Channel Myanmar

Sven de Ridder

Het Geheugenspel (2023) 6.2
Het Geheugenspel (2023)  IMDb 6.2 ရရှိထားတဲ့ ဒတ်ခ်ျစကားပြောဇာတ်ကားဖြစ်ပြီး plot twist တွေအပြည့်နဲ့ Thriller ကားတစ်ကားဖြစ်ပါတယ် ဇာတ်လမ်းအကျဉ်း..... ဒါရီဒါမိသားစုဟာ ဂုဏ်သရေရှိမိသားစုတစ်စုဖြစ်ပြီး အခုချိန်ထိအေးအေးချမ်းချမ်းပဲနေထိုင်လာခဲ့ကြပေမဲ့ တစ်နေ့မှာတော့ သူတို့မိသားစုပိုင်ခြံဝင်းထဲမှာ မြေတူးရင်း အလောင်းတစ်လောင်းကိုတွေ့လိုက်ရပါတော့တယ် အဲဒီအလောင်းကလွန်ခဲ့တဲ့ 25 နှစ်ကထဲကပျောက်သွားတဲ့ သမီးဖြစ်သူ နာတာလီဖြစ်နေပြီး တရားခံကဘယ်သူလဲဆိုတာ မေးစရာတွေဖြစ်လာပါတော့တယ် အီဗာကတော့ နာတာလီနဲ့အရမ်းရင်းနှီးတဲ့သူငယ်ချင်းဖြစ်ပြီး အမြဲတမ်းတတွဲတွဲရှိနေခဲ့တဲ့သူဆိုလည်းမမှားပါဘူး ဒါပေမဲ့အီဗာက နာတာလီပျောက်သွားတဲ့နေ့ကအကြောင်းအရာတွေကို မှတ်မိသလို မမှတ်မိသလိုလိုနဲ့ ဝေဝါးဝါးဖြစ်နေခဲ့တာပါ အီဗာတစ်ယောက် အိပ်မွေ့ချကုထုံးကို ခံယူဖို့ဆုံးဖြတ်လိုက်ပြီးတဲ့နောက် သူ့ရဲ့မှတ်ဉာဏ်တွေတစ်စတစ်စပြန်ပေါ်လာပြီး အံ့ဩစရာတွေပါသိလိုက်ရပါတော့တယ် အိပ်မွေ့ချကုထုံးခံရင်း မေ့ဖျောက်ထားခဲ့တဲ့မှတ်ဉာဏ်တွေနဲ့ လူသတ်တရားခံအစစ်ကို ဘယ်လိုရှာဖွေဖော်ထုတ်သွားမလဲဆိုတာ ကြည့်ရှုရမှာပါFile size…(1.6 GB)/(902 MB)Quality….Webrip 1080p / 720p Format…mp4 Duration….01:47:00 Genre...Thriller Subtitle….Myanmar Subtitle (Hardsub) Encoder….Mr. Anderson Translated by Khunn 
movie

Het Geheugenspel (2023)

Torpedo: U-235 2019 6
Torpedo: U-235 2019 ကျွန်တော်ကြည့်ဖူးသမျှ ဒုတိယကမ္ဘာစစ်ရေငုပ်သင်္ဘောဇာတ်ကားထဲမှာ ဒီကားကတော့အကောင်းဆုံးပဲဗျ။ သမိုင်းအပေါ်အတော်အသင့် အခြေခံထားပြီး-ဗဟုသုတအများကြီးလည်းပေးပါတယ်။ပီပီသသနဲ့ကြည့်လို့ကောင်းပြီး အချိန်ပေးကြည့်ရတာလုံး၀တန်ပါတယ်။ ဇာတ်လမ်းက‌တော့ ဒုတိကမ္ဘာစစ်တုန်းက ဘယ်လ်ဂျီယံနိုင်ငံက အမေရိကန်တွေ Nuclearဗုံးလုပ်ဖို့အတွက်လိုအပ်တဲ့ယူရေနီယမ်သတ္တုရိုင်းတွေကို ရေငုပ်သင်္ဘောနဲ့ပင်လယ်ကိုဖြတ်ပြီး တိတ်တဆိတ်ပို့ပေးရမယ့်အကြောင်းပါ။ ဒါပေမယ့်ဖြစ်ချင်တော့ နာဇီထောက်လှမ်းရေးများကအဲ့အကြောင်းကိုသိသွားပြီး...သွားပို့မယ့်ရေငုပ်သင်္ဘောကို အမေရိကန်နိုင်ငံကိုမရောက်အောင် မရရတဲ့နည်းနဲ့လိုက်တားပါတော့တယ်။ အောင်မြင်ဖို့လုံး၀မဖြစ်နိုင်တဲ့ ဒီစစ်ဆင်ရေးကြီးကို ရေငုပ်သင်္ဘောအမှုထမ်းတွေ ဘယ်လိုညဏ်ပါပါနဲ့-သတ္တိရှိရှိနဲ့ ဖြေရှင်းမလဲဆိုတာတော့ ဇာတ်ကားထဲမှာပဲကြည့်လိုက်ပါဗျ။ လုံး၀လုံး၀ကောင်းတဲ့ ဇာတ်လမ်းကောင်းကြီးပါ။ Quality – 720p  WebRipDuration - 1 hr 42 minSubtitle – Myanmar HardsubFormat – Mp4Genre : Action, Adventure, HistoryTranslator – Ag Ko KhantEncoder – Littleneo
movie

Torpedo: U-235 2019