Channel Myanmar

Susan Gallagher

Merry Good Enough (2023) 5.6
Merry Good Enough (2023)  ဒီဇာတ်ကား​လေးက ခရစ္စမတ်ကာလကို အ​ခြေခံထားတဲ့ မိသားစုဇာတ်ကား​​သစ်လေးပဲဖြစ်ပါတယ်။ IMDb 5.6,RT 95%ရထားပြီးမိသားစု​​တွေကြားမှာ ဖြစ်တတ်တဲ့ ပဋိပက္ခ​​တွေ၊ နားလည်မှုလွဲတဲ့ပြဿနာ​တွေကို ပုံ​ဖော်ရိုက်ကူးထားတာပဲ ဖြစ်ပါတယ်။ လူစီဟာမိသားစုနဲ့ အ​စေးသိပ်မကပ်တဲ့ သမီးလတ်တစ်ဦးပါ။ ခရစ္စမတ်အချိန် ရောက်လာ​တော့ မိသားစုနဲ့အတူ ပိတ်ရက်ကိုဖြတ်သန်းဖို့အိမ်ပြန်လာရင်း ခရစ္စမတ်မတိုင်ခင်မှာပဲ အ​မေနဲ့စကားများခဲ့ကြပါတယ်။ ​နောက်တစ်​​နေ့မှာ​တော့​ အ​မေဖြစ်သူ အိမ်​ပေါ်က ဆင်း​သွားတဲ့အတွက် ညီအစ်မသုံး​ယောက်နဲ့ အရင်​ယောကျ်ား​ဟောင်းသူတို့အ​ဖေပါ ​ပေါင်းပြီး အ​​​မေဖြစ်တဲ့ ကာရိုးလ်ကို လိုက်ရှာရင်းမိသားစုတွေကြားက မ​ကျေလည်မှု​၊ ပြဿနာ​တွေကို တစ်ခုချင်း​ပြေလည်​အောင် ညှိယူ​သွားပုံ၊ ဖြေရှင်းသွားပုံ​တွေကို ကြည့်ရှုရမှာဖြစ်ပါတယ်။  File size…1.56GB / 741MB Quality…WEB-DL 1080p  / 720p Format…mp4 Duration….1h 37m Genre ….. Comedy , Drama Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by JimX
movie

Merry Good Enough (2023)

A Taste of Love (2024)
A Taste of Love (2024)  2024 February လကမှ အသစ်စက်စက်ထွက်ရှိထားတဲ့ Romance ဇာတ်ကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးချင်ပါတယ်အောင်မြင်တဲ့စားဖိုမှူးတစ်ယောက်ရဲ့ ဝါသနာနဲ့၊ အလုပ် လက်တွေ့မကျတဲ့ ဘဝအချိုးအကွေ့လေးတွေကို ရိုက်ပြထားတဲ့ ဇာတ်ကားကောင်းလေးတစ်ကားပါဇာတ်အိမ်လေးကတော့ Generation အလိုက် စားဖိုမှူးတွေဖြစ်ကြပြီး ငယ်စဉ်ကတည်းက အိမ်မက်တွေအကြီးကြီးရှိနေတဲ့ တေလာရိုက်ဒါ ဆိုတဲ့ ကောင်းမလေးတစ်ယောက်ဟာ အရွယ်ရောက်လာတော့ အစားအသောက် တီဗွီရှိုးတစ်ခုမှာ နာမည်ကြီး စားဖိုမှူးဖြစ်နေတာပေါ့တစ်နေ့တော့ သူရဲ့အောင်မြင်မှုကနေ နောက်ထပ်ကမ်းလှမ်းချက်တစ်ခုကြောင့် လူပင်ပန်း စိတ်ပင်ပန်းဖြစ်ပြီး မွေးရပ်မြေကို ဦးနှောက်ဆေးဖို့ ပြန်လာတဲ့အချိန်မှာ မိသားစုနဲ့ ငယ်သူငယ်ချင်းတွေနဲ့ ပြန်တွေ့ပြီး.... ဦးနှောက်မဆေးရဘဲ ဘယ်လို အခက်အခဲတွေနဲ့ကြုံရဦးလဲဆိုတာကိုတော့ဇာတ်ကားလေးထဲမှာ ကြည့်ရှုခံစားကြည့်လိုက်ပါဦး........ဒီဇာတ်ကားကိုအညွှန်းရေးပြီး ဘာသာပြန်ပေးထားတာကတော့ Leo ဖြစ်ပါတယ် File size…(2.1 GB)/(985 MB) Quality….Webrip 1080p / 720p Format…mp4 Duration….01:24:00 Genre...Comedy, Romance, Tv Movie  Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Leo
movie

