Channel Myanmar

Stig Frode Henriksen

What Happened to Monday (2017) 6.8
What Happened to Monday (2017) What Happened to Monday (2017) ========================= IMDb Rating - 6.8/10၂၀၁၇ ကထွက်ရှိထားပြီး IMDb rating 6.8 ရထားတဲ့ Science fiction / Thriller ဇာတ်လမ်းကောင်းလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ သိပ် မဝေးတော့တဲ့ အနာဂတ်မှာ ကမ္ဘာ့လူဦးရေ အဆမတန်များပြားလာပါတယ်။ ရာသီဥတုတွေဖောက်ပြန်လို့ စိုက်ပျိုးရေးလုပ်ငန်းတွေ မဖြစ်ထွန်းတော့တဲ့ အတွက် စားနပ်ရိက္ခာတွေလည်း ရှားပါးလှပါတယ်။ဒါကြောင့် သိပ္ပံပညာရှင် တွေက ရာသီဥတုဒဏ်ခံနိုင်ပြီး အထွက်နှုန်းတိုးစေမယ့် အသီးအနှံများကို မျိုး ရိုးဗီဇပြုပြင်ပြောင်းလဲတဲ့နည်းနဲ့ထုတ်လုပ်ခဲ့တယ်။ ဒီအတွက် စားနပ်ရိက္ခာ ပြဿနာတွေလည်း ပြေလည်သွားခဲ့ပါတယ်။ဒါပေမယ့် အထွက်နှုန်းတိုးစေတဲ့ အသီးအနှံများကြောင့် လူတွေမှာလည်း မျိုးရိုးဗီဇပြောင်းလဲပြီး ၅မြွှာ ၆ မြွှာ စသဖြင့် ကလေးအမြွှာတွေမွေးဖွားနှုန်း အရမ်းမြင့်တက်လာပါတယ်။ လူဦးရေ တိုးပွားလာချိန်မှာ ဒီလို အမြွှာတွေမွေးလာတဲ့အတွက်ကျွေးမွေးဖို့ကလည်း ပြ ဿနာဖြစ်လာပြန်ပါတယ်။ဒါကြောင့် တစ်အိမ်ထောင် ကလေးတစ်ယောက်ဆိုတဲ့ ပေါ်လစီကို ကျင့်သုံးပြီး ကျန်တဲ့ကလေးမွေးချင်းတွေကို Cryosleep လို့ခေါ်တဲ့ အေးခဲအိပ်စက်စေခြင်း နည်းဖြင့် အေးခဲပြီးသိုလှောင်ထားပါတယ်။ ဒါကိုထိန်းချုပ်ဖို့အတွက် ကလေးခွဲ ဝေရေးဗျူရိုဆိုပြီးတစ်ခုတည်ထောင်ခဲ့ပါတယ်။ တစ်နေ့မှာတော့ တစ်ပုံစံတည်း တူတဲ့ မိန်းကလေးအမွှာ(၇)ယောက်မွေးဖွားခဲ့လာတယ်။ သူတို့အမေလည်း သေ ဆုံးသွားတဲ့အတွက် ...
movie

What Happened to Monday (2017)

2017
Dead Snow 2: Red vs. Dead 6.9
Dead Snow 2: Red vs. Dead  ဒီရုပ်ရှင်ကတော့ Dead Snow 2009 ရဲ့ အဆက်ပါ။Dead Snow အရင်ရုပ်ရှင်ထဲမှာ နှိုးထလာပြီးသောင်းကျန်းခဲ့တဲ့ နာဘီး ( နာဇီဇွန်ဘီး) တွေဟာတောင်ပေါ်ကနေ အောက်ကိုဆင်းလာပြီး ရည်ရွယ်ချက်တစ်ခုကို လုပ်ဖို့ကြိုးစားလာပါတယ်။အဲဒီမှာပဲ ပထမရုပ်ရှင်တုန်းက အသက်ရှင်ကျန်ခဲ့တဲ့သူ နဲ့အမေရိကန်က လာတဲ့ ဖုတ်ကောင်နှိမ်နင်းရေးအဖွဲ့ ပေါင်းပြီး နာဘီးတွေကို ရင်ဆိုင်ရပါတော့တယ်။နာဇီဇွန်ဘီးနဲ့ ချဖို့ဆိုရင် ဘာလိုမလဲ၊ ဆိုဗီယက်ဇွန်ဘီးတွေ လိုတာပေါ့ဗျာ။ဇာတ်လမ်းက ထူးခြားပြီး ရယ်လည်းရယ်ရ ကြမ်းလည်းကြမ်းကြောင်လည်း ကြောင်တာမို့ Dead Snow နှစ်ကားကို သဘောကျကြမယ်ထင်ပါတယ်။ File Size : (1.5 GB) & (800 MB) Quality : Bluray rip 1080p & 720 p Running Time : 01:40:00 Format : mp4 Subtitle : Myanmar Subtitle (Hard Sub) Translated ...
movie

