Channel Myanmar

Steve Tientcheu

Neneh Superstar (2023)
Neneh Superstar (2023)  ယ‌ခုအခါတင်ဆက်ပေးလိုက်တာကတော့ ၂၀၂၂ ခုနှစ်ထွက် ပြင်သစ်ဒရာမာဇာတ်ကားလေးပဲဖြစ်ပါတယ်။ဇာတ်လမ်းလေးကတော့ အသက် ၁၂ နှစ်အရွယ် Neneh ဆိုတဲ့ကောင်မလေးတစ်ယောက်အကြောင်းပါ။ သူမကလူမည်းတစ်ယောက်ပါ။ သူမဟာဘဲလေးအကကိုအရမ်းဝါသနာပါပါတယ်။ ဒီတော့သူမကပဲရစ်မြို့ကအော်ပရာဘဲလေးသင်တန်းကျောင်းမှာဝင်ခွင့်သွားလျှောက်တဲ့အခါ ပါရမီပါသူတယောက်ဖြစ်တဲ့အတွက်ဝင်ခွင့်ရခဲ့ပါတယ်။ဒါပေမဲ့ လူမည်းတစ်ယောက်ဖြစ်နေတဲ့အတွက် ကျောင်းအုပ်ကြီးကတော့ သူမကိုသဘောမကျပါဘူး။ ကျောင်းအုပ်ကြီးကဘဲလေးအကဟာလူဖြူတွေကတာဆိုတဲ့ရိုးရာကိုထိန်းသိမ်းချင်သူပါ။ဒီတော့ Neneh အနေနဲ့လူဖြူတွေကြားထဲကလူမည်းတစ်ယောက်ဖြစ်နေတော့ ကျောင်းအုပ်ကြီးရဲ့ကြည်ဖြူမှုကိုရဖို့ အခြားသူတွေထက်ပိုကြိုးစားရပါတယ်။ထို့ပြင် Neneh ကထူးချွန်တဲ့အတွက်ကြောင့်မနာလိုတဲ့ကျောင်းသူအချို့ကလည်းရှိနေပါတယ်။သူတို့က Neneh ကိုပြဿနာရှာကြတဲ့အခါ Neneh အနေနဲ့မိဘခေါ်ပြီးကျောင်းအုပ်ကြီးနဲ့တွေ့ရတာမျိုး‌တွေရှိလာပါတယ်...ထိုအခါ Neneh ရဲ့အခြေအနေဟာပိုပြီးတော့ကျပ်တည်းလာပါတယ်....ဒီဇာတ်ကားမှာ လူဖြူတွေရဲ့ခွဲခြားမှုကိုခံရတဲ့လူမည်းမိန်းကလေးရဲ့ခံစားချက်တွေ...သူမဘဝအပေါ်မကျေနပ်မှုလေးတွေရိုက်ပြထားပါတယ်...ခံစားကြည့်ကြပါခင်ဗျာ.... File size…(1.2 GB)/(626 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:35:00 Genre...Drama, Comedy  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by AKM
movie

Neneh Superstar (2023)

Neither Heaven Nor Earth (2015) 6.3
Neither Heaven Nor Earth (2015)  ဒီဇာတ်ကားက ပြင်သစ် ​War/thrillerဇာတ်ကားဖြစ်ပြီး IMDb 6.3RTမှာ92%ရရှိထားပါတယ်။ဇာတ်လမ်းအကျဉ်းက​တော့ အာဖဂန်နဲ့ပါကစ္စတန်နယ်စပ်မှာ တာဝန်ကျတဲ့ စစ်တပ်တစ်ခုမှာ တပ်သား​တွေတစ်​​ယောက်ပြီးတစ်​ယောက် အစအနရှာမရဘဲ ​ပျောက်ကုန်ရာက​နေစပါတယ်။အစပိုင်းမှာ​တော့ တပ်ခွဲကပ္ပတိန်အ​နေနဲ့ နယ်ခံရန်သူ​တွေ၊ရွာခံ​တွေက ပြန်ပေးဆွဲထားတာလို့ ထင်ခဲ့​မိပေမယ့် ​နောက်ကျ​တော့တပ်သား​တွေက ​နေ​ရောညပါမကျန် ရုတ်တရက်​ပျောက်တဲ့ အဆင့်​​ရောက်လာပါ​တော့တယ်။ ဒီလိုနဲ့ ​ပျောက်ဆုံးရတဲ့အ​ကြောင်းရင်းကိုရှာရင်း ပြဿနာက သူတို့ထင်ထားတာထက် အများကြီး ပိုနက်ရှိုင်း​နေမှန်း သိလိုက်ရပါ​တော့တယ်။ File size…1.86 GB / 906MB Quality…Web-Rip  1080p 5.1 CH/ 720p Format…mp4 Duration….1h 40m Genre ….. Drama , Fantasy , Mystery Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Neither Heaven Nor Earth (2015)