A Taste of Love (2024)

Fast Charlie (2023)
Fast Charlie (2023)  ဒီကားက ၂၀၂၃ အသစ်စက်စက်ထွက်ထားတဲ့ အက်ရှင်ကားပါ။IMBb 6.1, rotten tomato 81% ရထားတာဆိုတော့ ကြည့်ပျော်ပါတယ် ဇာတ်လမ်းမှာ ချာလီဆွစ်ဆိုတဲ့ဘဲကြီးက လက်မြန်တယ်၊ တိကျပြီး ဉာဏ်ပြေးတဲ့ကြေးစားလူသတ်သမား။ သူ့ကို သူ့သူဌေးစတန်က ရိုလိုဆိုတဲ့လူကို ဘလိတ်ဆိုတဲ့ချာတိတ်ကောင်လေးနဲ့ ပေါင်းသတ်ခိုင်းတယ်။ အဲ့မှာ ဘလိတ်ကကြိုမပြောဘဲပေါက်ကရလုပ်လိုက်တာ ရိုလိုကသေပေမဲ့ခေါင်းပျောက်သွားတော့ သေတဲ့လူကရိုလိုဖြစ်ကြောင်း သူဌေးကိုတင်ပြနိုင်ဖို့ သက်သေခံပေးမယ့်လူတစ်ယောက်လိုသွားပါတယ်။ဆိုတော့ သက်သေခံပေးမယ့် ရိုလို့ရဲ့ ဇနီးဟောင်း မာစီနဲ့တွေ့ပြီး အလုပ်လက်စသတ်ကြပါတယ်။ ဖြစ်ချင်တော့ ရိုလို့ကိုသတ်လိုက်တာကကိစ္စရှင်းသွားတာမဟုတ်ဘဲ ပိုရှုပ်သွားအောင်လုပ်တဲ့အရာဖြစ်နေတော့ စတန်ဂိုဏ်းနဲ့ ဘက်ဂါ ဂိုဏ်းနှစ်ခုကြား သစ္စာဖောက်တာတွေလက်စားချေတာတွေ ၊ ပရိရာယ်၊ စတာတွေကို ကြမ်းသင့်ချိန်ကြမ်း၊ နုသင့်ချိန်နုနဲ့ မြို့ပတ်ရထားစီးရသလိုဇာတ်သိမ်းခေါ်သွားမယ့်ဇာတ်ကားလေးပါFile size…(1.4 GB)/(760 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:32:00 Genre...Action, Crime, Drama Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Mia
movie

Fast Charlie (2023)

