Channel Myanmar

Sushant Divgikar

Thank You For Coming (2023) 5.8
Thank You For Coming (2023) Thank You For Coming (2023) "အလိုမကျတဲ့ အပျိုကြီးမမ" IMDb-5.8/10အရှေးကူးမားရဲ့ Toilet ၊ Pati Patni Aur Wohတို့နဲ့ နာမည်ကြီးလာတာတဲ့ လုံးကြီးပေါက်လှ အကိတ်မင်းသမီးလေး ဘူမီး ပဒ်နေကရ်ရဲ့ လူကြီးဟာသ ဇာတ်လမ်းတစ်ပုဒ်...။နတ်သမီးပုံပြင်လေးတွေကို သဘောကျတဲ့မိန်းကလေးတွေထဲမှာ ကာနီကာကထိပ်ဆုံးက။ ကာနီကာတစ်ယောက်ဟာ မိခင်ဆရာဝန်ရဲ့အိမ်မှာပဲဖွင့်ထားတဲ့ဆေးခန်းကိုအမှီပြုပြီး ကလေးအရွယ်ထက်ပိုသာလွန်တဲ့ အသိတွေသိနေတာပေါ့ သိတဲ့အသိတွေကို မျိုသိပ်မထားနိုင်ဘဲ ကျောင်းကပွဲမှာ လူသိရှင်ကြားထုတ်ပြောမိရာက ကျောင်းရဲ့အကြဉ်ခံလေး ကာနီကာဖြစ်လာတော့တယ် ဒီအသိတွေက ဆယ်ကျော်သက်စူးစမ်းတတ်ချိန်ရောက်တဲ့အခါမှာတော့ လက်တည့်စမ်းပါတော့တယ်နှလုံးသားအလိုဆန္ဒ အချစ်စစ်နဲ့ ညာဘက်လူလိုချင်တာက တစ်ဖက် ၊ ငယ်ငယ်တည်းကရလာတဲ့အသိတွေနဲ့ သွေးသားဆန္ဒတောင့်တမှုတွေတစ်ဖက်နဲ့ ၁၆ နှစ်မှာ ရည်းစားထား ၁၈ နှစ်မှာ အတွေ့အကြုံအသစ်ကို အရယူပါတော့တယ် ။နှလုံးသားရောသွေးသားဆန္ဒပါ မပြည့်ဝတဲ့ ကာနီကာတစ်ယောက် ညာဘက်လူကိုရှာမတွေ့ဘဲ ရည်းစားများရင်းသာ အသက် ၃၂ နှစ်ပြည့်မွေးနေ့ရောက်လာခဲ့တယ် လက်တွဲဖော်အသီးသီးနဲ့ပျော်နေတဲ့ သူငယ်ချင်းတွေကြား ခပ်မိုက်မိုက်အလှနဲ့ကာနီကာတစ်ယောက် ညာဘက်လူကိုရှာတွေ့သွားနိုင်မလားဆိုတာ.... ပွင့်လင်းမြင်သာလွန်းတဲ့ ဒိုင်ယာလော့ခ်တွေပါဝင်ကြောင်း ကြိုတင်အသိပေးအပ်ပါတယ်အညွှန်းနှင့်ဘာသာပြန်သူတွေကတော့ CM Bollywood Team မှ ...
movie

Thank You For Coming (2023)

2023
Tell It Like a Woman (2022)
Tell It Like a Woman (2022) Tell It Like A Woman (2022)Tell it Like A Woman က အမျိုးသမီးတွေအကြောင်း အမျိုးသမီးတွေကပြောပြထားတဲ့ဇာတ်လမ်းတိုခုနှစ်ခုပေါင်းစပ်ထားတဲ့ဇာတ်ကားပါ။ အမျိုးသမီးတွေပြောပြထားပေမယ့် အမျိုးသမီးတွေအတွက်ချည်းမဟုတ်ပဲ ခံစားနိုင်လည်နိုင်သူအားလုံးအတွက်ရည်ရွယ်တဲ့ ဇာတ်လမ်းဖြစ်ပါတယ်။ ကမ္ဘာအဝှမ်းက အမျိုးသမီးဒါရိုက်တာတွေပူးပေါင်းထားပြီး ဂျပန် အီတလီ အိန္ဒိယ အမေရိကန်တို့မှာရိုက်ကူးထားပါတယ်။ မင်းသမီးတွေကလဲဒီနိုင်ငံတွေကအစုံပါဝင်ပါတယ်။ အဓိကဖော်ပြချင်တာကတော့ နိုင်ငံအစုံက အလွှာအစုံကအမျိုးသမီးတွေရင်ဆိုင်ရတဲ့အခက်အခဲတွေ ဘဝအမောတွေ သဘာဝအရရင်ဆိုင်ရတဲ့ဒဏ်တွေ အမျိုးသမီးဖြစ်နေလို့ရင်ဆိုင်ရတဲ့ဒဏ်တွေ သူတို့ရဲ့ဒီအခက်အခဲတွေကိုကျော်လွှားပုံတွေကို ဇာတ်လမ်းရှည်ကြီးနဲ့ဇာတ်နာပြမနေပဲ ဇာတ်လမ်းတိုလေးတွေနဲ့ထိထိမိမိဖော်ကျူးထားပါတယ်။ဒီလိုဇာတ်လမ်းတိုညွှန့်ပေါင်းဇာတ်ကားတွေမှာ ဇာတ်လမ်းသွားတစ်ခုစီဖြစ်နေတဲ့ဇာတ်လမ်းတွေကို မရရအောင်ချိတ်ဆက်ပေးနိုင်တာက အသက်ပဲလို့ထင်ပါတယ်။ ဇာတ်လမ်းတိုတစ်ပုဒ်ကနေ နောက်တစ်ပုဒ်ပြောင်းသွားတာကို ပရိသတ်ကမသိလောက်အောင်လိုက်ပါစီးမြောသွားဖို့ကအခရာပါပဲ။ဒီ Tell It Like A Woman မှာတော့ ဇာတ်လမ်းတစ်ခုနဲ့တစ်ခုအကူးအပြောင်းတွေက ကြမ်းလွန်းတာ ရုတ်တရက်ဖြစ်လွန်းတာတွေရှိပေမယ့် ဇာတ်လမ်းတိုခုနှစ်ပုဒ်ထဲမှာ တစ်ချို့ဇာတ်လမ်းတွေက ထိမိလွန်းပြီး ပေးချင်တဲ့မက်ဆေ့ချ်ကလဲ ထင်းလွန်းပါတယ်။ ဖြစ်ရပ်မှန်ဇာတ်လမ်းတွေလဲပါဝင်ပါသေးတယ်။ ဘယ်ဇာတ်လမ်းကို ကိုယ်က ပိုသဘောကျတယ်နားလည်စာနာနိုင်တယ်ဆိုတာတော့ ပရိသတ်တစ်ဦးချင်းစီရဲ့အမြင် အတွေ့အကြုံတွေနဲ့သက်ဆိုင်မယ်လို့ထင်ပါတယ်။ Bonus အနေနဲ့ ဒီဇာတ်ကားထဲက ဘောလိဝုဒ်မင်းသမီး ဂျက်ကလင်းပါဝင်သရုပ်ဆောင်ထားတဲ့ နောက်ဆုံးဇာတ်လမ်းတိုမှာပါဝင်တဲ့ "Applause" သီချင်းဟာ အော်စကာမှာ "Best original Song" အဖြစ် ...
movie

Tell It Like a Woman (2022)

2022