Channel Myanmar

Susan Krebs

Tango & Cash (1989) 6.4
Tango & Cash (1989) Tango & Cash (1989)၁၉၈၀ ခုနှစ်တွေတုန်းက လျှမ်းလျှမ်းတောက်အောင်မြင်နေခဲ့တဲ့ Sylvester Stallone နဲ့ Kurt Russell တို့လို အက်ရှင်မင်းသားတွေကို ဇာတ်ဆောင်တင်ရိုက်ထားတဲ့ Action, Comedy ရုပ်ရှင်ကားကောင်းတစ်ခုပါ။ Stallone ကလည်း Rambo ၃ကား နဲ့ Rocky ၄ကားထွက်ပြီးတဲ့အချိန်၊ Kurt ကလည်း Escape from Newyork နဲ့ Big Trouble in Little China တို့လို အက်ရှင်ကားတွေရိုက်ကူးထားပြီးချိန်ပါ။ မင်းသား ၂ယောက်ရဲ့ ဩဇာရှိန်တက်နေဆဲအချိန်ပေါ့။လော့စ်အိန်ဂျလိစ်ရဲတပ်ဖွဲ့မှာ အတော်ဆုံးလို့ သတ်မှတ်ထားရတဲ့ စုံထောက် ၂ ယောက်ရှိပါတယ်။ အနောက်ဘက်က တန်ဂိုနဲ့ အရှေ့ဘက်က ကက်ရှ် တို့ပါ။ နေရာချင်းမတူသလို စရိုက်ချင်းကလည်းမတူပါဘူး။ တန်ဂိုဟာ သပ်သပ်ရပ်ရပ်ဝတ်စားပြီး လူကြီးလူကောင်းဂိုက်နဲ့ အမြဲနေပေမဲ့ ကက်ရှ်ကတော့ ပိုလွတ်လပ်တဲ့ လမ်းသရဲစတိုင်ရှိပါတယ်။ ဒီလိုအတော်ဆုံးရဲ ...
movie

Tango & Cash (1989)

1989
The Land Before Time VIII: The Big Freeze 5.9
The Land Before Time VIII: The Big Freeze THE LAND BEFORE TIME REVIEW Channel Myanmar ပရိတ်သတ်တွေအတွက် ဒီတစ်ခါ တင်ဆက်ပေးချင်တာကတော့ ၁၉၈၈ ခုနှစ်က စတင်ထွက်ရှိလာခဲ့တဲ့ The Land Before Time ဆိုတဲ့ ကာတွန်းဇာတ်လမ်းလေးတွေပဲဖြစ်ပါတယ်။ ဇာတ်လမ်းလေးအကြောင်းမပြောခင် သိစေချင်တာလေးတစ်ခုရှိပါ တယ်။ ဘာလဲဆိုတော့ ဒီဇာတ်လမ်းကို ဖန်တီးသူတွေအကြောင်းပါ …. Producer တွေကတော့ ဂျော့်ဂျ်လူးကပ်စ် နဲ့ စတီဗင်စပီးဘာ့ဂ် တို့ ဖြစ်ကြပြီး ဒါရိုက်တာကတော့ ဒွန်ဘလုသ် ပဲ ဖြစ်ပါတယ်။ သူတို့လို ရုပ်ရှင်အကျော်အမော်ကြီး ၃ ယောက်ဆုံထားတဲ့ ဒီလိုစီးရီးမျိုးဟာ Movie Industry မှာ ဒီတစ်ခုတည်းသာ ရှိတယ်လို့လည်း သိရပါတယ်။ ဇာတ်လမ်းလေးကတော့ ရိုးရှင်းပါတယ် ကမ္ဘာဦးအစက ဒိုင်နိုဆောလေးတွေနဲ့ သူတို့ရဲ့ ရှင်သန်ရပ်တည်မှု ဆင့်ကဲပြောင်းလဲမှုတွေ အကြောင်းကို ဇာတ်အိမ်တည်ပြီး လစ်တဲဖု စပိုက်ခ် ဆယ်ရာ နဲ့ ပီထရီဆိုတဲ့ ဒိုင်နိုဆော သူငယ်ချင်းလေးတစ်စုရဲ့ ချစ်ခြင်းမေတ္တာတွေကို ရိုက်ပြထားတာပါ။ ကာတွန်းကားဆိုပေမယ့် …… ကမ္ဘာဦးတုန်းက ...
movie

