Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Suresh Gopi
7.5
Garudan (2023)
Garudan 2023 အမှန်တရားဘက်တော်သား IMDb 7.5/10အမှန်တရားနဲ့လိမ်လည်မှု ..စည်းလေးတစ်ခုပဲခြားတဲ့ ဒီ၂ဖက်ကြား တရားဥပဒေကို လက်တစ်လုံးကြားလုပ်ပြီး ပြစ်မှုကျူးလွန်နေတဲ့လူတွေကို အခက်အခဲတွေကြားကဘယ်လိုရှာဖွေသွားမလဲဆိုတဲ့ ရုံကားလေးတစ်ကားတင်ဆက်ပေးချင်ပါတယ်ကျောင်းဖျော်ဖြေပွဲရှိလို့ ညနက်တဲ့အထိလေ့ကျင့်ရေးလုပ်နေခဲ့တဲ့ တယ်ရယ်ဆာ ..မိုးသည်းတစ်ညလေ့ကျင့်မှုအပြီး ဖခင်ဖြစ်သူအတွက်ဟင်းချက်ပေးဖို့ဆိုပြီး အိမ်ပြန်မိလေတော့ ကြိုတင်စောင့်ဆိုင်းနေတဲ့ မသမာသူတစ်ယောက်က ကြိုတင်စီစဉ်ထားတဲ့ Rape case တစ်ခု ဖြစ်စေခဲ့ပါတယ်ည၇နာရီနဲ့ ၉နာရီကြားဆို လူမရှိတဲ့ စက်ရုံတစ်ခုထဲသူ့အစီအစဉ်ကိုအထမြောက်ခဲ့လေတော့ သူ့ကိုတွေ့လိုက်တာက စက်ရုံရဲ့ကြီးကြပ်ရေးဆာလမ် ..တရားခံဟာအရင်ကမမြင်ဖူးတဲ့လူတစ်ယောက်ဖြစ်တာကြောင့် ကြန့်ကြာခဲ့ရတဲ့ ဒီအမှု.. နစ်နာသူက ကိုမာဝင်ပြီးဟိုးလေးတကျော်ကျော်ဖြစ်သွားခဲ့တဲ့ ဒီအမှုကြောင့် ဆန္ဒပြပြည်သူတွေနဲ့ ဖိအားပေးခံရဲတွေကြား အမှုက ၇လကျော်အထိ ကြာခဲ့ရပြီးနောက်မှာတော့ မျှော်လင့်ချက်ရောင်ခြည်သန်းလာခဲ့ပါတယ် အဲဒါက ဘာများဖြစ်မလဲ သူတို့ဘယ်လိုတွေဖော်ထုတ်ကြမလဲ အမှန်တရားက အမြဲတမ်းနိုင်ပါ့မလားဆိုတာတော့ ဆက်လက်ရှုစားလိုက်ကြပါရှင် ( အညွှန်းနဲ့ ဘာသာပြန်တွေကတော့ CM Bollywood Team ပဲဖြစ်ပါတယ် )( CMရဲ့ ဘောလိဝုဒ်ရုပ်ရှင်နဲ့ စီးရီးသစ်တွေကို တယ်လီဂရမ်မှာလဲ တင်ဆက်နေပြီမလို့ ဒီချန်နယ်လေးမှာ ကြည့်ရှုအားပေးလို့ရပါတယ် Tele Link >>https://t.me/cmbollywood ) File size…2GB / 913MB Quality…1080p WEB DL / ...
