Channel Myanmar

Sun Honglei

Mongol: The Rise of Genghis Khan (2007) 7.2
Mongol: The Rise of Genghis Khan (2007) ဒီရုပ်ရှင်ကားအကြောင်း မပြောခင် ချင်ဂစ်ခန်း(Chinggis Khan)လို့ကောဂန်ဂျစ်ခန်း(Genghis Khan)လို့ရော ခေါ်ကြတဲ့ထယ်မူဂျင်းဆိုတဲ့ မွန်ဂိုလူမျိုးတစ်ယောက်အကြောင်းကိုအရင်ဆုံး ပြောပြချင်ပါတယ်။ ကမ္ဘာ့သမိုင်းရေးရာတွေကို စိတ်ဝင်စားတဲ့သူဆိုရင်တော့နာမည်ကြားရုံနဲ့ တန်းသိလောက်မယ့် တစ်ခေတ်တစ်ခါကကမ္ဘာ့အကြီးဆုံးအင်ပါယာကြီးကို တည်ထောင်အုပ်စိုးခဲ့တဲ့ပုဂ္ဂိုလ်ကြီးပဲဖြစ်ပါတယ်။ သူ့ကို မသိတဲ့လူတွေတောင် သူပြောခဲ့တဲ့စကားတွေကိုတော့ ကြားဖူးကြမှာပါ၊“ကြောက်ရင် မလုပ်နဲ့၊ လုပ်ပြီဆိုရင်လည်း မကြောက်နဲ့”ဆိုတာမျိုးတွေပေါ့။ သူ မသေဆုံးခင်ထိဆို သူ့အင်ပါယာမှာ အာရှရဲ့သုံးပုံတစ်ပုံလောက်ကို အုပ်စိုးထားနိုင်ခဲ့တာပါ။ဒီဘက်ခေတ်အနေအထားနဲ့ ပြောရမယ်ဆိုရင်တော့ရုရှား၊ တရုတ်၊ ကိုရီးယား၊ အရှေ့တောင်အာရှ၊ အိန္ဒိယ၊ အရှေ့အလယ်ပိုင်းနဲ့အရှေ့ဥရောပထိ ပါဝင်ခဲ့ပါတယ်။ ဟုတ်ပါတယ်…ဒီရုပ်ရှင်ဟာ ဒီလိုကြီးကျယ်ခမ်းနားခဲ့တဲ့ပုဂ္ဂိုလ်ကြီးတစ်ယောက်ရဲ့ အတိတ်သမိုင်းပါ။သူ့အတိတ်သမိုင်းသာလျှင် ကြီးကျယ်တာမဟုတ်ပါဘူး၊သူ့အကြောင်းရိုက်ထားတဲ့ ဒီရုပ်ရှင်ဟာလည်း ဆုပေါင်း ၁၆ ဆုရရှိခဲ့ပြီး၂၀၁၈ ခုနှစ်ရဲ့ အကောင်းဆုံး ရုပ်ရှင် ၁၀ ကားစာရင်းမှာ ပါဝင်ခဲ့ပါတယ်။ ဇာတ်လမ်းကိုတော့ ကျွန်အဖြစ်နဲ့ လှောင်အိမ်ထဲမှာ ရောက်နေတဲ့ခပ်ငယ်ငယ်အရွယ် ထယ်မူဂျင်းရဲ့ နောက်ကြောင်းပြန်မှုကနေ စတင်ထားပါတယ်။ အတ္ထုပတ္တိရုပ်ရှင်သဘောလည်းဖြစ်တာကြောင့် ဇာတ်လမ်းကိုတော့ဒီ့ထက်ပိုမပြောတော့ပါဘူး။ ဂျန်ဂျစ်ခန်းဆိုတဲ့ပုဂ္ဂိုလ်ကြီးဖြစ်လာဖို့အတွက် ထယ်မူဂျင်းဆိုတဲ့ကောင်လေးရဲ့ အချစ်၊ မိသားစု နဲ့ သွေးစိမ်းရှင်ရှင်ထွက်တဲ့တိုက်ပွဲတွေကို အနုပညာမြောက်မြောက် ရောစပ်ထားပါတယ်။ ဒီရုပ်ရှင် ရိုက်ကူးတုန်းက ၁၄ လတိတိကြာမြင့်ခဲ့ပြီးရိုက်ကူးရေးအဖွဲ့ဝင်တွေထဲမှာ ...
movie

Mongol: The Rise of Genghis Khan (2007)