Dead Snow 2: Red vs. Dead

Dead Snow (2009) 6.3
Dead Snow (2009) ဟောလိုးဝင်းညအတွက် ဟော်ရာ ကားကောင်းတစ်ကား ထပ်တင်ပေးထားပါတယ်။ နာဇီတွေ အရမ်းဆိုးတယ်ဆိုတာ လူတိုင်းသိပါတယ်။ ဇွန်ဘီးတွေ အရမ်းဆိုးတာလည်း လူတိုင်းသိပါတယ်။ ဒီကားမှာတော့ နာဇီဇွန်ဘီးတွေ ဖြစ်နေတဲ့အတွက် နှစ်ဆ ဆိုးတယ် ပြောရမလိုပါပဲ။ ဇွန်ဘီးဖြစ်သွားရင် လူကောင်းဖြစ်ဖြစ် နာဇီဖြစ်ဖြစ်အတူတူပဲဆိုတော့ ဘာမှမထူးဘူးလို့တော့ ပြောလို့မရပြန်ပါဘူး။ ဒီဇွန်ဘီးတွေက ပိုးကူးစက်တာမဟုတ်ဘဲ ကျိန်စာသင့်ပြီး ဖြစ်လာတာဆိုတော့ အစွမ်းနည်းနည်းရှိပါတယ် ဦးနှောက်လည်း နည်းနည်းရှိပါတယ်။ ဒီကောင်တွေပေးတဲ့ ဒုက္ခကို အရင်ဆုံးခံရမယ့်သူတွေကတော့ နော်ဝေးက နှင်းတောင်တွေပေါ်ကို အလည်ရောက်လာတဲ့ ဆေးကျောင်းသား အုပ်စုတစ်သိုက်ပါပဲ။ ဒါပြီးရင်တော့ ဒုတိယရုပ်ရှင်မှာ အများကြီးဆက်ဒုက္ခပေးပါဦးမယ်။ ဇာတ်လမ်းကောင်းတဲ့အပြင် ရိုက်ချက်တွေ ရက်စက်တာမို့ ဟော်ရာပရိသတ်တွေအတွက်တော့ အကြိုက်တွေ့စေမှာပါ။ ဒီကားကို ကြည့်ပြီးရင်လည်း Dead Snow 2 ကို ရှာပြီး ဆက်ကြည့်လိုက်ကြပါဦး။   File Size : (1.5 GB) & (800 MB) Quality : Bluray rip 1080p & 720 p Running Time : 01:31:00 Format : mp4 Subtitle : Myanmar Subtitle (Hard ...
movie

Dead Snow (2009)

The Trip(2021) 7.2
The Trip(2021) The Trip (2021) ရုပ်ရှင်အညွှန်းတစ်ခါ တစ်လေကျရင် ကျွန်တော်တို့ကကိုယ် ချစ်တဲ့ သူတွေနဲ့ ကိုယ့်ခံစားချက်တွေကိုအမှန်အတိုင်း မဝေမျှကြတဲ့ အခါမျိုးတွေ ရှိကြပါတယ်"တောင်းပန်ပါတယ် ငါ မှားသွားတာပါ" ဆိုတာတွေကို ခဏခဏ ပြောနေရရင်ပြောဖို့ ခက်လာသလိုပေါ့ ။ လူဆိုတာ ကိုယ့်အမှား ကိုယ်လွယ်လွယ်နဲ့ လက်မခံဘဲ ပတ်ဝန်းကျင်ကိုပဲ လိုက်အပြစ်တင်တတ်တဲ့ သတ္တဝါ ဖြစ်တာကိုး ။အခုဇာတ်လမ်းကလည်း အဲ့လို ကိုယ်မှားတာကို လက်ခံပြီး တောင်းပန်တာမျိုးမလုပ်တတ်တဲ့ ယောက်ျား နဲ့ သူ့မိန်းမကြားက အချစ်စမ်းတာလေးတွေကို အဓိကထား ရိုက်ကူးထားပါတယ်ဇာတ်လမ်းအမျိုးအစားကတော့ Mystery-Thriller ဖြစ်တာနဲ့အညီ ဇာတ်ဝင်ခန်းတိုင်းကိုကသည်းထိတ်ရင်ဖို ဖြစ်ရပြီးတော့ ဘာဆက်ဖြစ်မလဲ သိချင်စိတ်နဲ့ ကြည့်နေရမှာပါ ။မင်းသားနဲ့ မင်းသမီးက နောက်ဆုံးမှာ ရှင်မယ်မှန်း သိကြပေမယ့် ဘယ်လိုရှင်ကြမှာလဲ ဆိုတာမျိုးပေါ့ ။ကဲ ကြည့်ဖို့ကို စိတ်ဝင်စားတယ် ဆိုရင်ဖြင့် ဇာတ်လမ်းအကျဥ်းကတော့အိမ်ထောင်ရေးအဆင်မပြေဖြစ်နေတဲ့ လင်မယား နှစ်ယောက်ဟာ ပိတ်ရက်မှာသစ်သားအိမ်လေး ...
movie

The Trip(2021)

