Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Suhas
6.8
Ambajipeta Marriage Band (2024)
Ambajipeta Marriage Band (2024) "အမ်ဘာဂျီပါတာ ရွာကလေး"IMDb 6.8 ရထားတဲ့ တေလဂူးစကားပြော ကျေးလက်ဟာသ ဇာတ်လမ်းလေးတစ်ပုဒ် တင်ဆက်ပေးလိုက်ပါတယ်...ရယ်ရရုံသက်သက်မဟုတ်ပဲ လူ့အဖွဲ့အစည်းအကြောင်းကို ဗဟိုပြုပြီး ဇာတ်လမ်းဆင်ထားတာမို့ ဇာတ်ကွက်ကိုပါ စိတ်ဝင်တစားကြည့်ရှုရမယ့် ဇာတ်ကားလေး ဖြစ်ပါတယ်ဇာတ်လမ်းကို ၂၀၀၀ ကာလက အမ်ဘာဂျီပါတာ ဆိုတဲ့ ရွာကလေးကို နောက်ခံထားပြီး အဓိက ဇာတ်ကောင်တွေကတော့ မာလီနဲ့ ပက်ဒါတို့ အမွှာမောင်နှမ ၂ ယောက်ပါ သူတို့အဖေက ဆံပင်ညှပ်ဆရာတစ်ယောက်ဖြစ်ပြီး မာလီက မင်္ဂလာဆောင်တွေရဲ့ တီးဝိုင်းမှာလိုက်တီးတဲ့ သူတစ်ယောက်ဖြစ်ပါတယ်...ပက်ဒါကတော့ ကျောင်းဆရာမတစ်ယောက်ဖြစ်ပြီး ... သူတို့ရွာမှာ အားလုံးကြောက်ရတဲ့ သူဌေးဖြစ်တဲ့ ဗန်ကတ် ဆိုသူလည်း ရှိပါတယ် သမီး အချိန်ပြည့်အလုပ်ရဖို့ ဖခင်က ဗန်ကတ်ကို အပူကပ်ခဲ့ရာကနေ ဗန်ကတ်နဲ့ ပက်ဒါတို့ နှစ်ယောက်ကို တစ်ရွာလုံးက အတင်းအဖျင်းတွေ ပြောလာတဲ့အခါမှာ ...အတားအဆီးတွေနဲ့ လူ့ဘဝဇာတ်ခုံ၊ ဇာတ်နိမ့်ဇာတ်မြင့် ကွာခြားပုံ၊ လူ့အသိုင်းအဝိုင်းရဲ့ ဝေဖန်ပြစ်တင်မှုတွေကို ရင်ဆိုင်ရပုံတွေအပြင်.... ဟာသဇာတ်လမ်းတစ်ခုကနေ မမျှော်လင့်တဲ့ အလှည့်အပြောင်းတွေနဲ့ တည်ဆောက်ထားတဲ့ ရုပ်ရှင်လေးကို ...
movie
Ambajipeta Marriage Band (2024)
2024
8.6
Writer Padmabhushan (2023)
Writer Padmabudhan (2023) Comedy, Drama IMDb 8.7/10 (4.6K)စာအုပ်မြို့တော်လို့ တင်စားရလောက်တဲ့ ဗီဂျေးဗာဒါဆိုတဲ့ နယ်မြို့လေးမှာ ပဒ်မားဘူရှန်းဆိုတဲ့ လူငယ်လေးတစ်ယောက်ရှိသတဲ့။အဲ့ဒီမြို့လေးက စာအုပ်နဲ့ပတ်သက်လာရင် နာမည်ကြီးလွန်းလို့ စာရေးဆရာကတောင် သူရေးခဲ့ဖူးတဲ့စာအုပ်ဟောင်းကိုပြန်ရှာတွေ့နိုင်လောက်အောင်ပေါ့ကွယ်။ဒီလို စာပေထွန်းကားတဲ့မြို့လေးမှာ စာရေးဆရာတအားဖြစ်ချင်နေတဲ့သူကတော့ ကျွန်တော်တို့ ဇာတ်လိုက်ကြီး ပဒ်မားဘူရှန်းပဲဖြစ်ပါတယ်။အကြွေးတွေယူပြီး စွန့်စွန့်စားစားနဲ့ စာအုပ်တစ်အုပ်ထုတ်ဝေခဲ့ပါတယ်။ ကံခေလွန်းတာများ တစ်အုပ်တောင် မရောင်းရတဲ့အပြင် စာအုပ်ပုံကြီးသာ အဖတ်တင်သွားခဲ့တယ်လေ။အခွင့်အလမ်းက အိမ်တံခါးလာခေါက်တဲ့အခါ မဖွင့်ပေးတဲ့သူဟာ အရူးဆုံးသောလူပါပဲဆိုတဲ့အတိုင်းပဲ သူ့ဆီလည်း တစ်ကြိမ်လာခေါက်ခဲ့ပါတယ်။အဲ့ဒီအခွင့်အလမ်းက ဘာဖြစ်နေမလဲ...