movie
Garudan (2023)
2023
5.9
Tamilarasan (2023)
Tamilarasan (2023) IMDb - 6.2/10တမီးလ်အနုပညာလောကမှာ တေးရေး၊တေးဆို၊ရုပ်ရှင်အယ်ဒီတာ၊အသံဖမ်းအင်ဂျင်နီယာ၊ ဒါရိုက်တာအဖြစ်နဲ့ ဘက်စုံထူးချွန်လှတဲ့ မင်းသားကြီး ဗီဂျေးအန်တိုနီ၊ Ramaiya Vastavaiya (2013)ထဲမှာ ညီမဖြစ်သူကို သိပ်ချစ်ပြီး မြင်းရုပ်လေးလုပ်ပေးတဲ့ အကိုကြီးနေရာက သရုပ်ဆောင်ခဲ့တဲ့ မင်းသားကြီး ဆိုနူး၊ ပရိသတ်အချစ်တော် ဟာသမင်းသား လူရွှတ်ကြီး ယိုဂီဘာဘူတို့ပါဝင်ထားပါတယ်။ မင်းသား ဗီဂျေးအန်တိုနီက ဇာတ်လမ်းရဲ့နာမည်အတိုင်းပဲ တမီးလ်ရာဆန်နေရာကနေ ရဲတစ်ယောက်အဖြစ် သရုပ်ဆောင်ထားပါတယ်။ဇာတ်လမ်းအကျဉ်း "ကျွန်တော့်ရင်ထဲကအထက်အရာရှိအပေါ် လေးစားမှုက အပြင်မှာရှိနေတဲ့အရာရှိအပေါ် လေးစားမှုထက်ပိုနေပါတယ် ကျွန်တော့်ရင်ထဲကအရာရှိက ဆရာခိုင်းတာကို မလိုက်နာဖို့ပြောပါတယ်" ဆိုတဲ့ အရာရှိတမီးလ်တစ်ယောက် ဆန္ဒပြပြည်သူတွေကို အသက်အန္တရာယ်ပြုဖို့ ငြင်းဆန်မှုကြောင့် တာဝန်ကရပ်ဆိုင်းခံခဲ့ရပါတယ်။ချစ်ရတဲ့ ဇနီးရယ်သားလေးရယ်နဲ့ ပျော်ရွှင်စရာမိသားစုလေးကို ပိုင်ဆိုင်ထားပေမဲ့ သားဖြစ်သူကို နှလုံးအစားထိုးကုသမှရမယ်ဆိုတဲ့ အဖြစ်ဆိုးကြီးနဲ့ကြုံလိုက်ရပါတယ်။သွားတက်မိတဲ့ဆေးရုံကလည်း သပွတ်အူလိုရှုပ်ထွေးလှတဲ့ လူကြီးချင်းလက်ဝါးရိုက်လုပ်နေတဲ့ ကိစ္စတွေများတဲ့ဆီဖြစ်နေတော့ နှလုံးအစားထိုးကုသဖို့ စာရင်းစောင့်နေရတာရယ် ငွေရေးကြေးရေးမပြည့်စုံတဲ့အတွက် ကုသစရိတ်လိုက်ရှာရတဲ့ အရာရှိတမီးလ်တစ်ယောက်၊ သားဖြစ်သူအတွက် အသက်ကိုပါ ပေးဆပ်ဖို့အသင့်ဖြစ်နေတဲ့ တမီးလ်ရာဆန်တစ်ယောက် သူ့အပေါ်ကျရောက်လာမယ့် ကံကြမ္မာဆိုးတွေကို ဘယ်လိုရင်ဆိုင်ဖြေရှင်းပြီး အခက်အခဲတွေကို ကျော်လွှားနိုင်ပါ့မလားဆိုတာ ကြည့်ရှုရမှာပါ။(အညွှန်းနဲ့ဘာသာပြန်သူတွေကတော့ Thaik San ~ chiclon3 ~ Khin Khin ~ BpL ~ Yunni ~Zwe ...
