Channel Myanmar

Sukhman Gill

Falling in Love in Niagara (2024) 6.7
Falling in Love in Niagara (2024)  အသစ်စက်စက်ထွက်ရှိထားတဲ့ IMDb 6.7 ရရှိထားတဲ့ ရိုမန့်စ်ဒရာမာရုပ်ရှင်‌လေးတစ်ခုနဲ့မိတ်ဆက်ပေးချင်ပါတယ်။ဒီရုပ်ရှင်လေးက Niagara Falls လို့အမည်ရတဲ့ ကနေဒါနိုင်ငံက ခရီးသွားဧည့်ဆွဲဆောင်တဲ့နေရာတစ်ခုမှာ ဇာတ်အိမ်တည်ပြီးရိုက်ကူးထားတာပါ။ Niagara Falls ဆိုတဲ့နာမည်အတိုင်း ဒီမြို့မှာ နိုင်အာဂရာရေတံခွန်ကြီးတည်ရှိတာကြောင့် ကမ္ဘာလှည့်ခရီးသွားတွေမျက်စိကျကြတဲ့နေရာဖြစ်နေတာပါ။ဇာတ်လမ်းအကျဉ်းကတော့ မက်ဒလင်း နဲ့ ဂျေဆင်တို့က လက်ထပ်ကြတော့မဲ့ စုံတွဲတစ်တွဲ‌ပါ။ မက်ဒလင်းတို့အတွဲက ဟန်းနီးမွန်းကို နိုင်အာဂရာမြို့ဆီသွားဖို့အတွက် စဉ်းစားထားကြပါတယ်။ မက်ဒလင်းက အရာရာမှာ အရမ်းစည်းစနစ်ကြီးပြီး တစ်ခုခုဆိုရင် အမြဲအစီအစဉ်ဆွဲပြီးတော့မှ အတိအကျလုပ်ကိုင်တတ်သူပါ။ ဟန်းနီးမွန်းအတွက်လည်း နိုင်အာဂရာခရီးစဉ်ကို အချိန်ဇယားနဲ့ အတိအကျကို ကြိုတင်စီစဉ်ထားတာပေါ့။ ခင်ပွန်းလောင်းဖြစ်သူ ဂျေဆင်ကတော့ မက်ဒလင်ရဲ့ အရာရာတိကျသေချာအောင် အမြဲ စီစဉ်နေတတ်တဲ့အကျင့်ကိုမကြိုက်တော့တာကြောင့် မင်္ဂလာပွဲမတိုင်ခင် ငါးပတ်အလိုမှ မင်္ဂလာပွဲကိုရုတ်တရက်ဖျက်သိမ်းလိုက်ပါတော့တယ်။ဒီလိုနဲ့ အသည်းကွဲကျန်ရစ်ခဲ့တဲ့သူ မက်ဒလင်းကို ကူညီအားပေးဖို့ကတကြောင်း ကြိုတင်ဘွတ်ကင်လုပ်ပြီး ငွေပေးချေထားပြီးသားဖြစ်တဲ့ ဟန်းနီမွန်းခရီးစဉ်ကို အဆုံးရှုံးမခံသင့်တာက‌တကြောင်းကြောင့် မက်ဒလင်းရဲ့အစ်မဖြစ်သူ ဟာလီက မက်ဒလင်းနဲ့အတူ နိုင်အာဂရာကို ခရီးထွက်ဖို့ရာ စည်းရုံးဖို့ကို ဆုံးဖြတ်လိုက်ပါတော့တယ်။ ...
movie

Falling in Love in Niagara (2024)