။ ဘယ်လိုကြောင့် သူ့ဆီရောက်လာတာလဲ...။ သူနဲ့သူ့မိသားစုအပေါ် ဘယ်လိုအကျိုးသက်ရောက်မလဲဆိုတာကို ဆက်လက်ရှုစားပေးပါနော်။........... File size…1.99GB / 1GB Quality…1080p WEB DL /720p Format…mp4 Duration….2h 3m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by Taylor ~ Cherry ~ Nyein Aye
movie
Writer Padmabhushan (2023)
2023
7.6
HIT: The 2nd Case (2022)
Hit: The 2nd Case (2022) ==================== IMDB ( 7.6/10 - 2.1k) 'Major' ကားနဲ့ကြမ်းပြခဲ့တဲ့ မင်းသားကြီး Adivi Seshကဒီတစ်ခေါက်မှာလည်း ဘယ်လိုအမှုတွေဖြေရှင်းပြီးကြမ်းပြဦးမလဲကြည့်လိုက်ကြရအောင် (ရင်ထိတ်စရာသတ်ဖြတ်ခန်းတွေပါတာကြောင့် အသည်းငယ်တတ်သူများအတွက်မသင့်တော်ပါ)ဇာတ်လမ်းအညွှန်း အခင်းဖြစ်ရင် တရားခံကို ငါးမိနစ်တည်းနဲ့ဖမ်းပြနိုင်တဲ့ SP ကေဒီ .. သတင်းထောက်တွေကြားနာမည်ကြီးရဲတစ်ယောက် ဉာဏ်လည်းကောင်း မိတ်လည်းပေါပြီးချစ်သူဖြစ်တဲ့အာရာနဲ့ ဘဝကိုပျော်ပျော်ကြီးဖြတ်သန်းနေသူပေါ့ဒီလိုနဲ့တစ်နေ့ သူ့ကိုစမ်းသပ်တဲ့အမှုကြီးပေါ်ပေါက်လာပါတယ် ခေါင်း၊ လက်၊ကိုယ်ခန္ဓာကို တခြားစီခုတ်ဖြတ်ထားတဲ့အလောင်းကို လူပုံစံအတိုင်းနေရာချထားတာပါ လူတစ်ယောက်ရဲ့ခန္ဓာပေမယ့် ခေါင်းကတော့အဲဒီခန္ဓာကိုယ်ရဲ့ပိုင်ရှင်မဟုတ်ပါဘူး ဆိုတော့ နောက်ထပ်အလောင်းတွေရှိနေသေးတဲ့သဘောပါ ဒီလိုနဲ့ဒီကိစ္စထဲသူပါဝင်သွားပြီး ဘယ်လိုအသက်ဘေးတွေတွေ့ကြုံရမလဲ တရားခံကရောဘယ်သူဖြစ်မလဲဆိုတာ ဆက်လက်ကြည့်ရှုလိုက်ပါရှင် File size…1.7GB / 792MB Quality…1080p WEB DL /720p Format…mp4 Duration….2h 30m Subtitle….Myanmar Subtitle (Hard Sub) Encoder….YK Translated by BpL & Thet Ko & Yunni & Cherry
movie
HIT: The 2nd Case (2022)
2022
7.3
Dear Comrade (2019)