Walkaway Joe(2020) 6.3
Walkaway Joe(2020) Walkaway Joe(2020)Dallas တို့ သားအဖ (၂)ယောက်ဟာ ဘိလိယက်ထိုးဝါသနာပါကြတယ်....အဖေဖြစ်သူဟာ ဘိလိယက်ဝိုင်းတွေတိုင်း သားဖြစ်သူကိုခေါ်သွားတတ်တဲ့အပြင်အရွယ်မရောက်ခင် လူကြီးတွေလုပ်တဲ့ အလုပ်မျိုးတွေပါခိုင်းလေ့ရှိတယ်...ဒီလိုမျိုးပြုစုပျိုးထောင်မှုကို အမေဖြစ်သူက စိတ်ပျက်လက်ပျက်ဖြစ်လို့ အမြဲစကားများလေ့ရှိတယ်...သီးမခံနိုင်တဲ့အဆုံး အဖေဖြစ်သူဟာ အိမ်ကထွက်သွားတယ်....အမေ့ရဲ့ခံယူချက်တွေကို မကြိုက်တဲ့Dallas လည်း အဖေဖြစ်သူကိုရှာဖွေဖို့  အိမ်ကထွက်သွားတယ်...Dallas တစ်ယောက် ဒီလိုထွက်သွားစဉ်မှာပဲ ထူးဆန်းတဲ့လူတစ်ယောက်နဲ့ဆုံတွေ့ခဲ့တယ်...အဲ့ဒီသူနဲ့ ဘာတွေဆက်ဖြစ်မလဲ...အပြင်လောကကြီးဟာ ဘယ်လောက်ထိခက်ခဲနေလဲ...လူတိုင်းဟာ ပြဿနာကိုယ်စီကို ဘယ်လိုရင်ဆိုင်ရလဲဆိုတာကိုဒီကားလေးက ကောင်းမွန်စွာပြသပေးသွားပါတယ်...ခံစားကြည့်ကြပါ...ဇာတ်လမ်းအညွှန်းနဲ့ဘာသာပြန်သူကတော့Shoon Thu Thu Chain ပဲဖြစ်ပါတယ်...File Size : (850 MB) and (310 MB) Quality : Web-Dl 720p Format…mp4 Duration…01:30:00 Genre : Action  Drama Subtitle : Myanmar Subtitle (Hard Sub) Translated by Shoon Thu Thu Chain Encoded by Phyo Pyae
movie

Walkaway Joe(2020)

Billionaire Boys Club (2018) 5.6
Billionaire Boys Club (2018) " The Wolf of Wall Street " နဲ့ "The Wizard of Lies " တို့ကို သတိရသွား​စေမယ့်​ ဇာတ်​ကားတစ်​ကားထွက်​ရှိလာခဲ့တယ်​ ။ အဲဒီဇာတ်​ကားရဲ့ နာမည်​က Billionaire Boys Club ပါ ။ ဒီဇာတ်​ကားဟာ 1980 ခုနှစ်​ အ​စောပိုင်းကာလက တကယ့်​ဖြစ်​ရပ်​မှန်​​ပေါ်ကို အ​ခြေခံထားပြီး 1987 မှာလည်း ဒီနာမည်​နဲ့ပဲ ဇာတ်​ကားထွက်​ရှိခဲ့ဖူးပါတယ်​ ။ပထမဇာတ်​ကားကို မကြည့်​ဘူး​တော့ ဒီရုပ်​ရှင်​ဟာ ပို​ကောင်းလာသလား ၊ ညံ့သွားသလား ၊ ဘာ​တွေကွဲပြားသွားသလဲ ဆိုတာကို​တော့ မသိပါဘူး ။ ဒီဇာတ်​ကားကိုကြည့်​ဖြစ်​တဲ့ အ​ကြောင်းရင်းက နာမည်​ကိုက ဆွဲ​ဆောင်​မှုရှိ​နေတာ​ကြောင့်​ပါ ။ ​နောက်​ပြီး ဒီဇာတ်​ကားမှာ ပါဝင်​အားဖြည့်​ထားတဲ့ သရုပ်​​ဆောင်​​တွေ​ကြောင့်​လည်း ကြည့်​ဖြစ်​သွားခဲ့ပါတယ်​ ။ဒီဇာတ်​ကားမှာ ပါဝင်​ထားတဲ့ သရုပ်​​ဆောင်​​တွေက​တော့ Ansel Elgort ...
movie


2018