The Land Before Time VIII: The Big Freeze

2001
Million Dollar Baby (2004) 8.1
Million Dollar Baby (2004) Million Dollar Baby (2004) IMDb - 8.1/10______Rotten - 91% Won 4 Oscars. Another 64 wins & 84 nominations.  ဒီနေ့အတွက် 2004 ခုနှစ်က အောင်မြင်ခဲ့တဲ့ ဇာတ်ကားကောင်း တစ်ကားကိုတင်ပေးချင်ပါတယ်။ IMDb rating 8.1/10 အထိရရှိထားတဲ့ ဇာတ်ကားကောင်းတစ်ကားလည်းဖြစ်ပါတယ်။ Million Dollar Baby ဆိုတဲ့ရုပ်ရှင်ဟာ ရိုးစင်းပေမယ့် နက်ရှိုင်းတဲ့အမှန်တရားအပြည့်နဲ့ ဇာတ်လမ်းတစ်ခုပါ။ ဒီဇာတ်လမ်းမှာ အသက်ကြီးနေပြီးဖြစ်တဲ့ စကားကိုကန့်လန့်ပြောတတ်တဲ့ လက်ဝှေ့ထရိန်နာတစ်ယောက် ရယ်၊ သူ့ရဲ့သူငယ်ချင်း တစ်ချိန်က အောင်မြင်ခဲ့တဲ့လက်ဝှေ့သမားဟောင်းကြီးပေမယ့် မျက်လုံးတစ်ဖက် ကွယ်ပြီး အားကစားရုံမှာ အောက်ခြေသိမ်းလုပ်နေရတဲ့ သူရယ်၊ လက်ဝှေ့သမားတစ်ယောက်ဖြစ်ချင် စိတ်ပြင်းပြပြီး ဇွဲလုံ့လကြီးတဲ့ အမျိုးသမီးတစ်ဦးရယ်ကို အဓိကဇာတ်အိမ်တည်ထားတာပါ။ အနှစ်သာရပြည့်ဝတဲ့ နောက်ခံစကားပြောတွေကလည်း ဒီဇာတ်ကားရဲ့တစ်ခန်းနဲ့တစ်ခန်းအကူး အပြောင်းကို မပျင်းရအောင်ခေါ်ဆောင်ပေးသွားမှာပါ။ သာမန်လက်ဝှေ့ရုပ်ရှင်တော်တော် များများမှာကတော့ အောင်မြင်နေတဲ့လက်ဝှေ့သမားတစ်ယောက်ရဲ့ ဘဝတစ်ဆစ်ချိုုးမှာကြုံရတဲ့ဒုက္ခရယ်၊ ဒီဒုက္ခကို ဘယ်လိုကျော်ဖြတ်ပြီး ထိပ်ဆုံးကိုပြန်ရောက်သွားသလဲဆိုတာကိုပဲ Happy Ending လေးနဲ့သိမ်းထားပေးပြီး ကြည့်ရတဲ့သူစိတ်ပျော်အောင်ရိုက်ပြတတ်ကြပါတယ်။ ဒီရုပ်ရှင်မှာတော့ အသက် ၃၁ နှစ်မှ သေချာထရိန်နာနဲ့လေ့ကျင့်ခွင့်ရတဲ့၊ လက်ဝှေ့ထိုးတာသုံးနှစ်ရှိတာတောင် သဲအိတ်တစ်အိတ်မဝယ်နိုင်တဲ့ စားပွဲထိုးမလေးက သူ့ရဲ့အိပ်မက်တွေကို ဘယ်လိုဇွဲနပဲနဲ့ အောက်ခြေကနေအဆင့်ဆင့် အကောင်အထည် ဖော်သွားလည်းဆိုတာ တေ့ွရမှာပါ။ ဘဝဆိုတာ အနိမ့်အမြင့်အတက်အကျတွေနဲ့ဖွဲ့စည်းထားတဲ့အလျောက် သူ့ရဲ့အောင်မြင်မှုတွေနေဝင်ချိန်မှာထားတဲ့ သူ့ရဲ့စိတ်ဓာတ်နဲ့ ခံယူချက်တွေကလည်း တွေးစရာတွေပေးသွားမှာပါ။ သူရွေးချယ်လိုက်တဲ့လမ်းဟာ အရှုံးပေးထွက်ခွာခြင်းလား? အနိုင်ပိုင်းထွက်ခွာခြင်းလား? ဒီနှစ်ခုကြားက ...
movie

Million Dollar Baby (2004)

2004