Channel Myanmar

Suzanne De Baecque

Angry Annie (2022) 6.8
Angry Annie (2022) Angry Annie (2022) =============== IMDb Rating - 6.8/10ဒီဇာတ်လမ်းကတော့ ပြင်သစ်နိုင်ငံရဲ့ 1970s ဝန်းကျင်လောက်က အမျိုးသမီးကိုယ်ဝန်ဖျက်ချနိုင်ခွင့် လှုပ်ရှားမှုအကြောင်းကို ရိုက် ကူးထားတာပါ။ ကိုယ်ဝန်ဖျက်ချတာကို တရားမဝင်လုပ်ထားတဲ့ ကာလမှာ အမျိုးသမီးတွေပူးပေါင်းပြီး လျှို့ဝှက်အဖွဲ့တွေဖွဲ့ရင်း ကိုယ်ဝန်ဖျက်ချဖို့ အကူအညီလိုနေတဲ့အမျိုးသမီးတွေကို စေတနာ ဝန်ထမ်းကူညီပေးကြတဲ့အကြောင်းပါ။ဒီဇာတ်လမ်းမှာ ကိုယ်ဝန်ယူပိုင်ခွင့်၊ ကိုယ်ဝန်ဖျက်ချနိုင်ခွင့်တွေနဲ့ပတ် သက်ပြီး အမျိုးသမီးတွေက ခင်ပွန်းသည်ရဲ့ဆုံးဖြတ်ချက်ကြောင့်မ ဟုတ်ဘဲ မိမိဆန္ဒနဲ့ဆုံးဖြတ်ပိုင်ခွင့်အတွက် တိုက်ပွဲဝင်ကြိုးပမ်းတာတွေနဲ့ အမျိုးသမီးတွေရဲ့စည်းလုံးမှုကို တွေ့ရမှာဖြစ်ပါတယ်။ဇာတ်လမ်းအကျဥ်းကတော့ စက်ရုံမှာအလုပ်လုပ်နေတဲ့ ကလေးနှစ် ယောက်မိခင် Annie က သူ့မှာကိုယ်ဝန်ရလာတာကိုသိသွားတယ်။ Annie က နောက်ထပ်ကလေးမလိုချင်တာကြောင့် ကိုယ်ဝန်ဖျက်ပေးတဲ့ တရားမဝင် အဖွဲ့တစ်ဖွဲ့နဲ့တွေ့ဆုံပြီး ကိုယ်ဝန်ဖျက်ချခဲ့တယ်။ နောက်ပိုင်းမှာတော့ Annie တစ်ယောက် အဲဒီအဖွဲ့အစည်းနဲ့ချိတ်ဆက်ပြီး ဘယ်လိုခံစားချက်တွေရလာ မလဲ၊ အဲဒီအဖွဲ့အစည်းနဲ့ ပါဝင်ပတ်သက်မိတာက သူ့ဘဝကိုဘယ်လိုပြောင်း လဲသွားစေမလဲဆိုတာတွေကိုတော့ ဒီဇာတ်လမ်းထဲမှာ ဆက်လက်ကြည့်ရှုရ မှာဖြစ်ပါတယ်။(ဒီဇာတ်လမ်းရဲ့အညွှန်းနဲ့ ဘာသာပြန်ရေးသားပေးသူကတော့ Thwal Htoo Zin ဖြစ်ပါတယ်)File Size..........(2.31 GB) / (937 MB) Quality............BLU-RAY 1080p / 720p Duration.........1Hr 59Min Subtitle...........Myanmar Hardsub Format............MP4 Genre..............Comedy, Drama Translator.......Thwal Htoo Zin Encoder..........SWM
movie

Angry Annie (2022)

