်သီးရိုက်ကားလေးတစ်ကားကို တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာမာရိစ်ဆိုတဲ့သင်္ဘောကျင်းမှာ ကားမောင်းတဲ့ အဖိုးကြီးတစ်ယောက်က သူတို့အလုပ်ကို နိုင်ငံတော်ပိုင်သိမ်းတော့မှာ ကြိုသိသွားတော့ တခြားအလုပ် တစ်ခုကိုရှာဖွေရင်း ဂေါက်ရိုက်ဖို့ စတင်ကြိုးစားခဲ့တဲ့ သူတစ်ယောက်ပေါ့ဗြိတိသျှအိုင်းပင်းပြိုင်ပွဲကြီးမှာ ဝင်ပြိုင်ဖို့ ကြိုးစားရင် အလွဲလွဲဖြစ်ခဲ့တာပေါ့ တကယ့်ကို မကြုံဖူးတဲ့ စံချိန်တွေချိုးခဲ့သူတစ်ယောက်ပါပဲ ဒါပေမဲ့ ဇာတ်လမ်းရဲ့ အနှစ်သာရကတော့ အဲဒါမဟုတ်ပါဘူး မိဘတစ်ယောက်က သားသမီးတွေကို ဘယ်လောက်တောင် အနစ်နာခံ ပြုစုရလဲ ဆိုတဲ့အကြောင်းလေးကို မီးမောင်းထိုးပြချင်တာပါ ပေါ့ပေါ့ပါးပါးလေးဆိုပေမဲ့ တကယ့်ကိုရင်ထဲခံစားရအောင် ရိုက်ပြထားတဲ့ ကားကောင်းလေးတစ်ကားဆိုတော့ မလွတ်တန်းကို ကြည့်တန်တဲ့ကားကောင်းလေးတစ်ကားပါပဲFile size…(1.83GB)/(876MB)/(406MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:46:00 Genre...Comedy/ Drama / Sport Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Garfield
movie
The Phantom of the Open(2022)
7.0
The World’s End End 2013
2013 ခုနှစ်ထွက် ဟာသ သိပ္ပံကားတစ်ကား တင်ပေးထားပါတယ်။ Rating 7.0 အထိ ရထားပါတယ်။ ဆိုင်မွန်ပက်တို့ မာတင်ဖရီးမန်းတို့ကိုတော့ ပရိသတ်အတော်များများ ရင်းနှီးပြီးသားဖြစ်မှာပါ။ဇာတ်လမ်းအကျဉ်း ============သူငယ်ချင်း ၅ ယောက်ဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၂၀ က မအောင်မြင်ခဲ့တဲ့ စစ်ဆင်ရေးကြီး တစ်ခုကို ပြန်လုပ်ကြဖို့ ကြံစည်လာကြပါတယ်။အဲဒီ စစ်ဆင်ရေးကတော့ သူတို့မြို့ရဲ့ လမ်းတစ်လျှောက်လုံးက အရက်ဆိုင် အကုန်လုံးက အစကနေ အဆုံးထိ ရောက်အောင်တစ်ညထဲနဲ့ သောက်သွားဖို့ပါပဲ။အရက်ကို ခွေးလိုဝက်လို့ သောက်ဖို့အကြံနဲ့ ဇာတိမြို့ကို ချီတက်လာတဲ့ ဇိုးတစ်သိုက်ဟာ သူတို့မြို့ကို ရောက်ရှိလာချိန်မှာတော့ မထင်မှတ်ထားပဲ လူသားအားလုံးနဲ့ ကမ္ဘာကြီးကို ကယ်တင်ဖို့ ဂြိုလ်သားတွေနဲ့ ရင်ဆိုင်လာရတဲ့အခါ......ဒီရုပ်ရှင်က အတော်လေးလည်း ရယ်ရပြီး တွေးစရာလေးတွေလည်း ပေးထားမှာမို့ ကိုယ်တိုင်ကြည့်ပြီးမှ တွေးလို့ ပြုံးလိုက် လုပ်နေရမယ့် အမျိုးအစားမျိုးပါပဲ။Dr.Shinobi ဆိုတဲ့ ဘာသာပြန်အသစ်က တင်ဆက်ပေးထားတာပါ။File Size : ...
movie
The World’s End End 2013
2013
6.4
Kill List(2011)
Kill List(2011)IMDb....6.4,,,,Rotten....76%စစ်သားဟောင်းတွေဖြစ်ကြတဲ့ ဂျေး နဲ့ ဂယ်လ်တို့ဟာ တပ်က ထွက်ပြီးချိန်မှာတော့ကြေးစားလူသတ်သမားတွေဖြစ်လာကြတယ်....တစ်နေ့မှာတော့ ဂျေးတို့မိသားစုဟာ မိတ်ဆွေဟောင်း ဂယ်လ် နဲ့ ချစ်သူ ဖီအိုနာတို့ကို ညစာဖိတ်ကျွေးဖြစ်ခဲ့တယ်...အဲ့ဒီအချိန်မှာပဲ ဂယ်လ်က သူအလုပ်အသစ်တစ်ခု လက်ခံထားတာ ရှိကြောင်းပြောပြတယ်....အလုပ်သစ်က တော့ လူ(၃)ယောက်ကိုသတ်ပေးဖို့ပါပဲ.....ဒီလူ(၃)ယောက်ကို မသတ်ခင်မှာဘဲ ကြေးစားလူသတ်သမား(၂)ယောက်ဟာထူးဆန်းတဲ့အဖြစ်အပျက်တစ်ခုကြုံခဲ့ရတယ်..အဲ့ဒီအဖျက်အပျက်ပြီးတဲ့နောက်ပိုင်း လက်ခံထားတဲ့အလုပ်ကို လက်စသတ်ဖို့ရာလူ(၃)ယောက်ကိုသတ်ဖို့ကြိုးစားတဲ့အချိန်မှာတော့....ကိုင်းဘာတွေဆက်ဖြစ်မလဲဆိုတာကိုတော့ ခံစားကြည့်လိုက်ပါဦး...Horror နဲ့ Crime အမျိုးအစားတွေကြိုက်တဲ့သူတွေအဖို့ကြည့်သင့်ပါကြောင်း...Rating တွေကလည်းကောင်းမွန်တဲ့အနေအထားမှာရှိကြောင်းသတင်းကောင်းပါးပါရစေ...ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ SCRN ပဲဖြစ်ပါတယ်... File Size : (973 MB) and (38၇ MB) Quality : Blu-Ray 720p Format…mp4 Duration…01:35:00 Genre : Crime, Drama, Horror Subtitle : Myanmar Subtitle (Hard Sub) Translated by SCRN Encoded by Phyo Pyae
movie
Kill List(2011)
2011
7.2
Paddington (2014)
After a deadly earthquake destroys his home in Peruvian rainforest, a young bear makes his way to England in search of a new home. The bear, dubbed "Paddington" for the london train station, finds shelter with the family of Henry and Mary Brown. Although Paddington's amazement at urban living soon endears him to the Browns, someone else has her eye ...
movie
Paddington (2014)
2014