IMDb Rating (7.3) ထိ ရရှိထားတဲ့ ဒီရုပ်ရှင်ကားကတော့ တောင်ပိုင်းရဲ့ နာမည်ကြီး အက်ရှင်ရိုမန့်အချစ်ဇာတ်ကားတစ်ကားပါပဲ...မင်းသား Vijay Devarakonda ကိုတော့ Arjun Reddy ဇာတ်ကားထဲက အချစ်လူကြမ်းကြီးအဖြစ် မှတ်မိကြမယ်ထင်ပါတယ်။မင်းသမီးလေးကတော့ အားလုံးရဲ့အသည်းကျော်လေး ရာရှ်မီကား(Rashmika Mandanna)ပါပဲ။ဇာတ်ကားနာမည်ကတော့ အားလုံးသိတဲ့အတိုင်း ချစ်လှစွာသော သွေးသောက်ရဲဘော်တဲ့။"သွေးသောက်ရဲဘော်ဆိုတာ ကိုယ့်လုပ်ရပ်တွေကို ဝန်းရံပေးပြီး တစ်ဖက်တစ်လမ်းက ကူညီပေးတဲ့လူ"ပဲမဟုတ်လား။ဇာတ်လမ်းစစချင်းမှာဘော်ဘီဆိုတဲ့ လူငယ်တစ်ယောက် မူးရူးသောက်စားပြီး မျက်ရည်တွေနဲ့ လီလီဆီ ဖုန်းခေါ်ဖို့ အတင်းကြိုးစားနေတယ်။လီလီ... တစ်ချိန်က သူ့ဘဝထဲ လှလှပပ ဝင်ရောက်ခိုနားခဲ့ပြီး ဝမ်းနည်းမှုတွေပေးပြီးမှ ထွက်ခွာသွားခဲ့သူ။လီလီဟာ ဘာကြောင့်များ ဒီလို ထွက်သွားရက်တာလဲ။ဘော်ဘီဟာ စိတ်လိုက်မာန်ပါ လုပ်တတ်တဲ့လူတစ်ယောက်။ကျောင်းမှာဆိုရင်လည်း "ကျောင်းသားသမဂ္ဂ" ဆိုတဲ့ နာမည်တစ်ခုနဲ့ ထင်ရာစိုင်းတဲ့ကောင်လို့ အများမြင်ကြတယ်။ခဏခဏ ရန်တွေဖြစ်တယ်။ သောက်စားတယ်။ဒါပေမဲ့ မိန်းကလေးတွေကို ရိုသေမှုထားတတ်တာလည်း သူ့စရိုက်ပဲ။"သူ ပြောခဲ့တဲ့ စကားတွေထက် ကျွန်တော် ဘာမှ ခွန်းတုန့်မပြန်နိုင်ခဲ့တာကို ပိုရင်နာရပါတယ်" ...
movie
Dear Comrade (2019)
2019
4K HEVC Web-DL
7.0
Mishan Impossible(2022)
Mishan Impossible(2022) အညွှန်း****************************** Thappad ဆိုတဲ့ ကားနဲ့ လူသိပိုများတဲ့နာမည်ကြီးမင်းသမီးချောလေး Taapsee Pannu ရဲ့ ကားသစ်ထွက်ရှိလို့လာပါပြီ... တစ်ချို့သောသူတွေဟာ အာဏာရပြီး အများကျိုးသယ်ပိုးဟန်တွေပြတဲ့သူတွေဆိုပေမဲ့တစ်ချိန်တုန်းက ကလူတိုင်းထိတ်လန့်ကြောက်ရွှံရတဲ့ လူဆိုးကြီ:တွေဖြစ်ခဲ့ကြတယ်...လက်ရှိမှာလည်း ဉပဒေကိုလက်တစ်လုံးခြား ကွက်ကျော်ရိုက်နေတဲ့သူတွေပေါ့....ဒီလိုလူတွေကို နည်းမျိုးစုံနဲ့ လက်လံဖမ်းဆီးနေတဲ့ ကောင်မလေးတစ်ယောက်ဦးဆောင်တဲ့(၃)ယောက်အဖွဲ့တစ်ဖွဲ့ရှိတယ်...တစ်နေတာ့ သူတို့တွေဟာ ကလေး လူမှောင်ခိုကူးတာကိုအဓိကထားလုပ်နေတဲ့ ဒုစရိုက်ရာဇာတစ်ဦးကို ဖမ်းဖို့ စီစဉ်ကြတယ်...အာဏာလည်းရှိပြီးငွေလည်းရှိတဲ့အပြင် အဆက်အသွယ်တွေ လူအင်အားတွေ တောင့်လွန်းတော့သူတို့အတွက်မလွယ်လှဘူး...