Secret Society of Second Born Royals (2020)
Secret Society of Second Born Royals (2020) Disney က အသစ်ထွက်ရှိထားတဲ့ Action,Adventure,Comedy ဇာတ်ကားလေးကို တင်ဆက်ပေးချင်ပါတယ်။ဆမ်ဆိုတဲ့ ဆယ်ကျော်သက်ကောင်မလေးဟာ အလီရီယာတိုင်းပြည်ရဲ့ တော်ဝင်မျိုးဆက် ဒုတိယသမီးဖြစ်သူပါ။ သူ့အစ်မ အယ်လီနောက နန်းမွေဆက်ခံရမယ့်သူပီပီ မင်းသမီးပီသ အဘက်ဘက်ကပြီးပြည့်စုံသလောက် ဆမ်ကတော့ ဘုရင်စနစ်ကိုပုန်ကန် တော်ဝင်ထုံးတမ်းတွေကို ငြီးငွေ့မုန်းတီးနေတဲ့ ပုန်ကန်ချင်တဲ့ဆယ်ကျော်သက်လေးတစ်ယောက်ဖြစ်နေပါတယ်။ သူ့မှာ မိုက်ခ်ဆိုတဲ့ အချစ်ဆုံးသူငယ်ချင်းကောင်လေးတစ်ယောက်ရှိပြီး ပူးတွဲဂီတအဖွဲ့လေးကို တည်ထောင်ထားကြတယ်။ တစ်နေ့တော့ ကလပ်မှာလုပ်တဲ့ ဖျော်ဖြေရေးပွဲတစ်ခုကို ခိုးသွားကြရင်း စာမေးပွဲလွတ်သွားတာကို သူ့အမေ သိသွားတဲ့နောက် အဲ့ဒီစာမေးပွဲအတွက် ဆမ်ဟာ ကျောင်းပိတ်ရက်မှာ နွေရာသီသင်တန်းကိုတက်ဖို့ဖြစ်လာပါတော့တယ်။ တကယ်တမ်း အဲ့ဒီနွေရာသီသင်တန်းဟာ ဆမ်တို့လို တော်ဝင်မျိုးဆက်ရဲ့ ဒုတိယရင်သွေးတွေကို လျှို့ဝှက်လေ့ကျင့်ပေးနေတဲ့ အစီအစဉ် တစ်ခုဖြစ်ပါတယ်။ ပထမမွေးချင်းသားသမီးတွေဟာ ထီးနန်းအရိုက်အရာကိုဆက်ခံ တိုင်းပြည်ကို အုပ်ချုပ်ရပြီး ဒုတိယမွေးချင်းသားသမီးတွေကတော့ ထူးခြားတဲ့ လူသာမန်ထက်သာလွန်တဲ့အစွမ်းတွေရှိကြပြီး အဲ့ဒီအစွမ်းတွေကို အသုံးချ သူတို့တိုင်းပြည်တွေ ကမ္ဘာကြီးကို အန္တရာယ်ပြုမယ့် ရာဇဝတ်ကောင်တွေရန်က ကာကွယ်ကြရတယ်ဆိုတာကို ဆမ်သိလိုက်ရတဲ့အခါမှာတော့..။ဒစ်စနေကားပီပီ ဆယ်ကျော်သက်လူငယ်လေးတွေရင်ဆိုင်ရမယ့် ဘဝအလှည့်အပြောင်း၊ မိသားစု ပတ်ဝန်းကျင် အရွယ်ရောက်ချိန်မှာကြုံဆုံရတတ်တဲ့ ပြဿနာလေးတွေကို မီးမောင်းထိုးပြပြီး ပါဝါတွေ ကိရိယာအဆန်းတွေနဲ့ စိတ်ဝင်စားစရာကောင်းအောင် တင်ဆက်ထားတဲ့ ပေါ့ပေါ့ပါးပါး ...
movie

Secret Society of Second Born Royals (2020)