2022
The Crime Is Mine (2023) 6.6
The Crime Is Mine (2023) The Crime is Mine (2023)၂၀၂၃ မှာ ထွက်ရှိလာတဲ့ Drama/ Comedy အမျိုးအစား ပြင်သစ်ရုပ်ရှင်ကားကောင်းလေး တင်ဆက်ပေးချင်ပါတယ်။ IMDb rating 6.6 နဲ့ Rotten Tomatoes 100% ရရှိထားတာပါ။ တကယ်လည်း ရယ်ရသလို၊ တော်တော်လည်း ကြည့်လို့ကောင်းတဲ့ ရုပ်ရှင်လေးမို့လို့ အချိန်ပေးရကျိုးနပ်မှာပါ။ဇာတ်လမ်းအကျဉ်းကတော့ ပေါ်လင်းနဲ့ မက်ဒလိန်းတို့ဟာ ဘဝကို ရုန်းကန်နေရတဲ့ သူငယ်ချင်း နှစ်ယောက်ပါ။ တိုက်ခန်းကျဉ်းကျဉ်းလေး ငှားနေရင် ငှားခလည်းမပေးနိုင်၊ အကြွေးတွေလည်း တင်နေတာမို့ အကြွေးရှင်တွေကလည်း ပတ်ပတ်လည်ဝိုင်းနေပါတယ်။ မက်ဒလိန်းကတော့ နာမည်မကြီးတဲ့ သရုပ်ဆောင် မင်းသမီးတစ်ယောက်ပါ၊ ပေါ်လင်းကတော့ ရှေ့နေမလေးပါ။ မက်ဒလိန်းကို နာမည်ကြီး ထုတ်လုပ်သူ တစ်ယောက်ဖြစ်တဲ့ မွန်ဖဲအ်ဟုန်က ပြဇာတ်မှာ ဇာတ်ကောင်တစ်နေရာ ပေးမယ်ဆိုပြီး သူ့အိမ်ကိုခေါ်ကာ မတော်တရားလုပ်ဖို့ ကြံပါတာမို့ မက်ဒလိန်းလည်း ထွက်ပြေးခဲ့ရပါတယ်။ နောက်တစ်နေ့မှာ မက်ဒလိန်း ထွက်ပြေးပြီးမကြာခင် မွန်ဖဲအ်ဟုန် အသတ်ခံလိုက်ရကြောင်း သူတို့ သိသွားခဲ့ပါတယ်။ နာမည်ကြီးအောင်လို့ သူငယ်ချင်း ၂ ယောက်ပေါင်းပြီး ...
movie

The Crime Is Mine (2023)

2023
Jeanne du Barry (2023) 6.8
Jeanne du Barry (2023)  ဂျန်ဘူဘာယာနေး ဆိုတဲ့ကလေးတစ်ယောက်ဟာ ဘုန်းတော်ကြီးနဲ့စာဖိုဆောင်ကအမျိုးသမီးတို့က တရားမဝင်မွေးဖွားလာတဲ့အတွက်လောကကြီးမှာလူမသိသူမသိသိုသိုသိပသိပ်နေတာခဲ့ရတယ်။ မစ္စတာဒူမူဆိုဆိုတဲ့လူချမ်းသာတစ်ယောက်က ဂျန်ကိုချစ်မြတ်နိုးလို့ စောင့်ရှောက်ပေးထားတယ်။ဂျန်အရွယ်ရောက်လာတော့ စော်ကားပြုမှုခံရတာတွေလွှတ်ကင်းဖို့အတွက်သားအမိနှစ်ယောက်သာ ပဲရစ်မြို့ကြီးထွက်ခွာလာခဲ့တယ်။ ကာလအတန်ကြာနေထိုင်ပြီးနောက်မှာ ဂျန်ဟာ လွတ်လပ်စွာနေထိုင်ရပြီး နေထိုင်စားသောက်နိုင်မယ့်ဘဝ ဖြစ်တဲ့ ပြည့်တန်ဆာအလုပ်ကိုရွေးချယ်လုပ်ကိုင်ခဲ့တယ်။ ဂျန်ရဲ့အလှတရားတွေကြောင့် မှူးမတ်တွေ အရာရှိလူချမ်းသာတွေကြားမှာနာမည်ကြီးလာတယ်။ အမတ်ကြီး ရီရှယ်လူရူ နဲ့ မြို့စား ဘာရီတို့ဟာ ဂျန်ကိုသူတို့ကိုယ်ကျိုးအတွက် အသုံးချဖို့ကြံစည်နေက့တယ်။ ဂျန်ကို ဘုရင်ကြီးနဲ့ပေးတွေ့ပြီး နန်တော်မှာ နေရာတစ်နေရာရအောင်ဖန်တီးပါတော့တယ်။ဘုရင်ကြီးဟာ ဂျန်ကိုမြင်မြင်ချင်းသဘောကျသွားပါတော့တယ်။လမ်းဘေးဘဝ‌ကနေ ချက်ခြင်းနန်းတော်ကိုရောက်သွားတဲ့အခါ သူ့အတွက်အခက်အခဲပေါင်းစုံကြုံလာပါတော့တယ်။ ဘုရင်ကြီးရဲ့အနှစ်သက်ဆုံးဂျန်ကိုတော်ဝင်မိသားစုက အမြင်မကြည့်တဲ့အခါမှာတော့.......  File size…2.23GB / 869MB Quality…WEB-DL 1080p 5.1 CH/ 720p Format…mp4 Duration….1h 53m Genre ….. Biography , Drama , History Subtitle….Myanmar Subtitle (Hard Sub) Encoder….Min Wai Translated by Tin Myo Lwin
movie

