Channel Myanmar

Stuart Lumsden

The Last Video Store (2023) 7.7
The Last Video Store (2023) The Last Video Store (2023) =====================အင်တာနက်ခေတ်တစ်ခေတ်ကို ရောက်လာတဲ့အခါမှာ ဇာတ်ကားသစ်ထွက်ရင် အခွေဆိုင်ကို ပြေးပြီး အလုအယက်ပြေးငှားနေဖို့မလိုတော့ဘဲ ဒေါင်းလုဒ်လေး လုပ်ရုံနဲ့တင် ဇာတ်ကားတိုင်းကို ကြည့်ရှူလို့ရလာကြတယ်။ ခေတ်တစ်ခေတ်ရဲ့ အပြောင်းအလဲမှာ အခွေငှားဆိုင်တွေ ကွယ်ပျောက်သွားကြတယ်ပေါ့။ အခု ဇာတ် လမ်းလေးကလည်း "နောက်ဆုံးအခွေဆိုင်တဲ့" ၊ ပြည်နယ်တစ်ခုလုံး သုံးဆိုင်လောက် ပဲရှိတော့မလားပဲ၊ ဆိုင်ပိုင်ရှင်ကလည်း ရုပ်ရှင်ဇာတ်ကားတွေကို ချစ်မြတ်နိုးပြီး လက်တွေ့ဘဝနဲ့ရုပ်ရှင်က တစ်ထပ်တည်းဖြစ်တယ်လို့ ခံယူထားတဲ့သူပါ။သူ့ဆိုင်မှာလည်း ဝယ်သူနည်းပါးတဲ့အပြင် ဝန်ထမ်းကလည်း တစ်ယောက်ပဲရှိတယ် ဆိုင်ကိုဓါးပြလာတိုက်ရင်တောင် ပေးစရာပိုက်ဆံမရှိလို့ အလုပ်သစ်ရှာဖို့ ဓါးပြကြီး ကပါဆုံးမသွားခဲ့တယ်။ နောက်ရက်တွေမှာ ဆိုင်ရှင်ကြီးက ပေါက်ကွဲပြီး CCTV တွေ တပ်ချလိုက်ရော...တစ်ရက်မှာ အတွဲတစ်တွဲရောက်ချလာပြီး ဝန်ထမ်းကောင်လေးက အဲဒီအတွဲက ကောင်မလေးကို မြင်မြင်ချင်း သဘောကျသွားတယ်၊ အဲဒီနောက် အဲဒီ ကောင်မလေးက ဆိုင်မှာအလုပ်လုပ်ဖို့ လာလျှောက်တဲ့အခါ ဘယ်လိုတွေနှစ်ပါးကမလဲ ကြည့်ရှူလိုက်ကြပါဦး။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ ZWT ဖြစ်ပါတယ်)File Size..........(1.55 GB) / (656 MB) Quality............WEB-DL 1080p / 720p Duration........1Hr 30Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Horror Translator......ZWT Encoder..........SWM
movie

The Last Video Store (2023)

2023
House of Inequity (2023)
House of Inequity (2023) အကြောက်တရားဆိုတာ ကိုယ့်ရဲ့ရန်သူပါပဲတဲ့။ ဒါဆိုရင် အကြောက်တရားဆိုတဲ့အရာကဘာများပါလဲ။ လောကကြီးထဲမှာ ကြောက်စရာအကောင်းဆုံးအရာတွေထဲမှာ အကြောက်တရားလည်းအပါအ၀င်ဖြစ်ပါတယ်။ ဘာလို့ဆို အကြောက်တရားက လူတွေရဲ့စိတ်ကိုသာမက ရုပ်ပိုင်းဆိုင်ရာအထိပါထိန်းချုပ်နိုင်စွမ်းရှိလို့ပါ။ လူတိုင်းမှာ အကြောက်တရားကိုယ်စီရှိကြတာပါပဲ။ ဒီအကြောက်တရားကိုရင်ဆိုင်မလား အရှုံးနိမ့်ခံမလားကတော့ ကိုယ်ကိုယ်တိုင်ရဲ့ရွေးချယ်မှုပါ။ ဒီဇာတ်ကားလေးထဲမှာဆိုရင် အင်တာနက်မှာ ခေတ်စားနေတဲ့အိမ်အိုကြီးဆီ ခရီးထွက်လာတဲ့သူငယ်ချင်းတစ်စုကိုမြင်ရမှာဖြစ်ပါတယ်။ အစက ဓါတ်ပုံရိုက်ဖို့အတွက်သာဆိုပေမဲ့ အိမ်ထဲ၀င်စပ်စုကြရင်း ‌ညမှောင်သွားတဲ့အခါ ဘယ်လိုအကြောက်တရားတွေကို ရင်ဆိုင်တွေ့ရမလဲဆိုတာကို စိတ်၀င်စားဖွယ်ရိုက်ကူးထားတာပဲဖြစ်ပါတယ်။ သာမန်horrorဇာတ်ကားတွေလို ခေါက်ရိုးကျိုးဇာတ်လမ်းဖြစ်ပေမဲ့ ကိုယ်ကိုယ်တိုင်ရဲ့ကြောက်စိတ်နဲ့နှိုင်းယှဉ်ရင်း အတွေးများစေတဲ့ဇာတ်လမ်းကောင်းလေးပဲဖြစ်ပါတယ်။  File size…(1.52 GB)/(790 GB)/(390 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:47:00 Genre...Horror Subtitle….Myanmar Subtitle (Hardsub) Encoder….Garfield Translated by Soe Thiri Swe  
movie

House of Inequity (2023)