Menu
CM App
Movies
Series
How To Download
Contact Us
Search
CM App
Movies
Series
How To Download
Contact Us
Search
Years
CM App
Movies
Series
How To Download
Contact Us
Suzi Bass
My Cousin Vinny (1992)
နယူးယောက်မြို့တော်ကကောလိပ်ကျောင်းသားတွေဖြစ်တဲ့ ဘီလ်နဲ့စတန်တို့သူငယ်ချင်းနှစ်ယောက်ဟာ အယ်လာဘားမားကိုဖြတ်မောင်းလာရင်း ကုန်စုံဆိုင်တစ်ခုမှာဈေးဝင်ဝယ်ဖြစ်ပါတယ်။ သူတို့ထွက်သွားပြီးတဲ့နောက်မှာ စတိုးဆိုင်စာရေးလုယက်သတ်ဖြတ်ခံရပေမယ့်သူတု့ိမသိခဲ့ကြပါဘူး။တစ်ခုရှိတာက ဘီလ်ဟာ တူနားငါးသေတ္တာတစ်ဘူးကိုအလစ်သုတ်လာမိပါတယ်။နောက်ကရဲတွေလိုက်လာတဲ့အချိန်မှာရောသူတို့ကိုဖမ်းပြီး ရဲစခန်းမှာစစ်မေးနေတဲ့အချိန်မှာကော တူနားငါးသေတ္တာတစ်ဘူးအလစ်သုတ်မှုကြောင့်လို့ထင်ခဲ့ပေမယ့် တကယ်တမ်းမှာ သူတို့ကို စတိုးဆိုင်စာရေးသတ်မှုနဲ့ကြံရာပါအဖြစ် စွပ်စွဲဖမ်းဆီးထားတာပါ။သူတို့က ဝန်ခံမိရက်သားဖြစ်နေတဲ့အပြင် အထောက်အထားတွေအရလည်းသူတို့ကိုပဲညွှန်ကြနေတဲ့အတွက် အယ်လာဘားမားရဲ့ အလွန်တင်းကျပ်ပြီးကြမ်းတမ်းတဲ့ဥပဒေအရပြစ်မှုထင်ရှားရင် သေဒဏ်နဲ့မလွဲမသွေကြုံရတော့မယ့်အခြေအနေမှာ သူတို့အတွက်ကယ်တင်ရှင်ပေါ်လာပါတော့တယ်။ အဲ့ဒီလူကတော့ဘီလ်ရဲ့ကာဆင်တစ်ယောက်ဖြစ်တဲ့ ဗင်နီဆိုတဲ့ရှေ့နေပါပဲ။ရှေ့နေကျောင်းကိုခြောက်နှစ်တက်ခဲ့တဲ့၊ ဘယ်လိုတရားခွင်အတွေ့အကြုံမျိုးမှမရှိတဲ့၊အယ်လာဘားမားအကြောင်း သူတို့အမှုအကြောင်းကို ဘာတစ်ခုမှမသိပဲ ဒိအမှုကနေ သူတို့ကို ဘယ်လိုကယ်တင်မလဲဆိုတာက စိတ်ဝင်စားစရာအကောင်းဆုံးအချက်ဖြစ်နေလို့ဇာတ်လမ်းထဲမှာဆက်လက်ရှုစားကြပါ။ ဟာသကားဖြစ်နေပေမယ့် ပေါတဲ့ဘက်ကိုမသွားပဲ သဘာဝကျကျဟာသတွေ၊ခိုင်မာတဲ့ဇာတ်လမ်း၊ဇာတ်အိမ်တွေနဲ့တည်ဆောက်ထားတဲ့ Underrated ဟာသဇာတ်ကားကောင်းတစ်ကားဖြစ်ပါတယ်။ အကောင်းဆုံးအချက်ကတော့ ဗင်နီရဲ့ဇနီးလောင်းအဖြစ်သရုပ်ဆောင်ထားတဲ့ Marisa Tomei (tom holland spidey's aunty may) ပါပဲ။နုရွလှပနေတဲ့ အန်တီမေငယ်ငယ်လေးကို တမူထူးခြားတဲ့ဇာတ်ရုပ်နဲ့တွေ့မြင်ရမှာဖြစ်ပါတယ်။ File size…(2 GB)/(1 GB)/(610 Mb) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….02:01:00 Genre...Comedy Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Alias
movie
My Cousin Vinny (1992)
6.2
Sweet Home Alabama (2002)
မယ်လနီဟာ နယူးယော့ခ်ဆိုတဲ့ မြို့ကြီးပြကြီးမှာ အောင်မြင်တဲ့ ဖက်ရှင်ဒီဇိုင်နာ တစ်ယောက်အဖြစ် အသက်မွေး၀မ်းကျောင်းပြုနေတဲ့ မိန်းမချောလေးတစ်ဦးပါ အန်ဒရူးဆိုတဲ့ ချစ်ရတဲ့ကောင်လေး တစ်ဦးလည်းရှိသတဲ့ အန်ဒရူးဟာလည်း မြို့တော်၀န်ရဲ့သားဖြစ်သလို အတွင်း၀န်တစ်ယောက် အန်ဒရူးက မယ်လနီကို လက်ထပ်ခွင့်တောင်းတဲ့အခါမှာတော့ မယ်လနီတစ်ယောက်ရဲ့ဘ၀ဟာ ရှေ့ဆက် ပန်းခင်းတဲ့လမ်းချည်း ဖြစ်တော့မှာပါဒါပေမယ့် ပန်းခင်းလမ်းကိုရှေ့ဆက်ဖို့ဆိုရင်တော့ မယ်လနီဟာ သူမရဲ့အတိတ်ကနေ အရင်လွတ်မြောက်အောင် ထွက်ပြေးရမှာဖြစ်ပြီး သူမအလွတ်မြောက်ချင်ဆုံးအရာကတော့ အထက်တန်းကျောင်းပြီးတော့ သူနဲ့လက်ထပ်ခဲ့တဲ့ ဂျိတ်ဆိုတဲ့ ကောင်လေး ဖြစ်ပါတယ် ဒီတော့ မယ်လနီတစ်ယောက် အတိတ်ကို အပြီးသတ်ဖို့ရာ သူမရဲ့ ဇာတိမြို့လေးကို ပြန်လာရင်း ရှုပ်ထွေးမှုတွေကြား သောကရောက်ရပါတော့တယ် ခင်ပွန်းလောင်းအသစ်နဲ့ ခင်ပွန်းဟောင်းကြား ဗျာများရမယ့် မယ်လနီတစ်ယောက်အကြောင်းကို drama comedy အဖြစ် ပုံဖော်ရိုက်ကူးထားတဲ့ ဇာတ်လမ်းလေးဖြစ်ပါတယ် File size…(1.77GB)/(1.24GB) / (581MB) Quality….Webrip 1080p / 720p / 480p Format…mp4 Duration….01:48:00 Genre...Comedy / Romance Subtitle….Myanmar ...
movie
Sweet Home Alabama (2002)