တစ်ချိန်တည်းမှာပဲ အစိုးရက ဒီလူဆိုးကြီ:ကိုဖမ်းနိုင်ရင်ရူပီသိန်း(၅၀)ချီးမြှင့်မယ်ဆိုပြီးကြေငြာထားတယ်...ဒီအကြောင်းကို ရွာတရွာရဲ့ မျောက်လောင်း ကလေး (၃)ယောက်ကသွားတွေ့တယ်...သူတို့သာ ဖမ်းနိုင်ရင် သိန်း၅၀ ရမယ် ..ဒါဆို သူတို့ရည်မှန်းချက်တွေပြည့်အောင်လုပ်ဖို့များစွာအထောက်အကူဖြစ်မယ်ဆိုပြီး စပါယ်ရှယ်အစီအစဉ်တွေဆွဲပြီး ဖမ်းဖို့ကြိုးစားပါတော့တယ်..လူကြီး(၃)ယောက်နဲ့ ကလေး(၃)ယောက်ပေါင်းစည်းဖို့ဖြစ်လာသလိုသူတို့အစီအစဉ်တွေအောင်မြင်မလား...ဆိုတာကိုတော့... File Size : 2.5GB, 1.1GB, 378MB Quality : Web-dl 720p, 480p Format ...
movie
Mishan Impossible(2022)
8.0
Gamanam (2021)
Gamanam (2021)ပွဲဦးထွက်ရုပ်ရှင်မှာပဲ ပရိသတ်တွေရဲ့ တခဲနက်အားပေးမှုကိုရခဲ့တဲ့ဒါရိုက်တာ Sujana Rao ရဲ့ ဇာတ်ကားကောင်းတစ်ခုပါ။ ဟိုက်ဒရာဘတ်မှာကြုံခဲ့ရတဲ့ မိုးကြီးရေလွှမ်းမှုကိုအခြေခံပြီး ဆုံးပါးသွားခဲ့ရတဲ့ အသက်တွေကိုဂုဏ်ပြုမှတ်တမ်းတင်ချင်တာကြောင့် ဒီရုပ်ရှင်ကိုရိုက်ကူးဖြစ်တဲ့အကြောင်း ပြောပြထားပါတယ်။ဇာတ်အိမ်က ဖြစ်ရပ်မှန်ကိုအခြေခံထားတာမျိုးမဟုတ်ပေမယ့် တကယ့်လက်တွေ့ဘဝကလူတွေရဲ့အခက်အခဲတွေ၊ ဘဝရဲ့ ဒုက္ခသုခ မျိုးစုံကို သရုပ်ဖော်ထားတာမျိုးပါ။ ကာမာလာဆိုတဲ့နားမကြားတဲ့ ကလေးတစ်ယောက်အမေက ဒူဘိုင်းကိုထွက်သွားပြီး ဘာအဆက်အသွယ်မှမရတော့တဲ့ခင်ပွန်းကိုစောင့်ရင်း အခက်အခဲတွေကိုခါးစည်းခံပြီး အကြားအာရုံလေးများ ပြန်ရမလား မျှော်လင့်နေတာပေါ့။ခရစ်ကတ်ကစားသမားတစ်ယောက်အဖြစ် အောင်မြင်ချင်တဲ့ အိပ်မက်နဲ့ လူငယ်တစ်ယောက် အာလီ၊ပြီးတော့ သူ့ချစ်သူ ဇာရာ။ နောက်ပြီး ခြေသလုံးအိမ်တိုင် မိဘမဲ့ကလေးလေး ၂ ယောက်။ မတူညီတဲ့ဘဝအခြေအနေတွေက သူတို့ရဲ့ နေ့စဥ်ဘဝ ဖြတ်သန်းမှုတွေ။ လောကဓံကြားထဲက မျှော်လင့်ချက်။ဒီလို လက်လျှော့ချင်စရာ အခြေအနေမှာတောင် တင်းခံရင်းရှေ့ဆက်နေကြတဲ့ သူတို့ရဲ့ ဇွဲတွေ။ပြီးတော့ ဒီလူအဖွဲ့အစည်းရဲ့ အခွင့်ထူးခံတွေနဲ့ကွာခြားမှုတွေ ဒါတွေကို မီးမောင်းထိုးပြထားတာပါ။ရုပ်ရှင်ကောင်းတစ်ခုလို့ညွှန်းရင်းပဲ IMDb မှာလည်း 8 ထိရထားတာမို့ ခုပဲChannel Myanmar ...
