Channel Myanmar

Suzanne Krull

How the Grinch Stole Christmas (2000) 6.2
How the Grinch Stole Christmas (2000) How the Grinch Stole Christmas (2000) ငယ်ငယ်ကတော့ ခရစ္စမတ်နားနီးတဲ့ အပတ်မှာ ပုတက်တို့ Kidzone တို့လို ကာတွန်းစာစောင်တွေမှာ ခရစ္စမတ်ဇာတ်လမ်းလေးတွေ ထည့်တာကို ဖတ်ရင်း၊ Casper, Mickey Mouse, Winnie the Pooh တို့ရဲ့ ခရစ္စမတ်ကာလကားလေးတွေ၊ A Christmas Carol တို့ Home Alone တို့ Grinch တို့လို ခရစ္စမတ်ကားလေးတွေကြည့်ရင်း ဖြတ်သန်းဖူးခဲ့ကြတယ်မို့လား။ ခရစ္စမတ်ဟာ ကျွန်တော်တို့နဲ့ မဆိုင်ပေမဲ့ မစိမ်းလှပါဘူး။ဒီဇာတ်လမ်းကတော့ ငယ်ဘ၀ကခရစ္စမတ်ကိုရော ငယ်ဘ၀ကိုရော Nostalgia ဖြစ်စေမယ့် ဇာတ်လမ်းပါ။၂၀၀၀ခုနှစ်မှာထွက်ခဲ့တာဆိုတော့ ကျွန်တော်တို့ငယ်ငယ်က ခရစ္စမတ်ကားတွေရဲ့ အရသာအတိုင်းပါပဲ။ ခရစ္စမတ်ကားလေးပေမဲ့ မင်းသားက ဂျင်ကာရေး ဖြစ်တဲ့အပြင် ဆာအန်သိုနီဟော့ကင်းကလည်း Narrator အဖြစ် နောက်ခံစကား‌ပြောပေးထားတယ်။ ဒါရိုက်တာကတော့ ၂၀၀၂မှာ A Beautiful Mind ရုပ်ရှင်နဲ့ ...
movie

How the Grinch Stole Christmas (2000)

2000
Race to Witch Mountain (2009) 5.7
Race to Witch Mountain (2009) Race To Witch Mountain (2009)ကိုယ်နေထိုင်ရာဂြိုလ်ကြီးက ပျက်ဆီးသေဆုံးတော့မယ်ဆိုတော့ စကြာဝဠာကို ခြေဆန့်ခရီးထွက်ပြီး အိမ်အသစ်ရှာကြမယ့် ဂြိုလ်သားများ ကမ္ဘာမြေပေါ်ကို တည့်တည့်ကြီး ရောက်လာပါတော့တယ်တစ်ချို့က ကမ္ဘာပေါ်က ဇီဝရုပ်တွေကိုလေ့လာပြီး မိမိတို့ဂြိုလ်ကို ပြန်အသက်သွင်းဖို့ ကြံစည်ကြတဲ့ သိပ္ပံပညာရှင်ဂြိုလ်သားတွေရှိသလို လက်နက်အားကိုး ကမ္ဘာကိုသိမ်းပြီး ကျူးကျော်နေထိုင်မယ့် စစ်သားဂြိုလ်သားတွေလည်းရှိတာပေါ့။အဲဒီကြားထဲကမှာ မိမိတို့ဂြိုလ်ကိုပဲ ကယ်တင်ချင်တဲ့ ဂြိုလ်သား ကလေးအရွယ် နှစ်ယောက်ဟာ ကမ္ဘာပေါ်က သူတို့မိဘတွေ လုပ်လက်စ စမ်းသပ်မှုတွေကို လာယူမှာပါ။ အဲဒီစမ်းသပ်မှုက သူတို့ဂြိုလ်ကို ပြန်လည်ကောင်းမွန်အောင်လုပ်နိုင်တာကို ခေါင်းဆောင်တွေကို ပြန်ပြလို့ ကမ္ဘာမြေကို ဒုက္ခမပေးမယ့်လမ်းကို ရွေးချင်သူတွေပါ။သူတို့ရဲ့ ကမ္ဘာမြေခရီးမှာ ရာဇဝတ်မှုတွေနဲ့ ကြီးပြင်းလာပြီးမှ ရိုးရိုးသားသား အငှားယာဉ်မောင်းစားနေတဲ့ ကျွန်တော့်အကြိုက်ဆုံးမင်းသား Dwayne Johnson ရယ်၊ နက္ခတ္တရူပဗေဒပညာရှင် ဒေါက်တာမမရယ်တို့နဲ့ ပေါင်းမိပြီး ဘာတွေဖြစ်လို့ ဘာတွေဖြစ်ကြမယ်ဆိုတာ ကြည့်ရှုရပါမယ်။Fantasy ကားတွေရိုက်တဲ့နေရာမှာ နာမည်ကြီးတဲ့ Walt Disney ...
movie