movie
Tamilarasan (2023)
2023
6.8
Paappan(2022)
Paappan 2023ယခုတစ်ခါတင်ဆက်ပေးမဲ့ကားလေးကတော့ မှုခင်း Thriller ဇာတ်ကားကောင်းလေးတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအစကနေအဆုံးထိ တရားခံကို သိတာလိုလိုမသိတာလိုလို မိတော့မှာလိုလို မမိတော့ဘူးလိုလိုနဲ့ ဖမ်းရခက်ပြီး အန္တရာယ်များတဲ့ ကွင်းဆက်စိတ္တဇလူသတ်သမားတစ်ယောက်ကို ကြည့်ရှုရမှာပါဇာတ်လမ်းအစမှာ တောနက်တစ်နေရာက အိတ်ထဲထည့်ဆွဲထားတဲ့ အလောင်းတစ်ခုကို တွေ့ရှိရကစပါတယ် အဲ့အမှုကို တာဝန်ယူရတာက ရဲအရာရှိဗင်ဆီအေဗရာဟမ် ဖြစ်ပါတယ်အဲ့အလောင်းနားမှာ နာမည်ကြီးမင်းသားတစ်ယောက်ရဲ့ ကားတွေဖုန်းတွေကိုတွေ့လို့ မင်းသားကိုသတ်တဲ့အမှုလို့ထင်လိုက်ပေမဲ့ မထင်မှတ်ပဲ ကွင်းဆက်လူသတ်မှုတစ်ခုဖြစ်နေတဲ့အခါ ဒီအမှုက ရဲမေဗင်ဆီအတွက်တင်မက အတိတ်က ရဲဟောင်းသူ့အဖေမစ္စတာအေဗရာဟမ်နဲ့ပါ ပတ်သတ်လာတဲ့အခါ ဇာတ်လမ်းအစကနေအဆုံး ရင်တမမနဲ့ စိတ်ဝင်တစားကြည့်ရှုရမှာဖြစ်လို့ မှုခင်းစုံထောက်ကားကြိုက်သူတွေအတွက် လက်မလွှတ်သင့်ကြောင်း ပြောကြားရင်း တင်ဆက်ပေးလိုက်ပါတယ် File size…2.43GB / 1.2GB Quality…1080p HD RIP/ 720p Format…mp4 Duration….2h 49m Subtitle….Myanmar Subtitle (Hard Sub) Encoder...YK Translated by Nyein~Sai~Yunni~BpL
movie
Paappan(2022)
2022
7.3
Shankar’s I(2015)
ချစ်သူနှစ်ဦးရဲ့ ခိုင်မြဲမှုသင်္ကေတမှာ ရုပ်ရည်က အဓိကကျနေပါသလား။သင်သာဆိုလျှင်ကော ရုပ်ရည်ပျက်ယွင်းသွားတဲ့ချစ်သူကို ပစ်ခွာမသွားဘဲ အချစ်စစ် ကိုဖော်ကျူးနိုင်မလား မိတ်ဆွေ။ဒီဇာတ်ကားမှာတော့ အချစ်စစ် ကိုဖွဲ့ဆိုပြထားပြီး IMDB 7.8 /10 ရထားတဲ့အတွက်လည်း ဇာတ်ကားကောင်းအနေနဲ့ရော အချစ်ရဲ့အဓ်ိပါ္ပယ်ကို ပြောပြပေးစွမ်းမယ့် ဇာတ်ကားကောင်းလေးအဖြစ်ရော သတ်မှတ်ထားမိပါတယ်။(ဇာတ်လမ်းအကျဉ်း)ဇာတ်လမ်းအစမှာတော့ သတို့သမီးကို ရုပ်ဆိုးဆိုး ခါးကုန်းကုန်း ရွတ််တွနေတဲ့သူတစ်ဦးက ဖမ်းခေါ်သွားခဲ့ခြင်းမျိူးနဲ့ အစပြုထားပါတယ်။တကယ်တမ်းတော့ ဖမ်းယူသွားခဲ့သူဟာ သာမန်သူမဟုတ်ခဲ့ပါဘူး။ သူဟာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိထားတဲ့ လင်ဂီချန် ဆိုသူပါ။ကောင်မလေးကလည်း ဒိုင်ယာဆိုတဲ့ မော်ဒယ်လ်ချောလေးတစ်ဦးဖြစ်ပါတယ်။အတိတ်မှာဖြင့် လင်ဂီချန်ဟာ မစ္စတာ တမဲလ်မန်ဒု ကာယဗလမောင်ဆုရရှိခဲ့ပြီး MR.INDIA ဆိုတဲ့ကာယဗလမောင်ဆုကိုပါ ယှဉ်ပြိုင်ရယူရန် ရည်မှန်းထားခဲ့တဲ့သူပါ။အချစ်ရေးမှာလည်း သူဟာ ဒိုင်ယာ ဆိုတဲ့မော်ဒယ်မလေးကို စွဲလမ်းမိပြီး ရုပ်မြင်သံကြားဖန်သားပြင်မှ တိတ်တခိုး ချစ်ခင်နေမိခဲ့တာပါ။တစ်နေ့မှာတော့ လင်ဂီချန်ဟာ ဒိုင်ယာ ရှိနေတဲ့ရိုက်ကွင်းနေရာဆီလာရောက်ပြီး ဒိုင်ယာကိုတောင် လာမိတ်ဆက်ခဲ့ပါတယ်။တစ်ဖက်မှာလည်း ဒိုင်ယာဟာ ချောမောလှတဲ့မိန်းကလေးဖြစ်တာကြောင့် ဂျွန် ဆိုတဲ့ မင်းသားကလည်း ချစ်ရေးဆိုခဲ့ပါသေးတယ်။ ဒိုင်ယာကတော့ ငြင်းပယ်လိုက်ပါတယ်။ဒါကြောင့်ဂျွန်ဟာ ဒိုင်ယာနဲ့ပတ်သက်တဲ့ ရှုတင် အားလုံးကိုဖျက်ပြီး ဒိုင်ယာကို ကလဲ့စားချေလိုက်ပါတယ်။အဲ့ဒီနောက် ဒိုင်ယာရဲ့ရှုတင်တွေနည်းပါးလာပြီး ဒိုင်ယာဟာ လင်ဂီချန်နဲ့ သရုပ်ဆောင်ရန် အကြံရခဲ့ပါတယ်။လင်ဂီချန်အနေနဲ့လည်း ဝမ်းပန်းတသာလက်ခံပြီး ဒိုင်ယာနဲ့အတူ သရုပ်ဆောင်ခဲ့ကြတယ်။ သို့သော် အချစ်ရေးဘက်တွင်လည်း မဝံ့ရဲသော လင်ဂီချန်အတွက်တော့ သရုပ်ဆောင်မှုတွေကလည်း မပီပြင်ခဲ့ပါဘူး။ဒါကြောင့် ဒါရိုက်တာရဲ့အကြံပေးချက်အရ ဒိုင်ယာဟာ လင်ဂီချန်ကို ချစ်သူအယောင်ဆောင်တွဲခဲ့ပြီး သရုပ်ဆောင်ပီပြင်စေခဲ့ပါတယ်။သို့သော် ဤကဲ့သို့ ချစ်သူအယောင်ဆောင်ထားခြင်းအား လင်ဂီချန်သိခဲ့လေသောအခါ ----။ဘာတွေဆက်ဖြစ်လာမလဲ။ ချစ်တတ်လွန်းသူအတွက် အပေးဆပ်ခံနှလုံးသားကိုဖဲ့ကျိုးခံရခြင်းက နာကျည်းမှုတွေများ သန္ဓေတည်စေခဲ့မလားဆိုတာ ဝမ်းနည်းဖွယ် ကြည့်ရှုရဦးမှာပါ။လင်ဂီချန် အတွက် ပေးဆပ်မှုတွေက ဝမ်းနည်းမှုဖြစ်ခဲ့သလို မနာလို ရန်သူတွေလည်း ပေါ်ပေါက်လာခဲ့ပါတယ်။လင်ဂီချန် ဟာ ဗလမောင်ပြိုင်ပွဲတုန်းက ရာဗီးဆိုတဲ့သူနဲ့ ပြဿနာဖြစ်ခဲ့ဖူးပါသေးတယ်။ ရာဗီးကတော့ အခဲမကြေနိုင်ဘဲ ...
movie
Shankar’s I(2015)