Channel Myanmar

Sutee Sangsareechon

The Legend of Muay Thai: 9 Satra (2018) 7.3
The Legend of Muay Thai: 9 Satra (2018)  "မွေထိုင်းဒဏ္ဍာရီ:လက်နက်ကိုးပါး"မွေထိုင်းတိုက်ကွက်တွေ မြင်တွေ့ရဦးမယ့် ထိုင်းanimationကားကောင်းလေးတစ်ကားနဲ့မိတ်ဆက်ပေးပါဦးမယ်။ဇာတ်လမ်းအကျဥ်းကိုပြောပြရရင်ရာမသန်နာခွန်တိုင်းပြည်ကြီးကို ဒေဝယက္ခဦးဆောင်တဲ့ယက္ခမျိုးနွယ်က သိမ်းပိုက်လိုက်ပြီးနောက်မှာ ဇာတ်အိမ်တည်ထားပါတယ်။ဒေဝယက္ခဟာ တန်ခိုးခွန်အားအလွန်အင်မတန်ကြီးတဲ့အတွက်သာမန်လူသားတွေအနေနဲ့ မလွန်ဆန်နိုင်တာမလို့ရာမသန်နာခွန်တပ်တော်ဟာ စစ်ရှုံးခဲ့ရပြီးပြည်သူပြည်သားများလည်း ဒုက္ခအတိရောက်ခဲ့ရပါတယ်။ဒီအခြေအနေမျိုးမှာ ‌ဒေဝယက္ခကိုတော်လှန်နိုင်မယ့်ဟောကိန်းတစ်ခုလည်းမွေးဖွားလာခဲ့ပါတယ်။ဒါကတော့ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးဖွားမယ့်ကလေးဟာ...မွေထိုင်းပညာနဲ့ လက်နက်တော်ကိုးပါးကိုအသုံးပြုပြီးဒေဝယက္ခကိုကျရှုံးအောင် တော်လှန်မယ်ဆိုတာပါပဲ။ဒီဟောကိန်းအမှန်တကယ်မဖြစ်လာဖို့အတွက် ဒေဝယက္ခဟာမွေထိုင်းကျောင်းတော်တိုင်းကိုဖျက်ဆီးပြီး၊ နက္ခတ်ကောင်းတို့စုစည်းချိန်မှာ မွေးတဲ့ကလေးတိုင်းကို ‌ဖမ်းဆီးကာထောင်သွင်းအကျဥ်းချထားပါတယ်။ပြီးတော့ မှော်ဝင်လက်နက်တော်ကိုလည်းရှာဖွေကာဖျက်ဆီးဖို့ကြံပါတော့တယ်...။သို့ပေမဲ့ ရာမသန်နာခွန်ပြည့်ရဲ့ တော်ဝင်စစ်သူကြီးပန်ဟာမှော်ဝင်လက်နက်တော်နဲ့ ကလေးငယ်တစ်ယောက်ကို ခေါ်ဆောင်ကာအဝေးတစ်နေရာကို တိမ်းရှောင်သွားခဲ့ပါတယ်။ဒါကတော့ ဒဏ္ဍာရီလေးရဲ့ နိဒါန်းပဲဖြစ်ပါတယ်ဒီလိုနဲ့နှစ်ပေါင်းများစွာအကြာမှာ ဒေဝယက္ခကို စိန်ခေါ်မယ့်မွေထိုင်းပညာရှင်လေးက ဘယ်သူများဖြစ်မလဲ..လက်နက်တော်ကိုးပါးကိုအသုံးချပြီး ဘယ်လိုအနိုင်ယူတော်လှန်သွားမလဲဆိုတာတော့ ဇာတ်လမ်းလေးထဲမှာကြည့်ရှုနိုင်ပါပြီ။ File size…2.04GB / 1.03GB Quality…WEB-Rip 1080p  / 720p Format…mp4 Duration….1h 42m Genre ….. Animation , Action , Adventure Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Themes
movie

The Legend of Muay Thai: 9 Satra (2018)