2021
Asphalt Burning (2020) 5.2
Asphalt Burning (2020) Asphalt Burning (2020)===================IMDb Rating - 5.2/10 ဘ၀မှာ စားခါနီးမှ ပုတ်ချခံရတဲ့ အဖြစ်မျိုး လူတိုင်းနီးပါး ကြုံဖူးကြမယ်ထင်ပါတယ်။ တကယ် ရင်နာစရာပါ။ဒီဇာတ်လမ်းထဲက ဇာတ်လိုက်ဖြစ်တဲ့ ရွိုင်ဟာလည်း ဒီလိုအဖြစ်နဲ့ ကြုံလိုက်ရတဲ့သူပါ။ ရွိုင်က ကလေးတစ်ယောက်အဖေတစ်ခုလပ်ဖြစ်ပြီး ဆေလ်ဗီယာဆိုတဲ့ အမျိုးသမီးနဲ့ လက်ထပ်တော့မယ့်သူတစ်ယောက်ပါ။ သူက ကားစီးရတာ ကားမောင်းပြိုင်ရတာကို သိပ်ကို ဝါသနာပါတဲ့သူ ပီပီ မင်္ဂလာပွဲကိုတောင် ကားမောင်းပြိုင်ပွဲပုံစံနဲ့ သတို့သမီးဆီ အရောက်ကားမောင်းသွားပြီးမှ လက်ထပ်ဖို့ စီစဉ်ထားပါတယ်။ မင်္ဂလာပွဲ မတိုင်ညမှာ ရွိုင်မူးနေတုန်း ဂျာမန်မတစ်ယောက်က လာမြူစွယ်တော့ ရှူးရှဲပေးမိလိုက်ရာက ပြဿနာစပါတော့တယ်။ ဂျာမန်မက သူနဲ့လက်ထပ်မယ့် ဆေလ်ဗီယာ့ရဲ့ တစ်ခါက အခန်းဖော် ဖြစ်ရုံသာမက ဂျာမန်မကဆေလ်ဗီယာ့ကိုပါ ကြွေနေပုံပါ။ ဒီတော့ မင်္ဂလာဆောင်မယ့်နေ့မှာ စီစဉ်ထားတဲ့အတိုင်း " အရင်ရောက်တဲ့သူ သတို့သမီးကိုယူ " ဆိုတဲ့စည်းမျဉ်းနဲ့ ကားပြိုင်ပွဲလုပ်ပါတယ်။ ပြိုင်တဲ့သူတွေက သူ့ဘော်ဒါတွေဖြစ်လို့ ...
movie

Asphalt Burning (2020)

2020
Cadaver (2020) 5.1
Cadaver (2020) Horror, Thriller ဇာတ်ကားလေးပါ။ဇာတ်လမ်းအကျဉ်းလေးကတော့ တစ်ကမ္ဘာလုံး နျူကလီးယားကပ်ဘေးကျရောက်နေတဲ့အတွက် စားစရာနေစရာ ချို့တဲ့အနေတဲ့အချိန်မှာလီယိုနာရာ တို့မိသားစုနေထိုင်တဲ့ နေရာနားကို ပြဇာတ်ကိုလာကြည့်ရင် အစားအသောက်ပါစားရမယ်ဆိုပြီးဇာတ်ပွဲအတွက် လက်မှတ်တွေကို ပေးသလောက်ငွေနဲ့ ရောင်းပေးနေပါတယ်။လီယိုနာရာ နဲ့ သူ့ခင်ပွန်း၊ သမီးဖြစ်သူ အဲလစ်တို့ အဲဒီပြဇာတ်ကိုသွားကြည့်တဲ့အချိန်မှာတော့ ပြဇာတ်ကစင်ပေါ်မှာမကဘဲ ကျင်းပတဲ့နေရာ ဟိုတယ်တစ်ခုလုံးမှာ ကမှာဖြစ်ပြီး ပရိသတ်နဲ့ သရုပ်ဆောင်ကို ခွဲခြားထားတာကတော့ မျက်နှာဖုံးလေးတစ်ခုနဲ့ပါ။မျက်နှာဖုံးတပ်ထားတဲ့သူတွေက ပွဲကြည့်သူတွေဖြစ်ပြီး မျက်နှာဖုံးတပ်မထားတာက သရုပ်ဆောင်တွေပါ။တစ်နေရာတည်းမှာ ကပြတာမဟုတ်ဘဲ ကိုယ်နှစ်သက်ရာ သရုပ်ဆောင်နောက်ကို လိုက်သွားပြီး ကြည့်ရပါတယ်။လီယိုနာရာတို့မိသားစု သူတို့ စိတ်ဝင်စားတဲ့ သရုပ်ဆောင်နောက်ကို လိုက်သွားကြည့်ကြရင်း သမီးလေး အဲလစ် ပျောက်သွားတဲ့အချိန်မှာတော့....ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ d3mon ပဲဖြစ်ပါတယ်… File Size : (700 MB) and (350 MB) Quality : NF WEB-DL 720p Running Time : 1hr 26min Format ...
movie

Cadaver (2020)

2020