Silent Witness (2013) 7.0
Silent Witness (2013) တရုတ်ရုပ်ရှင်လည်း ကြည့်ချင်တယ် ဂျင်းမိမှာလည်း ကြောက်တဲ့CM ပရိသတ်ကြီးတို့ကို ဂျင်းမဟုတ်တဲ့ တကယ်ဇာတ်ကားကောင်းနဲ့မိတ်ဆက်ပေးပါဦးမယ်။ Silent Witness လို့ခေါ်တဲ့ ဒီရုပ်ရှင်က ၂၀၁၃ ခုနှစ်က ထွက်ခဲ့တာပါ။အဓိကသရုပ်ဆောင်တွေအဖြစ် Aaron Kwok, Sun Honglei, Yu Nan နဲ့Ji Zihan တို့က ပါဝင်ထားပါတယ်။ ဇာတ်လမ်းအကျဉ်းကိုပြောပြရရင်တော့ လင်းမုန့်မုန့်ဆိုတဲ့အသက် ၂၀ အရွယ် ကောင်မလေးက အောင်မြင်ကျော်ကြားတဲ့စီးပွားရေးလုပ်ငန်းရှင် လင်းထိုက်ရဲ့သမီးဖြစ်သူပါ။ လင်းထိုက်က ဇနီးဖြစ်သူ ဆုံးသွားပြီး ၆ နှစ်အကြာမှာနာမည်ကျော်အဆိုတော် ယန်းသန်းနဲ့ မေတ္တာမျှခဲ့ကြတယ်။ တစ်နေ့မှာ ယန်းသန်းက နာမည်ကြီးမင်းသားတစ်ယောက်နဲ့ဖောက်ပြန်နေတာကို မီဒီယာတွေက ဖော်ထုတ်ခဲ့ပါတယ်။သတင်းထွက်ပေါ်လာပြီး ရက်အနည်းငယ်အကြာမှာပဲယန်းသန်းက ကားနဲ့တိုက်အသတ်ခံခဲ့ရပါတယ်။ သံသယတရားခံကတော့ လင်းမုန့်မုန့် ဖြစ်နေခဲ့တယ်။ဒီအမှုကို တရားလိုရှေ့နေအဖြစ် ဆောင်ရွက်သူကထုန်ထောက်လို့ခေါ်တဲ့ နာမည်ကြီး အစိုးရရှေ့နေပါ။ သူက လင်းထိုက်ကို အပြစ်ရှာဖို့ ၁၀ နှစ်ကျော် ကြိုးစားနေခဲ့တဲ့ရှေ့နေဆိုလည်း မမှားပါဘူး။ တစ်ဖက်မှာလည်း လင်းထိုက်က ဒီအမှုအတွက် တရုတ်ပြည်ရဲ့ ဈေးအကြီးဆုံးရှေ့နေဖြစ်သူ ကျိုးလိကို ငှားထားခဲ့ပါတယ်။နာမည်ကြီးရှေ့နေနှစ်ယောက် အမှုကို ...
movie

Silent Witness (2013)

2013
Drug War(2012) 7.0
Drug War(2012) Drug War(2012) အညွှန်း**********************IMDb...7.0ဟောင်ကောင်ရဲ့ ထိတ်ထိတ်ကြဲမင်းသား Louis Kooနဲ့ နာမည်ကြီးတရုတ်မင်းသားSun Hongeliတို့ အပြိုင်သရုပ်ဆောင်ထားတဲ့ Action/ Crimeဇာတ်ကားပါ။Action/Crimeဇာတ်ကားတွေကြောင့် အနောက်တိုင်းထိကျော်ကြားတဲ့ဟောင်ကောင်ဒါရိုက်တာ Johnnie Toရဲ့လက်ရာဖြစ်တာကြောင့် သေသပ်လှပါတယ်။ တရုတ်နိုင်ငံတွင်းမူးယစ်ဆေးဝါးထုတ်လုပ်ရောင်းချနေတဲ့တင်မီချိုဟာခေါင်းဆောင်ဇန်းဦးဆောင်တဲ့ မူးယစ်တပ်ဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံလိုက်ရပြီးနောက်သေဒဏ်မှလျှော့ပေါ့ပြစ်ဒဏ်ကျခံနိုင်ရန်အတွက် အကုန်ဖော်ကာ၊ရဲတပ်ဖွဲ့ရဲ့အသွင်ယူလုပ်ငန်းစဉ်များတွင်လည်း ပူးပေါင်းဆောင်ရွက်ပြီးပြည်မကြီးတွင်ထုတ်လုပ်ဖြန့်ဖြူးနေတဲ့အဓိကလက်မဲကြီးများကို ဖမ်းဆီးနိုင်ရန်လိုက်ပါဆောင်ရွက်ရပါတော့တယ်။ဘယ်လိုတွေဆက်ဖြစ်မလဲဆိုတာကိုတော့.................File Size :(2.1GB)(966 MB) and (369 MB) Quality : Blu-Ray 1080p5.1ch,720p Format…mp4 Duration…01:47:00 Genre : Action,Crime , Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Moe Lay Encoded by Phyo Pyae
movie

Drug War(2012)