My Spy(2020) 6.0
My Spy(2020) My Spy(2020)(unicode)ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာ အမေနဲ့ပဲကျန်ခဲ့လေရဲ့... ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီး စုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်... စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီး တစ်ယောက်ဖြစ်ပါတယ်.... စီအိုင်အေရဲ့ အဆင့်မြင့်ထောက်လှမ်းမှုတွေကို ထက်မြက်တဲ့ကောင်မလေးဟာသိသွားခဲ့တယ်...ဒီကလေးမလေးဟာ ဒီအတိုင်းတော့မနေဘူး..စီအိုင်အေထောက်လှမ်းရေးအဖွဲ့ကို တုန့်ပြန်ဖို့အကွက်လေးတွေဆင်ပါတော့တယ်..အေးဂျင့်ကြီးဒီကလေးကြောင့်တိုင်တွေပတ်တဲ့အပြင် လူဆိုးအဖွဲ့ကလည်း တစ်ချိန်ထဲပေါ်လာတဲ့အချိန်မှာတော့... ကလေးမလေးက ဘယ်လိုတွေလုပ်လဲ...မိသားစုနဲ့ လူဆိုးအဖွဲ့ကရော ဘယ်လိုတွေ ဆက်နွယ်မှုရှိနေတာလဲ...တကယ်အမှုကြီး ရုပ်လုံးပေါ်လာချိန်မှာ အေးဂျင့်ကြီးနဲ့ ကလေးမလေးက ဘယ်လိုတွေရင်ဆိုင်ကြမလဲ...ဒီဇာတ်လမ်းက ရယ်လည်းရယ်ရသလို အက်ရှင်ခန်းခပ်မိုက်မိုက်တွေလည်း ပါပါတယ်..မိသားစုနဲ့အတူကြည့်လို့ရသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းပါတယ်... အေးဂျင့်ကြီးအဖြစ်တော့နပမ်းမင်းသားလို့ အားလုံးတော်တော်များများခေါ်ကြတဲ့ ဘက်တစ်စတာက သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာMarTizasဖြစ်ပါတယ်(zawgyi)ဖခင်ဖြစ်သူဟာ လူဆိုးတွေနဲ့ပတ်သက်မိပြီး သေဆုံးခဲ့လို့ ၉နှစ်အရွယ်သမီးလေးဟာ အမေနဲ့ပဲကျန်ခဲ့လေရဲ့... ဒီမိသားစုဟာ လူသတ်တရားခံနဲ့ ပတ်သက်နိုင်လို့ဆိုပြီး စုံထောက်အဖွဲ့ဟာ ဒီကလေးမလေးရဲ့အိမ်ကို ၂၄နာရီစောင့်ကြည့်ပါတယ်... စောင့်ကြည့်အဖွဲ့ခေါင်းဆောင်က စီအိုင်အေက လူကြမ်းအေးဂျင့်ကြီး တစ်ယောက်ဖြစ်ပါတယ်.... စီအိုင်အေရဲ့ အဆင့်မြင့်ထောက်လှမ်းမှုတွေကို ထက်မြက်တဲ့ကောင်မလေးဟာသိသွားခဲ့တယ်...ဒီကလေးမလေးဟာ ဒီအတိုင်းတော့မနေဘူး..စီအိုင်အေထောက်လှမ်းရေးအဖွဲ့ကို တုန့်ပြန်ဖို့အကွက်လေးတွေဆင်ပါတော့တယ်..အေးဂျင့်ကြီးဒီကလေးကြောင့်တိုင်တွေပတ်တဲ့အပြင် လူဆိုးအဖွဲ့ကလည်း တစ်ချိန်ထဲပေါ်လာတဲ့အချိန်မှာတော့... ကလေးမလေးက ဘယ်လိုတွေလုပ်လဲ...မိသားစုနဲ့ လူဆိုးအဖွဲ့ကရော ဘယ်လိုတွေ ဆက်နွယ်မှုရှိနေတာလဲ...တကယ်အမှုကြီး ရုပ်လုံးပေါ်လာချိန်မှာ အေးဂျင့်ကြီးနဲ့ ကလေးမလေးက ဘယ်လိုတွေရင်ဆိုင်ကြမလဲ...ဒီဇာတ်လမ်းက ရယ်လည်းရယ်ရသလို အက်ရှင်ခန်းခပ်မိုက်မိုက်တွေလည်း ပါပါတယ်..မိသားစုနဲ့အတူကြည့်လို့ရသလို ရင်ခုန်စိတ်လှုပ်ရှားဖွယ်လည်းကောင်းပါတယ်... အေးဂျင့်ကြီးအဖြစ်တော့နပမ်းမင်းသားလို့ အားလုံးတော်တော်များများခေါ်ကြတဲ့ ဘက်တစ်စတာက သရုပ်ဆောင်ထားပါတယ်.. ဇာတ်လမ်းအညွှန်းနဲ့ဘာသာMarTizasဖြစ်ပါတယ်File Size : (900 MB) and (339 MB) Quality : ...
movie

My Spy(2020)