AKA(2023) 6.7
AKA(2023) AKA(2023)*********တစ်ကိုယ်တည်းတက်တက်ကြမ်းတဲ့ actionကားတွေကိုမှ သဘောကျတဲ့သူတွေအတွက်တော့ကြည့်သင့်တဲ့ကားကောင်းပါပဲ။ ဇာတ်ကြောင်းကတော့ အထူးတပ်ဖွဲ့ဝင်အဖြစ် လုပ်သက်နှစ် ၂၀ရှိတဲ့ အဒမ်ဟာပေးအပ်လာသမျှတာဝန်ကို ကျေပွန်အောင် စွမ်းဆောင်နိုင်သူပါ။ ဒီလိုနဲ့ ပြင်သစ်မှာအကြမ်းဖက်သမားတွေရဲ့တိုက်ခိုက်မှုတွေပေါ်ပေါက်လာတဲ့အခါမှာတော့အထက်အရာရှိတွေက အဒမ်ကို တာဝန်အသစ်ပေးလိုက်ပါပြီ။ အကြမ်းဖက်သမားတွေနဲ့အဆက်အသွယ်ရှိတဲ့ လူဆိုးဂိုဏ်းထဲ အသွင်ယူဝင်၊စုံစမ်းထောက်လှမ်းပြီး အကြမ်းဖက်သမားကိုဖမ်းဆီးပေးဖို့ပါတဲ့။ လူဆိုးဂိုဏ်းရဲ့ယုံကြည်မှုကိုရရှိအောင် နေထိုင်နေရင်းမှ....။ အပစ်အခတ် အကြမ်းအရမ်းတွေကောင်းကောင်းကြည့်ရမယ့်အပြင်လူကောင်းလူဆိုးဘယ်လိုခွဲမလဲဆိုတဲ့ plot twistလေးပါတွေ့မြင်ရမယ် action crime  အလန်းကားပါပဲ... File Size :(1.9GB) and (636MB) Quality : WEB-DL1080p5.1Ch, 720p Format…mp4 Duration…02:02:00 Genre :Action, Crime, Thriller Subtitle : Myanmar Subtitle (Hard Sub) Translated by  Themes Encoded by Phyo Pyae
movie

AKA(2023)

Robust (2021) 5.7
Robust (2021) Robust (2021) ============ IMDb Rating - 5.7/10သရုပ်ဆောင်တစ်ယောက်နဲ့ သူ့ကိုယ်ရံတော်ရဲ့ ဇာတ်လမ်း ဆိုပေမဲ့ အချစ်ဇာတ်လမ်းမဟုတ်ပါဘူး။ ဂျော့ဂျ်ဆိုတာက အသက်ကြီးကြီး သရုပ်ဆောင်တစ်ယောက်။ ပြဿနာလည်း ရှာတတ်တဲ့သူ။ တစ်နေ့မှာ သူ့ဘော်ဒီဂတ်က ခရီးသွားစရာရှိလို့ သူ့နေရာမှာ အိုင်အီဆာဆိုတဲ့ ငယ်ငယ်ရွယ်ရွယ်ဘော်ဒီဂတ် မလေးတစ်ယောက်ကို ထားခဲ့ပါတယ်။ဘော်ဒီဂတ်ဆိုပေမဲ့ ကားမောင်းပို့ရတယ်၊ ဂျော့ဂျ်ရဲ့အချိန်ဇယား တွေလည်း ညှိပေးရတယ်၊ ဇာတ်ညွှန်းလည်းဖတ်ပေးရတယ်။ ဒါတင်မကသေးဘူး ဂျော့ဂျ်က အိုင်အီရှာရဲ့ အချစ်ရေးမှာလည်း ဝင်စွက်ဖက်ပါသေးတယ်။ ဒီလိုနဲ့ပဲ ပုံစံမတူကြတဲ့ သူတို့နှစ်ယောက် ကြား သူငယ်ချင်းဆက်ဆံရေးက ဘယ်လိုတွေဆက်ဖြစ်မလဲ။ ပြီးပြည့်စုံတဲ့ဘဝကိုပိုင်ဆိုင်ထားတယ်လို့ ထင်ရတဲ့ သရုပ်ဆောင် ကြီးဂျော့ဂျ်ရဲ့ ဘဝအစစ်အမှန်ကရော ဘယ်လိုတွေကွာခြားနေမ လဲဆိုတာ ကြည့်ရှုကြရမှာပဲဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ EL ဖြစ်ပါတယ်)File Size..........(960 MB) / (400 MB) Quality............WEB-RIP 1080p / 720p Duration.........1Hr 35Mins Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy Translator.......EL Encoder..........SWM
movie

Robust (2021)

2021