Race to Witch Mountain (2009)

2009
Mousehunt (1997) 6.4
Mousehunt (1997) ဒီဇာတ်ကားကတော့ အမှန်အကန်ကိုရယ်ရမယ့် နာမည်ကြီးကြွက်ဇာတ်ကားပါ… ကြာခဲ့ပြီဆိုသော်ငြား ဘယ်အချိန်ပြန်ကြည့်ကြည့် ရယ်နေရတုန်းပါပဲ… ဟာသဇာတ်ကားဆိုပေမယ့် ဇာတ်လမ်းကလဲအနှစ်သာရပြည့်ဝပါတယ်… ချစ်ခြင်းမေတ္တာနဲ့ လူသားဆန်ဆန် အတ္တတွေအကြောင်းကို ကြွက်တစ်ကောင်နဲ့ ပုံဖော်ထားပါတယ်… အကြိုက်ဆုံးအခန်းကတော့ ဗီလိန်မင်းသားကြီး Christopher Walken ကြွက်လိုက်ဖမ်းတဲ့ ဇာတ်ဝင်ခန်းပါပဲ… တင်ဆက်ပုံကောင်းသလို တကယ့်ကြွက်အစစ်နဲ့ ရိုက်ကူးထားတာမို့ အခုခေတ်ဇာတ်ကားတွေလို Camera Effect တွေနည်းနည်းနဲ့ သဘာဝဆန်ဆန်ကြည့်ရှုရမှာပါ… မိသားစုနဲ့ကြည့်သင့်တဲ့ဇာတ်ကားပါ… ကလေးလေးတွေအတွက်တော့ Tom and Jerry ကိုအရှင်လတ်လတ်တွေ့ရသလိုခံစားရမှာပါ… (ဒီဇာတ်ကားရဲ့ မြန်မာစာတန်းထိုးကို ကျွန်တော်ဂျီကျလို့ ကသာသားလေး (Kyaw Ye Aung) ကရေးသားပေးခဲ့ပါတယ်) ----------------------------------------------------------------      ဒီဇာတ္ကားကေတာ့ အမွန္အကန္ကိုရယ္ရမယ့္ နာမည္ၾကီးၾကြက္ဇာတ္ကားပါ… ၾကာခဲ့ၿပီဆိုေသာ္ျငား ဘယ္အခ်ိန္ျပန္ၾကည့္ၾကည့္ ရယ္ေနရတုန္းပါပဲ… ဟာသဇာတ္ကားဆိုေပမယ့္ ဇာတ္လမ္းကလဲအႏွစ္သာရျပည့္ဝပါတယ္… ခ်စ္ျခင္းေမတၱာနဲ႕ လူသားဆန္ဆန္ အတၱေတြအေၾကာင္းကို ၾကြက္တစ္ေကာင္နဲ႕ ပံုေဖာ္ထားပါတယ္… အၾကိဳက္ဆံုးအခန္းကေတာ့ ဗီလိန္မင္းသားၾကီး Christopher Walken ၾကြက္လိုက္ဖမ္းတဲ့ ဇာတ္ဝင္ခန္းပါပဲ… တင္ဆက္ပံုေကာင္းသလို တကယ့္ၾကြက္အစစ္နဲ႕ ရိုက္ကူးထားတာမို႕ အခုေခတ္ဇာတ္ကားေတြလို Camera Effect ေတြနည္းနည္းနဲ႕ သဘာဝဆန္ဆန္ၾကည့္ရႈရမွာပါ… မိသားစုနဲ႕ၾကည့္သင့္တဲ့ဇာတ္ကားပါ… ကေလးေလးေတြအတြက္ေတာ့ Tom and Jerry ကိုအရွင္လတ္လတ္ေတြ႕ရသလိုခံစားရမွာပါ… (ဒီဇာတ္ကားရဲ႕ ျမန္မာစာတန္းထိုးကို ကြ်န္ေတာ္ဂ်ီက်လို႕ ကသာသားေလး (Kyaw Ye Aung) ကေရးသားေပးခဲ့ပါတယ္)
movie

Mousehunt (1997)

1997