Jeanne du Barry (2023)

Lover for a Day (2017) 6.7
Lover for a Day (2017) Lover for a Day (2017)~ IMDb - 6.7/10, Rotten Tomatoes - 82% ~ပြင်သစ်ဆန်ဆန် အချစ်အကြောင်းလေးတစ်ပုဒ်။ ဓားရာကိုယ်စီနဲ့ ချစ်ဝေဒနာသည်တွေအတွက် အိုအေစစ်တစ်ခု။အဖြူအမည်း၊ ဝတ်လစ်စလစ်အခန်းတွေ၊ စီးကရက်သောက်နေတဲ့လူတွေ၊ ရုတ်တရက်ထပြီး ဒဿနဆန်ပစ်တဲ့ ဒိုင်ယာလော့ခ်တွေနဲ့ နောက်ခံစကားပြော။ ဒါက ပြင်သစ်ရုပ်ရှင်စစ်စစ်ပါပဲ။ ပြင်သစ်အထာဆိုတာ ဒါ လို့ ကိုယ့်မျက်နှာရှေ့ ကပ်မပြောရုံတမယ်ပါ။ပြင်သစ်ဒါရိုက်တာ Philippe Garrel ဟာ မှတ်ကျောက်တစ်ခုအနေနဲ့ Garrel's Trilogy of Love ဆိုပြီး အချစ်အကြောင်း အဖြူအမည်း ရုပ်ရှင်သုံးခု ရိုက်ထားပါတယ်။ ဒါကတော့ အဲဒီ ၃ ကားထဲက နောက်ဆုံးတစ်ခုပေါ့။အချစ်ဆိုတာ ဘာလဲ။ ဒီမေးခွန်းကို ခေတ်အဆက်ဆက်မေးခဲ့ကြတယ်။ ခေတ်အဆက်ဆက်အဖြေထုတ်(ဖို့ကြိုးစား)ခဲ့ကြတယ်။ အချစ်ဟာ အချစ်ပါပဲ။ အချစ်ကို ဘာနဲ့ဖွဲ့စည်းထားတာပါလို့ ဓာတုဗေဒမဆန်ကြရအောင်လေ။အချစ်ဆိုတာ ရေလို့ပဲသတ်မှတ်တာပေါ့။ ပုံသဏ္ဍာန်အတည်တကျမရှိ။ မရှိတဲ့နည်းတူ ...
movie

Lover for a Day (2017)

2017