movie
Gamanam (2021)
2021
7.2
Rang De (2021)
Rang De 2021အချစ်ဟာ ဆန်းကြယ်တဲ့ ဆိုတဲ့ စကားကို ရှေ့တန်းတင်ရင် အားလုံးအတွက် ရယ်စရာဖြစ်မလား မသိဘူး။ ဝေးနေပေမဲ့၊ အပြင်မှာ မတွေ့ဖူးပေမဲ့ အရမ်းချစ်ရတဲ့အခါ ရှိတယ်။ ဘယ်သူနဲ့ ဘာတွေ လုပ်နေမလဲဆိုပြီး တွေးတောပူဆွေးရင်း တနေကုန်ငိုနေရတဲ့အခါ ရှိသလိုနီးကပ်၊ထိစပ်နေပေမဲ့ အချစ်စိတ် မဖြစ်ဘဲ သူငယ်ချင်းထက် မပိုနိုင်တဲ့ သံယောဇဉ်တွေလည်း ကြုံဖူးမှာပါ။နှစ်ယောက်လုံးက ချစ်စိတ်မဝင်ကြရင် နေသာသေးတယ်ဗျ၊ နှစ်ယောက်မှာ တစ်ယောက်က တစ်ဖက်သတ်ချစ်နေရမယ်ဆို မခက်ပေဘူးလား။ ---------------တေလဂူးတို့က အချစ်ကားလေးတွေမှာ တော်တော်လေး ကြည့်ကောင်းနေတာ အားလုံး အသိပါပဲ။ခုဇာတ်ကားကတော့ တေလဂူးပရိသတ်တို့ ရင်းနီးပြီးသားဖြစ်တဲ့ Nithiinနဲ့ Keerthyတို့ရဲ့ အိမ်နီးချင်း ဇာတ်လမ်းလေးပါပဲ။Nithiinဖြစ်တဲ့ အာဂျွန်ကတော့ ငယ်ငယ်ကတည်းက Keerthy ဖြစ်တဲ့ အာနူးရဲ့ ဒုက္ခပေးနည်းပေါင်းစုံကို ခံယူခဲ့ရသူတစ်ဦးပေါ့။အာနူးက အာဂျွန် ဝယ်လာသမျှ စားမယ် သောက်မယ်။ မရင် အာဂျွန် အဖေ့ကို တိုင်မယ်။ အတန်းမှာလည်း အတန်းမှာမို့၊ အိမ်မှာလည်း အိမ်မှာမို့နဲ့ အာဂျွန်ကတော့ တော်တော် စိတ်ပျက်နေသူပေါ့။ဒါကိုတော့ အာနူးရဲ့ စိတ်ထဲမှာ ကြည်နူးစရာလို့ သတ်မှတ်ထားတယ်။ အမြဲလိုလို သူ့အပေါ် ဂရုစိုက်တတ်တဲ့ အာဂျွန်ကလွဲပြီး သူ့အတွက်တော့ အားကိုးစရာမရှိဘူး။ငယ်ရွယ်စဉ်မှာ အမြဲလိုလို သည်းခံကြ၊ အနိုင်ယူကြနဲ့ အဆင်ပြေပေမဲ့ အရွယ်ရောက်လာတဲ့အခါမှာတော့....----------------------ကဲဒီလောက်ဆို အားလုံးလည်း ...
movie
Rang De (2021)
2021
8.6
Agent Sai Srinivasa Athreya (2019)
ဒီကားလေးကတော့ စုံထောက်ဇာတ်လမ်းကောင်းလေးတစ်ကားပါ သာမာန်စုံထောက်ကားတွေနဲ့မတူပဲထူးခြားတဲ့ရသကိုခံစားရတဲ့ကားလေးတစ်ကားပါ ဇာတ်လမ်းမှာတော့ မင်းသားကစုံထောက်ရူး တပည့်မလေးတစ်ယောက်နဲ့ စျေးထဲမှာ ဆိုင်ခန်းငှားပြီးရုံးဖွင့်ထားတယ် သူ့သူတော့ FBI စုံထောက်ပေါ့ တစ်နေ့ သူအမှုတစ်ခုအကြာင်းသတင်းကြားလို့ အမှုဖြစ်တဲ့နေရာလည်းအရောက် သူ့ကိုရဲတွေက တရားခံဆိုပြီးဖမ်းသွားကြတယ် ပြန်လွတ်လာတာနဲ့ သူဒီအမှုကိုသူဆက်စုံစမ်းရင်းအမှုရဲ့နောက်ကွယ်က ဖြစ်ရပ်ကြီးကြီးတစ်ခုကို သိသွားတဲ့အခါမှာတော့.... ဇာတ်လမ်းက ကြည့်လေ ဇာတ်ရှိန်တက်လေပါပဲ မင်းသားရဲ့ ဆက်စပ်တွေးခေါ်မှုတွေကတော်လွန်းတာကို အခုပဲ down ပြီးကြည့်လိုက်တော့နော် ရုပ်ရှင်ကားကို ဘာသာပြန်ပေးထားတာကတော့ Dolly Dolly ဖြစ်ပြီး XCode မှ တင်ဆက်ပေးထားပါတယ်
movie
Agent Sai Srinivasa Athreya (2019)
2019
6.4
Padi Padi Leche Manasu(2018)
Padi Padi Leche Manasu(2018)အသစ်ထွက် Telugu ဇာတ်ကားလေးဖြစ်ပါတယ်။ Romance/Dramaဇာတ်ကားလေးဖြစ်ပြီး ဟာသနှောရိုက်ကူးထားတဲ့ဇာတ်ကားလေးပါ။Castတွေကတော့ ဆူရီရာအဖြစ် Sharvanand ၊ ဗေရှာလီအဖြစ် မင်းသမီးချော Sai Pallavi တို့ပါဝင်သရုပ်ဆောင်ထားပါတယ်။ IMDb rating 6.5 ထိရထားပါတယ်။ဇာတ်လမ်းလေးကတော့ ဘဝနောက်ခံအခြေအနေမတူ၊ စရိုက်ချင်းမတူ၊ တွေးခေါ်ပုံချင်းမတူတဲ့ လူနှစ်ယောက်ရဲ့ကြားက ချစ်ခြင်းမေတ္တာ၊အဆင်မပြေမှု၊ သဘောထားကွဲလွဲမှုတွေကိုပြသွားပြီး အပြင်လက်တွေ့သမီးရည်စားအတွဲကြားဖြစ်တတ်တဲ့အခြေအနေတွေ၊အိမ်ထောင်ရေးပြသနာတွေကို ရိုက်ကူးပြသွားတာပဲဖြစ်ပါတယ်။ ဟာသနှောပြီး အလွမ်းအဆွေးတွေကိုရိုက်ကူးပြထားတဲ့အတွက်အရသာတစ်မျိုးတော့ရမှာပါ။ ဇာတ်ဆောင်မင်းသားရဲ့ ဂျစ်ကန်ကန်သရုပ်ဆောင်ပုံစံ၊ ပေါ့ပေါ့ပါးပါးနေဟန်တွေကိုလည်းတွေ့မြင်ရမှာပါ။ဇာတ်လမ်းအညွှန်းနဲ့ ဘာသာပြန်သူကတော့ Thura Zarni Aung ပဲဖြစ်ပါတယ်... File Size : (1GB) and (440 MB) Quality : WEB-DL 720p, Format…mp4 Duration…02:38:00 Genre : Drama, Romance Subtitle : Myanmar Subtitle (Hard Sub) Translated by Thura Zarni Aung Encoded by Phyo ...
movie
Padi Padi Leche Manasu(2018)
2018